စံခ်ိန္ မွတ္တမ္းေတြနဲ႕ ထူးထူးျခားျခား ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္လွမ္းခဲ့တဲ့ ခ်ယ္ဆီး

ခ်ယ္ဆီး အသင္းဟာ ညက ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲ အိမ္ကြင္းမွာ ရီးရဲလ္မက္ဒရစ္ကို ၂-၀ နဲ႔ အႏိုင္ကစားၿပီး အသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဆီ ပို႔ေဆာင္ေပးလိုက္ပါၿပီ ျဖစ္ပါတယ္။

ဒါဟာ နည္းျပ တူခ်ယ္ အတြက္ေတာ့ မတူညီတဲ့ အသင္းႏွစ္သင္းနဲ႔ ႏွစ္ႏွစ္ဆက္တိုက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တူခ်ယ္ က တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ၿပီးေတာ့ သူ႔လက္ထက္မွာ ခ်ယ္ဆီးကို အက္ေအဖ္ဖလားဗိုလ္လုပြဲနဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ နွစ္ခုဆီကို ရာသီဝက္ ကာလအတြင္းမွာပဲ တက္ေရာက္ေစခဲ့တာပါ။

ရီးရဲလ္ကို ႏွစ္ေက်ာ့ေပါင္းရလဒ္ ၃-၁ နဲ႔ ခ်ယ္ဆီးတို႔ အႏိုင္ရရွိခဲ့ၿပီး ေနာက္ ဗို္လ္လုပြဲမွာ ျပည္တြင္းျပိဳင္ဘက္ပဲ ျဖစ္တဲ့ မန္စီးတီးနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွာ All English Final ကို ျမင္ေတြ႕ရမွာျဖစ္ၿပီး အက္ဖ္ေအဖလားမွာ မန္စီးတီးကို ပူပူေႏြးေႏြး အႏိုင္ရထားတဲ့ တူခ်ယ္ အတြက္ေတာ့ အသင္းသစ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ယုံၾကည္ခ်က္ကေတာ့ ပိုၿပီးျမင့္မားေနမွာ ေသခ်ာပါတယ္။

တူခ်ယ္ ကေတာ့ မတူညီတဲ့အသင္းႏွစ္သင္းနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ႏွစ္ႏွစ္ဆက္တက္ေရာက္ႏိုင္တဲ့ ပထမဆုံးနည္းျပအျဖစ္နဲ႔ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ခ်ယ္ဆီး အမ်ိဳးသမီး အသင္းဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ထားခဲ့လို႔ အမ်ိဳးသားအသင္းေရာ၊ အမ်ိဳးသမီးအသင္းပါ တႏွစ္တည္း အခုလိုဗို္လ္လုပြဲတက္ႏိုင္တဲ့ ပထမဆုံးအသင္းအျဖစ္ ခ်ယ္ဆီး က ထူးထူးျခားျခား မွတ္တမ္းဝင္ခဲ့ပါတယ္။

Unicode

ချယ်ဆီး အသင်းဟာ ညက ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ အနိုင်ကစားပြီး အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးလိုက်ပါပြီ ဖြစ်ပါတယ်။

ဒါဟာ နည်းပြ တူချယ် အတွက်တော့ မတူညီတဲ့ အသင်းနှစ်သင်းနဲ့ နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တူချယ် က တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီးတော့ သူ့လက်ထက်မှာ ချယ်ဆီးကို အက်အေဖ်ဖလားဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ခုဆီကို ရာသီဝက် ကာလအတွင်းမှာပဲ တက်ရောက်စေခဲ့တာပါ။

ရီးရဲလ်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၁ နဲ့ ချယ်ဆီးတို့ အနိုင်ရရှိခဲ့ပြီး နောက် ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက်ပဲ ဖြစ်တဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ All English Final ကို မြင်တွေ့ရမှာဖြစ်ပြီး အက်ဖ်အေဖလားမှာ မန်စီးတီးကို ပူပူနွေးနွေး အနိုင်ရထားတဲ့ တူချယ် အတွက်တော့ အသင်းသစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ယုံကြည်ချက်ကတော့ ပိုပြီးမြင့်မားနေမှာ သေချာပါတယ်။

တူချယ် ကတော့ မတူညီတဲ့အသင်းနှစ်သင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တက်ရောက်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ချယ်ဆီး အမျိုးသမီး အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ထားခဲ့လို့ အမျိုးသားအသင်းရော၊ အမျိုးသမီးအသင်းပါ တနှစ်တည်း အခုလိုဗိုလ်လုပွဲတက်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် ချယ်ဆီး က ထူးထူးခြားခြား မှတ်တမ်းဝင်ခဲ့ပါတယ်။