ကာရာဘောင်း ကွာတားနဲ့ ကမ္ဘာ့ဖလားဆီမီး ပွဲကြို လီဗာပူး ညနေခင်းသတင်းများ

ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ ပြဲစဥ္ကို ယွဥ္ျပိဳင္ကစားရမယ့္ လီဗာပူး လူငယ္အသင္းသားေတြက ပထမအသင္းၾကီး ဂုဏ္ယူရေအာင္ အစြမ္းျပကာ ဆီမီးဖိုင္နယ္ ၀င္ခြင့္ကို ရယူေပးနိုင္မယ္လို႔ လူငယ္ကြင္းလယ္ကစာသမား ခ်ီရီဗယ္လာက ေမွ်ာ္လင့္ထားပါတယ္။

ခရစၥမတ္ကာလမတိုင္ခင္မွာတင္ လီဗာပူးအသင္းက အမွတ္ေပးဇယားမွာ ၁၀ မွတ္အသာနဲ႕ အားလံုးကို ေက်ာ္ျဖတ္ ဦးေဆာင္ ထားနုိင္ တာေၾကာင့္ အမွတ္ေပးဖလား ခ်န္ပီယံလမ္းေၾကာင္းက ေျဖာင့္ျဖဴးေနခဲ့ျပီ ယူဆရကာ လီဗာပူးသာ လြဲေခ်ာ္မယ္ဆိုရင္ ေတာ္ေတာ္ အံ့အား သင့္စရာ ျဖစ္မယ္လို႔ ဒန္နီ မာဖီက သံုးသပ္လိုက္ပါတယ္။

လီဗာပူးအသင္းနဲ႕ ယာဂင္ကေလာ့ပ္က လက္ရွိ ကမၻာ့အေကာင္းဆံုး ျဖစ္ေကာင္း ျဖစ္နုိင္ေပမယ့္ မြန္တာေရးအသင္းက ကလပ္အသင္းမ်ား ကမၻာ့ဖလား ျပိဳင္ပြဲကို လီဗာပူးကို အနုိင္ေပးဖို႔ ၀င္ေရာက္ ယွဥ္ျပိဳင္တာ မဟုတ္ေၾကာင္း၊ ေဘာလံုးမွာ ဘာမဆို ျဖစ္လာနုိင္ေၾကာင္း မြန္တာေရး နည္းျပ အန္တိုနီယို မိုဟာမက္က ေျပာၾကားလုိက္ပါတယ္။

လီဗာပူး ကြင္းလယ္ကစားသမား ၀ိုက္နယ္ဒန္ဟာ ကာတာသို႔ လိုက္ပါသြားေပမယ့္ လီဗာပူးရဲ႕ မြန္တာေရးနဲ႕ ကမၻာ့ဖလား ဆီမီးဖိုင္နယ္ပြဲကို ပါ၀င္ကစားနုိင္မွာ မဟုတ္ေၾကာင္း ကလပ္အသင္းက အတည္ျပဳထားပါတယ္။

လီဗာပူးအသင္းဟာ ဆဲလ္ဘတ္ကစားသမား မီနာမီနိုကို ေပါင္ ၇.၅ သန္းနဲ႕ ၀ယ္ယူလိုက္တာက စြန္႔စားတာ မဟုတ္ဘဲ ေစ်းတန္တန္နဲ႕ ကို ၀ယ္ယူတဲ့ ေခၚယူမႈေကာင္း ျဖစ္ေၾကာင္း လီဗာပူး ဂႏၱ၀င္ စတိဗ္ နစ္ကိုးလ္က ေထာက္ခံ လိုက္ပါတယ္။

ကလပ္အသင္းမ်ား ကမၻာ့ဖလား ျပိဳင္ပြဲသို႔ ပထမအသင္းၾကီးမွ အသင္းသားအစံုနဲ႕ ေရာက္လာခဲ့ေသာ္လည္း လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ ကေတာ့ ၄င္းကလပ္အသင္းဟာ ဒီျပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆံုး ျဖစ္တယ္ဆိုတဲ့ မွတ္ခ်က္မ်ားကို ျငင္းဆန္ခဲ့ပါတယ္။

Unicode – ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမယ့် လီဗာပူး လူငယ်အသင်းသားတွေက ပထမအသင်းကြီး ဂုဏ်ယူရအောင် အစွမ်းပြကာ ဆီမီးဖိုင်နယ် ဝင်ခွင့်ကို ရယူပေးနိုင်မယ်လို့ လူငယ်ကွင်းလယ်ကစာသမား ချီရီဗယ်လာက မျှော်လင့်ထားပါတယ်။

ခရစ္စမတ်ကာလမတိုင်ခင်မှာတင် လီဗာပူးအသင်းက အမှတ်ပေးဇယားမှာ ၁၀ မှတ်အသာနဲ့ အားလုံးကို ကျော်ဖြတ် ဦးဆောင် ထားနိုင် တာကြောင့် အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းက ဖြောင့်ဖြူးနေခဲ့ပြီ ယူဆရကာ လီဗာပူးသာ လွဲချော်မယ်ဆိုရင် တော်တော် အံ့အား သင့်စရာ ဖြစ်မယ်လို့ ဒန်နီ မာဖီက သုံးသပ်လိုက်ပါတယ်။

လီဗာပူးအသင်းနဲ့ ယာဂင်ကလော့ပ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် မွန်တာရေးအသင်းက ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လီဗာပူးကို အနိုင်ပေးဖို့ ဝင်ရောက် ယှဉ်ပြိုင်တာ မဟုတ်ကြောင်း၊ ဘောလုံးမှာ ဘာမဆို ဖြစ်လာနိုင်ကြောင်း မွန်တာရေး နည်းပြ အန်တိုနီယို မိုဟာမက်က ပြောကြားလိုက်ပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား ဝိုက်နယ်ဒန်ဟာ ကာတာသို့ လိုက်ပါသွားပေမယ့် လီဗာပူးရဲ့ မွန်တာရေးနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်း ကလပ်အသင်းက အတည်ပြုထားပါတယ်။

လီဗာပူးအသင်းဟာ ဆဲလ်ဘတ်ကစားသမား မီနာမီနိုကို ပေါင် ၇.၅ သန်းနဲ့ ဝယ်ယူလိုက်တာက စွန့်စားတာ မဟုတ်ဘဲ ဈေးတန်တန်နဲ့ ကို ဝယ်ယူတဲ့ ခေါ်ယူမှုကောင်း ဖြစ်ကြောင်း လီဗာပူး ဂန္တဝင် စတိဗ် နစ်ကိုးလ်က ထောက်ခံ လိုက်ပါတယ်။

ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ပထမအသင်းကြီးမှ အသင်းသားအစုံနဲ့ ရောက်လာခဲ့သော်လည်း လီဗာပူးနည်းပြ ယာဂင်ကလော့ပ် ကတော့ ၎င်းကလပ်အသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်တယ်ဆိုတဲ့ မှတ်ချက်များကို ငြင်းဆန်ခဲ့ပါတယ်။