ပစ်မှတ် ၃၆ ဦး၊ ဘာစီလိုနာသို့ ပြန်လိုတဲ့ ပက်ဒရိုနဲ့ ချယ်ဆီး ညနေခင်းသတင်းများ





အပြောင်းအရွှေ့ပိတ် ပြစ်ဒဏ်က ပယ်ဖျက်ခံရပြီး ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းထွက်နေတဲ့ ကစားသမား ၃၆ ဦးထိ ရှိလာပြီ ဖြစ်တယ်လို့ ဒေသခံသတင်းများမှာ ဖော်ပြထားပါတယ်။

ရာသီကုန်ရင် ချယ်ဆီးအသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့ တောင်ပံတိုက်စစ်သမား ပက်ဒရိုက ၄င်းရဲ့ ကလပ်အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည် သွားရောက် ကစားလိုကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဖရန့်လမ်းပတ်ဟာ ဘိုင်ယန်လီဗာကူဆင် တောင်ပံကစားသမား လီယွန်ဘိုင်လေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြလာပါတယ်။

အသက် ၂၂ နှစ် အရွယ် လူငယ်လေးက ချယ်ဆီးအသင်း ရေဒါထဲမှာ ရှိနေတာ နှစ်အနည်းငယ်ကြာပြီ ဖြစ်ကာ ဘိုင်လေက ဒီရာသီ ဘွန်ဒစ်လီဂါပွဲ ၈ ပွဲကစားထားရာမှာ ၃ ဂိုး သွင်းထားပါတယ်။

ချယ်ဆီးအသင်းရဲ့ တိုက်စစ်ပစ်မှတ်တွေထဲမှာ လိုင်ယွန်မှ မိုဆာ ဒမ်ဘီလီ၊ ဗီလာရီးရဲလ်မှ ချီကူဝီဇီတို့ အပြင် ဇာဟာနဲ့ တီမိုဝါနာတို့လို့ တိုက်စစ်သမားတွေလည်း ပါဝင်နေပါတယ်။

ချယ်ဆီး အမျိုးသမီးအသင်း နည်းပြ အီမာဟေးရက်စ်က လီဗာပူးအသင်းရဲ့ ပရန်တန်ပါ့ခ် ကွင်းဟာ သူတို့ကလပ်အသင်းအတွက် အစွန်းအထင်း တစ်ခုသာသာပဲ ဖြစ်ကြောင်း ပြောဆိုခဲ့တဲ့ အပေါ် ပြန်လည် တောင်းပန်မှု ပြုသွားပါတယ်။

အပြောင်းအရွှေ့ပိတ် ပြစ်ဒဏ်က ပယ်ဖျက်ခံရပြီး ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာ ခေါ်ယူဖိ့ု ကြိုးစားနေကြောင်း သတင်းထွက်နေတဲ့ ကစားသမား ၃၆ ဦးထိ ရှိလာပြီ ဖြစ်တယ်လို့ ဒေသခံသတင်းများမှာ ဖော်ပြထားပါတယ်။

ရာသီကုန်ရင် ချယ်ဆီးအသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့ တောင်ပံတိုက်စစ်သမား ပက်ဒရိုက ၎င်းရဲ့ ကလပ်အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည် သွားရောက် ကစားလိုကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။