ပဲလေ့စ်၊ စပါးတို့ကို ဖြုတ်ချလာပြီးနောက် ယူနိုက်တက်ကို ယှဉ်တော့မယ့် ကိုချက်စတာ

မန္ခ်က္စတာယူနိုက္တက္ဟာ ဒီတပတ္ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ ပြဲစဥ္ အေနနဲ႕ လိဂ္တူးကလပ္ ကိုခ်က္စတာယူနိုက္တက္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရေတာ့မွာပါ။

ဂၽြန္ မက္ဂေရး နည္းျပေနတဲ့ ကိုခ်က္စတာက ကာရာေဘာင္းဖလား ဒုတိယအဆင့္မွာ ခရစၥတယ္ပဲေလ့စ္ကို ျဖဳတ္ခ်ခဲ့သလို တတိယ အဆင့္မွာလည္း စပါးကို ေက်ာ္ျဖတ္ကာ ဒီအဆင့္သို႔ ေရာက္လာတာ ျဖစ္ပါတယ္။ ဒီေန႔ညမွာေတာ့ အိုးထရက္ဖို႔ဒ္သို႔ ပထမဆံုး အၾကိမ္ လာေရာက္ ကစားရမွာ ျဖစ္ပါတယ္။

” ဒီနွစ္ကေတာ့ ကစားသမားေတြ၊ ပရိသတ္ေတြနဲ႕ ကလပ္အသင္းအတြက္ အံ့ၾသစရာ ကာလပါပဲ။ သူတို႔နဲ႕ ထိုက္လည္း ထိုက္တန္ပါတယ္။ လာမယ့္ ပြဲစဥ္ကလည္း ေပ်ာ္ရႊင္ တက္ၾကြစြာ သြားေရာက္ ကစားရမယ့္ အခြင့္အေရးပါ။ သနားစရာ ယုန္သူငယ္လို အဲဒီမွာ သြားေရာက္ ျပဳမူဖို႔ မဟုတ္ဘူး။ ”

” ပြဲကုိ ေပ်ာ္ရႊင္စြာ ကစားခ်င္သလို ကိုယ့္ကိုယ္ကိုု အတြက္လည္း အေနအထားေကာင္းေတြ ေပးခ်င္တယ္။ ဒါက ကိစၥၾကီးပဲ။ ဒီပြဲက က်ေနာ္တို႔ အသင္းအတြက္ ပရိသတ္အမ်ားဆံုး ေရွ႕မွာ ပထမဆံုး ကစားဖူးတာ ျဖစ္ပါလိမ့္မယ္။ ဒီပြဲက ကစားသမားေတြ အတြက္ေရာ ပရိသတ္ေတြ အတြက္ပါ တကယ့္ ပြဲၾကီးပါ။ ” လို႔ ကိုခ်က္စတာယူနိုက္တက္ နည္းျပ ျဖစ္သူက ေျပာဆိုထားပါတယ္။

ယူနိုက္တက္ဘက္မွာေတာ့ ဆိုးရွားနဲ႕ အသင္းသားေတြဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ကစားထားတဲ့ ၅ ပြဲလံုး ရွံဳးပြဲ မရွိဘဲ ဆုဖလားအခြင့္အေရး အတြက္ ကာရာေဘာင္းဖလား ပြဲကို အေလးအနက္ထား ကစားသြားဖြယ္ ရွိေနပါတယ္။

” ခ်ယ္ဆီးနဲ႕ ကစားသြားတဲ့ ပြဲမွာတည္းက ဒီျပိဳင္ပြဲကို က်ေနာ္တို႔ အေလးအနက္ထားတယ္ဆိုတာ ျပသခဲ့ျပီး ျဖစ္တယ္ ထင္ပါတယ္။ လိဂ္မွာ ခက္ခဲတဲ့ အေနအထား ရွိေပမယ့္ ဒီပြဲမွာ အခြင့္အေရးေတြ ဖန္တီးျပီး အရွိန္ေကာင္း ရထားဖို႔ ယံုၾကည္မႈေတြ ဆက္ထိန္းဖို႔က အေရးၾကီးတယ္။ က််ေနာ္တို႔ ဖိုင္နယ္ထိ အေရာက္သြားနုိင္မယ္ ေမွ်ာ္လင့္တယ္။ ” လို႔ ဆိုးရွားက ဆိုပါတယ္။

ယူနိုက္တက္နဲ႕ ကိုခ်က္စတာတို႔ရဲ႕ ကာရာေဘာင္းကြာတားဖိုင္နယ္ ပြဲစဥ္ကေတာ့ ယေန႔ည (ၾကာသပေတးေန႔မနက္) ျမန္မာစံေတာ္ခ်ိန္ ၂း၃၀ နာရီ ျဖစ္ပါတယ္။

Unicode – မန်ချက်စတာယူနိုက်တက်ဟာ ဒီတပတ် ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ် အနေနဲ့ လိဂ်တူးကလပ် ကိုချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရတော့မှာပါ။

ဂျွန် မက်ဂရေး နည်းပြနေတဲ့ ကိုချက်စတာက ကာရာဘောင်းဖလား ဒုတိယအဆင့်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဖြုတ်ချခဲ့သလို တတိယ အဆင့်မှာလည်း စပါးကို ကျော်ဖြတ်ကာ ဒီအဆင့်သို့ ရောက်လာတာ ဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ အိုးထရက်ဖို့ဒ်သို့ ပထမဆုံး အကြိမ် လာရောက် ကစားရမှာ ဖြစ်ပါတယ်။

” ဒီနှစ်ကတော့ ကစားသမားတွေ၊ ပရိသတ်တွေနဲ့ ကလပ်အသင်းအတွက် အံ့သြစရာ ကာလပါပဲ။ သူတို့နဲ့ ထိုက်လည်း ထိုက်တန်ပါတယ်။ လာမယ့် ပွဲစဉ်ကလည်း ပျော်ရွှင် တက်ကြွစွာ သွားရောက် ကစားရမယ့် အခွင့်အရေးပါ။ သနားစရာ ယုန်သူငယ်လို အဲဒီမှာ သွားရောက် ပြုမူဖို့ မဟုတ်ဘူး။ ”

” ပွဲကို ပျော်ရွှင်စွာ ကစားချင်သလို ကိုယ့်ကိုယ်ကို အတွက်လည်း အနေအထားကောင်းတွေ ပေးချင်တယ်။ ဒါက ကိစ္စကြီးပဲ။ ဒီပွဲက ကျနော်တို့ အသင်းအတွက် ပရိသတ်အများဆုံး ရှေ့မှာ ပထမဆုံး ကစားဖူးတာ ဖြစ်ပါလိမ့်မယ်။ ဒီပွဲက ကစားသမားတွေ အတွက်ရော ပရိသတ်တွေ အတွက်ပါ တကယ့် ပွဲကြီးပါ။ ” လို့ ကိုချက်စတာယူနိုက်တက် နည်းပြ ဖြစ်သူက ပြောဆိုထားပါတယ်။

ယူနိုက်တက်ဘက်မှာတော့ ဆိုးရှားနဲ့ အသင်းသားတွေဟာ ပြိုင်ပွဲစုံ နောက်ဆုံး ကစားထားတဲ့ ၅ ပွဲလုံး ရှုံးပွဲ မရှိဘဲ ဆုဖလားအခွင့်အရေး အတွက် ကာရာဘောင်းဖလား ပွဲကို အလေးအနက်ထား ကစားသွားဖွယ် ရှိနေပါတယ်။

” ချယ်ဆီးနဲ့ ကစားသွားတဲ့ ပွဲမှာတည်းက ဒီပြိုင်ပွဲကို ကျနော်တို့ အလေးအနက်ထားတယ်ဆိုတာ ပြသခဲ့ပြီး ဖြစ်တယ် ထင်ပါတယ်။ လိဂ်မှာ ခက်ခဲတဲ့ အနေအထား ရှိပေမယ့် ဒီပွဲမှာ အခွင့်အရေးတွေ ဖန်တီးပြီး အရှိန်ကောင်း ရထားဖို့ ယုံကြည်မှုတွေ ဆက်ထိန်းဖို့က အရေးကြီးတယ်။ ကျျနော်တို့ ဖိုင်နယ်ထိ အရောက်သွားနိုင်မယ် မျှော်လင့်တယ်။ ” လို့ ဆိုးရှားက ဆိုပါတယ်။

ယူနိုက်တက်နဲ့ ကိုချက်စတာတို့ရဲ့ ကာရာဘောင်းကွာတားဖိုင်နယ် ပွဲစဉ်ကတော့ ယနေ့ည (ကြာသပတေးနေ့မနက်) မြန်မာစံတော်ချိန် ၂း၃၀ နာရီ ဖြစ်ပါတယ်။