ချယ်ဆီး အပါအဝင် ကြီး ၆ ကြီးကို အမှတ်လျော့ ပြစ်ဒဏ် ချဖို့ ပရီးမီးယားလိဂ်အား တောင်းဆိုနေကြ

စူပါလိဂ် ပြိုင်ပွဲမှာ စတင် တည်ထောင်လိုတဲ့ အသင်းတွေထဲ ပါဝင်ခဲ့တဲ့ အင်္ဂလိပ် ကလပ် ကြီး ၆ ကြီး အသင်းတွေကို အမှတ်လျှော့ ပြစ်ဒဏ်ပေး လိုက်ဖို့ ဒေါသထွက်နေတဲ့ ဘောလုံး ပရိသတ်တွေက ပရီးမီးယားလိဂ်အား ဖိအားပေး တောင်းဆိုနေကြပါတယ်။

ချယ်ဆီး အပါအဝင် ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးနဲ့ တော့တင်ဟမ်တို့ဟာ ဥရောပ စူပါလိဂ်မှာ ဖောင်ဒါအသင်း ၁၂ သင်းထဲ ပါဝင်ခဲ့ပေမယ့် ဖီဖာ၊ ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ်တို့ရဲ့ပြင်းထန်တဲ့ဖိအားပေးမှု၊ ပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် ၂ ရက် အကြာမှာပဲ နုတ်ထွက်ခဲ့ရပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးလ်က စူပါလိဂ်နဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သလို ပါဝင်ခဲ့တဲ့ကလပ်တွေကို သူတို့ရဲ့ ပြစ်မှုမြောက်တဲ့အပြုအမူတွေအတွက် အမှတ်လျှော့ ပြစ်ဒဏ်ပေးဖို့ တောင်းဆိုထားပြီးဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ပရီးမီးယားလိဂ် ကြီး ၆ကြီးကို အမှတ်လျှော့နဲ့ ကြီးလေးတဲ့ ဒဏ်ငွေပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ တွစ်တာကနေ တောင်းဆိုခဲ့ကြပါတယ်။

” ပရီးမီးယားလိဂ်အနေနဲ့ ကြီး ၆ကြီးကို အမှတ်လျှော့ ပြစ်ဒဏ်ချမှတ်သင့်ပါတယ်။ ဒါမှ နောက်ရာသီ ချန်ပီယံလိဂ်မှာ လက်စတာ၊ အဲဗာတန်နဲ့ လိဒ်ယူနိုက်တက်တို့ ကစားခွင့်ရမှာလေ။ အဲဒီအသင်းကြီးပိုင်ရှင်တွေက ထိခိုက်နာကျင်သင့်ပါတယ်။ ” လို့ ပရိသတ်တစ်ဦးက တောင်းဆိုခဲ့ပါတယ်။

လီဗာပူး နည်းပြ ကလော့ပ်ကတော့ ဘာမှဖြစ်မသွားတဲ့ ကိစ္စ အတွက် ကလပ်အသင်းတွေ ပြစ်ဒဏ်ပေး မခံရသင့်ဘူးလို့ မှတ်ချက်ပြု ငြင်းဆန်ထားပါတယ်။

Zawgyi

စူပါလိဂ္ ျပိဳင္ပြဲမွာ စတင္ တည္ေထာင္လိုတဲ့ အသင္းေတြထဲ ပါ၀င္ခဲ့တဲ့ အဂၤလိပ္ ကလပ္ ၾကီး ၆ ၾကီး အသင္းေတြကို အမွတ္ေလွ်ာ့ ျပစ္ဒဏ္ေပး လိုက္ဖို႔ ေဒါသထြက္ေနတဲ့ ေဘာလံုး ပရိသတ္ေတြက ပရီးမီးယားလိဂ္အား ဖိအားေပး ေတာင္းဆိုေနၾကပါတယ္။

ခ်ယ္ဆီး အပါအ၀င္ ယူႏိုက္တက္၊ အာဆင္နယ္၊ လီဗာပူး၊ မန္စီးတီးနဲ႔ ေတာ့တင္ဟမ္တို႔ဟာ ဥေရာပ စူပါလိဂ္မွာ ေဖာင္ဒါအသင္း ၁၂ သင္းထဲ ပါဝင္ခဲ့ေပမယ့္ ဖီဖာ၊ ယူအီးအက္ဖ္ေအနဲ႔ ပရီးမီးယားလိဂ္တို႔ရဲ႕ျပင္းထန္တဲ့ဖိအားေပးမႈ၊ ပရိသတ္ေတြရဲ႕ ကန႔္ကြက္မႈေတြေၾကာင့္ ၂ ရက္ အၾကာမွာပဲ ႏုတ္ထြက္ခဲ့ရပါတယ္။

ယူႏိုက္တက္ ကစားသမားေဟာင္း ဂယ္ရီနဗီးလ္က စူပါလိဂ္နဲ႔ပတ္သက္လို႔ ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့သလို ပါဝင္ခဲ့တဲ့ကလပ္ေတြကို သူတို႔ရဲ႕ ျပစ္မႈေျမာက္တဲ့အျပဳအမူေတြအတြက္ အမွတ္ေလွ်ာ့ ျပစ္ဒဏ္ေပးဖို႔ ေတာင္းဆိုထားၿပီးျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ပရီးမီးယားလိဂ္ ႀကီး ၆ႀကီးကို အမွတ္ေလွ်ာ့နဲ႔ ႀကီးေလးတဲ့ ဒဏ္ေငြျပစ္ဒဏ္ေတြ ခ်မွတ္ေပးဖို႔ တြစ္တာကေန ေတာင္းဆိုခဲ့ၾကပါတယ္။

” ပရီးမီးယားလိဂ္အေနနဲ႔ ႀကီး ၆ႀကီးကို အမွတ္ေလွ်ာ့ ျပစ္ဒဏ္ခ်မွတ္သင့္ပါတယ္။ ဒါမွ ေနာက္ရာသီ ခ်န္ပီယံလိဂ္မွာ လက္စတာ၊ အဲဗာတန္နဲ႔ လိဒ္ယူႏိုက္တက္တို႔ ကစားခြင့္ရမွာေလ။ အဲဒီအသင္းၾကီးပိုင္ရွင္ေတြက ထိခိုက္နာက်င္သင့္ပါတယ္။ ” လို႔ ပရိသတ္တစ္ဦးက ေတာင္းဆိုခဲ့ပါတယ္။

လီဗာပူး နည္းျပ ကေလာ့ပ္ကေတာ့ ဘာမွျဖစ္မသြားတဲ့ ကိစၥ အတြက္ ကလပ္အသင္းေတြ ျပစ္ဒဏ္ေပး မခံရသင့္ဘူးလို႕ မွတ္ခ်က္ျပဳ ျငင္းဆန္ထားပါတယ္။