အသင်းဟောင်း ဖြစ်ပေမယ့် ဆီမီးဒုကျော့မှာ ချယ်ဆီး ကို အနိုင်ကစားမယ်လို့ ဆိုလိုက်တဲ့ အီဒင် ဟာဇက်

အင်္ဂါနေ့ည က ကစားခဲတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲမှာ ရီးရဲလ်မက်ဒရစ်က ချယ်ဆီး အသင်းနဲ့ ၁-၁ သရေကျအပြီးတွင် အီဒင်ဟာဇက်က မိမိတို့အသင်း ဒုကျော့ ပွဲမှာ အနိုင်ရဖို့ ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောပါတယ်။

တိုက်စစ်မှူး ဘန်ဇီးမားက အိမ်ရှင် ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုး မသွင်းမီ ခရစ္စတီယန် ပူလီဆစ်က စောစီးစွာ အင်္ဂလန်ကလပ်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာကနေ သက်သာလာတာ မကြာသေးတဲ့ ဟာဇက်က အသင်းဟောင်း ချယ်ဆီးနဲ့ ပြန်တွေ့တဲ့ ပွဲမှာ အရန်ခုံကနေ ထလာကာ ဝင်ကစားခဲ့ပါတယ်။ အိမ်ကွင်း သရေကျခဲ့တာကြောင့် ရီးရဲလ်ဟာ ဒုကျော့တွင် ဂိုးသွင်းယူနိုင်ဖို့လိုအပ်နေပြီး အနိုင်ရမှသာ ဖိုင်နယ်သို့ တက်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ဟာဇက်က – “ရလဒ်က ကောင်းချင်လည်း ကောင်းနိုင်သလို ဆိုးချင်လည်း ဆိုးသွားနိုင်တယ် ကျွန်တော်တို့ အနိုင်ရဖို့ ရှာဖွေသွားမှာပါ။

ကျွန်တော် အခုမှ တဆင့်ချင်း သွားနေတာပါ။ သေချာတာပေါ့ဗျာ ကျွန်တော်ကစားချင်တယ် ကွင်းထဲမှာ ရှိချင်ပါတယ်။ အရင်ကထက် ဒီနေ့မှာ ကျွန်တော်ပိုပြီး ကစားနိုင်ခဲ့တယ် ကျွန်တော်တို့ ရာသီမကုန်ခင် ပွဲတွေ ရှိသေးတယ် ကျွန်တော် အဆင့်သင့် ဖြစ်ချင်တယ် ပြန်လည် ပါဝင်ကစားရတဲ့အတွက် ပျော်ရပါတယ်။

သူငယ်ချင်းတွေနဲ့ ပြန်ကစားရတဲ့အခါတိုင်းက အမြဲတမ်းကို ကောင်းပါတယ် အခုတော့ ကျွန်တော် ရီးရဲလ်မက်ဒရစ် ကစားသမားတစ်ဦး ဖြစ်နေပါပြီ ဒါကြောင့် ကျွန်တော် အနိုင်ရချင်ပါတယ်။” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi

အဂၤါေန႔ည က ကစားခဲတဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ ပြဲမွာ ရီးရဲလ္မက္ဒရစ္က ခ်ယ္ဆီး အသင္းနဲ႔ ၁-၁ သေရက်အၿပီးတြင္ အီဒင္ဟာဇက္က မိမိတို႔အသင္း ဒုေက်ာ့ ပြဲမွာ အႏိုင္ရဖို႔ ႀကိဳးစားသြားမယ္လို႔ ထုတ္ေဖာ္ ေျပာပါတယ္။

တိုက္စစ္မႉး ဘန္ဇီးမားက အိမ္ရွင္ ရီးရဲလ္မက္ဒရစ္အတြက္ ေခ်ပဂိုး မသြင္းမီ ခရစၥတီယန္ ပူလီဆစ္က ေစာစီးစြာ အဂၤလန္ကလပ္အတြက္ ဦးေဆာင္ဂိုး သြင္းယူခဲ့တာ ျဖစ္ပါတယ္။

ဒဏ္ရာကေန သက္သာလာတာ မၾကာေသးတဲ့ ဟာဇက္က အသင္းေဟာင္း ခ်ယ္ဆီးနဲ႔ ျပန္ေတြ႔တဲ့ ပြဲမွာ အရန္ခုံကေန ထလာကာ ဝင္ကစားခဲ့ပါတယ္။ အိမ္ကြင္း သေရက်ခဲ့တာေၾကာင့္ ရီးရဲလ္ဟာ ဒုေက်ာ့တြင္ ဂိုးသြင္းယူႏိုင္ဖို႔လိုအပ္ေနၿပီး အႏိုင္ရမွသာ ဖိုင္နယ္သို႔ တက္ႏိုင္မယ့္ အခြင့္အေရး ရွိေနပါတယ္။

ပြဲအၿပီး အင္တာဗ်ဴးမွာ ဟာဇက္က – “ရလဒ္က ေကာင္းခ်င္လည္း ေကာင္းႏိုင္သလို ဆိုးခ်င္လည္း ဆိုးသြားႏိုင္တယ္ ကြၽန္ေတာ္တို႔ အႏိုင္ရဖို႔ ရွာေဖြသြားမွာပါ။

ကြၽန္ေတာ္ အခုမွ တဆင့္ခ်င္း သြားေနတာပါ။ ေသခ်ာတာေပါ့ဗ်ာ ကြၽန္ေတာ္ကစားခ်င္တယ္ ကြင္းထဲမွာ ရွိခ်င္ပါတယ္။ အရင္ကထက္ ဒီေန႔မွာ ကြၽန္ေတာ္ပိုၿပီး ကစားႏိုင္ခဲ့တယ္ ကြၽန္ေတာ္တို႔ ရာသီမကုန္ခင္ ပြဲေတြ ရွိေသးတယ္ ကြၽန္ေတာ္ အဆင့္သင့္ ျဖစ္ခ်င္တယ္ ျပန္လည္ ပါဝင္ကစားရတဲ့အတြက္ ေပ်ာ္ရပါတယ္။

သူငယ္ခ်င္းေတြနဲ႔ ျပန္ကစားရတဲ့အခါတိုင္းက အၿမဲတမ္းကို ေကာင္းပါတယ္ အခုေတာ့ ကြၽန္ေတာ္ ရီးရဲလ္မက္ဒရစ္ ကစားသမားတစ္ဦး ျဖစ္ေနပါၿပီ ဒါေၾကာင့္ ကြၽန္ေတာ္ အႏိုင္ရခ်င္ပါတယ္။” လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။