ခ်ယ္ဆီး ဒီနွစ္ ခ်န္ပီယံလိဂ္ ဗိုလ္စြဲခ်ိန္ တန္ျပီ ယံုၾကည္ေနတဲ့ နည္းျပတူခ်ယ္

ခ်ယ္ဆီးအသင္း နည္းျပ တူခ်ယ္က သူရဲ႕အသင္း ယခုႏွစ္အတြင္း ခ်န္ပီယံလိဂ္ ဆြတ္ခူးႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။ ေပၚတိုအသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပေက်ာ့တြင္ ျခေသၤျပာေတြဟာ ၂ဂိုးျပတ္ အႏိုင္ကစားထားၿပီး ဆီမီးတက္ဖို႔ အေျခအေန ေကာင္းေနပါတယ္။

ခ်ယ္ဆီးက ခ်န္ပီယံလိဂ္တြင္ ေရပန္းစားေသာ အသင္းမဟုတ္ေပမယ့္ ဆုဖလားရဖို႔သာ စဥ္းစားထားတယ္လို႔ ဂ်ာမန္သား နည္းျပက ေျပာပါတယ္။

တူခ်ယ္က ” ကြၽန္ေတာ္ ဒီကို ဆုဖလားေတြ ဆြတ္ခူးဖို႔ ေရာက္လာတာပါ။ ႏိုင္ပြဲေတြရဖို႔ ဒီကို လာတာပါ။ ဒါက ကြၽန္ေတာ္ကိုယ္ကြၽန္ေတာ္ ေတာင္းဆိုတဲ့ အရာပါဘဲ။ အခ်ိန္က်ေရာက္ပါၿပီ အ႐ိုးသားေျပာရရင္ ဒါနဲ႔ပက္သက္ၿပီး ကြၽန္ေတာ္တို႔ နာရီေပါင္းမ်ားစြာ ၾကပါမယ္။ မနက္ျဖန္မွာ ပြဲကစားဖို႔ရွိတယ္ လာမယ့္ပြဲထက္ ပိုၿပီး ခက္ခဲတဲ့ ပြဲေတြ မရွိပါဘူး”လို႔ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ဆိုပါတယ္။

သူလိုပဲ ကလပ္အသင္းႏွင့္ ကစားသမားေတြဟာလည္း ဆုဖလားအတြက္ ေအာင္ျမင္မႈ ဆာေလာင္ေနတာက ထပ္တူက်မယ္လို႔ ဂ်ာမန္သား တူခ်ယ္က ယုံၾကည္မႈအျပည့္ ရွိေနပါတယ္။

“ဆီမီးဖိုင္နယ္ကို မတက္ခ်င္တဲ့ အသင္းကို သင္ ရွာေတြ႕ႏိုင္မွာ မဟုတ္ပါဘူး ဒါက ပုန္းကြယ္ထားစရာ မရွိပါဘူး ဒီအသင္းရဲ႕ ထုံးတမ္း အစဥ္လာႏွင့္ ဖြဲ႕စည္းပုံက ပြဲေတြကို အႏိုင္ယူၿပီး ဆုဖလားေတြ ရယူဖို႔ပါ။ ခ်ယ္ဆီးအသင္းမွာ ေအာင္ျမင္မႈ ရဖို႔အတြက္ စိတ္ဓာတ္ပိုင္းႏွင့္ သမိုင္း အစဥ္အလာ ရွိထားပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

Unicode

ချယ်ဆီးအသင်း နည်းပြ တူချယ်က သူရဲ့အသင်း ယခုနှစ်အတွင်း ချန်ပီယံလိဂ် ဆွတ်ခူးနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့တွင် ခြင်္သေပြာတွေဟာ ၂ဂိုးပြတ် အနိုင်ကစားထားပြီး ဆီမီးတက်ဖို့ အခြေအနေ ကောင်းနေပါတယ်။

ချယ်ဆီးက ချန်ပီယံလိဂ်တွင် ရေပန်းစားသော အသင်းမဟုတ်ပေမယ့် ဆုဖလားရဖို့သာ စဉ်းစားထားတယ်လို့ ဂျာမန်သား နည်းပြက ပြောပါတယ်။

တူချယ်က ” ကျွန်တော် ဒီကို ဆုဖလားတွေ ဆွတ်ခူးဖို့ ရောက်လာတာပါ။ နိုင်ပွဲတွေရဖို့ ဒီကို လာတာပါ။ ဒါက ကျွန်တော်ကိုယ်ကျွန်တော် တောင်းဆိုတဲ့ အရာပါဘဲ။ အချိန်ကျရောက်ပါပြီ အရိုးသားပြောရရင် ဒါနဲ့ပက်သက်ပြီး ကျွန်တော်တို့ နာရီပေါင်းများစွာ ကြပါမယ်။ မနက်ဖြန်မှာ ပွဲကစားဖို့ရှိတယ် လာမယ့်ပွဲထက် ပိုပြီး ခက်ခဲတဲ့ ပွဲတွေ မရှိပါဘူး”လို့ ပွဲကြို ရှင်းလင်းပွဲမှာ ဆိုပါတယ်။

သူလိုပဲ ကလပ်အသင်းနှင့် ကစားသမားတွေဟာလည်း ဆုဖလားအတွက် အောင်မြင်မှု ဆာလောင်နေတာက ထပ်တူကျမယ်လို့ ဂျာမန်သား တူချယ်က ယုံကြည်မှုအပြည့် ရှိနေပါတယ်။

“ဆီမီးဖိုင်နယ်ကို မတက်ချင်တဲ့ အသင်းကို သင် ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး ဒါက ပုန်းကွယ်ထားစရာ မရှိပါဘူး ဒီအသင်းရဲ့ ထုံးတမ်း အစဉ်လာနှင့် ဖွဲ့စည်းပုံက ပွဲတွေကို အနိုင်ယူပြီး ဆုဖလားတွေ ရယူဖို့ပါ။ ချယ်ဆီးအသင်းမှာ အောင်မြင်မှု ရဖို့အတွက် စိတ်ဓာတ်ပိုင်းနှင့် သမိုင်း အစဉ်အလာ ရှိထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။