လမ္းပတ္နဲ႕ တယ္ရီတို႔ စံခ်ိန္ေတြကို လိုက္မွီခဲ့တဲ့ ခ်ယ္ဆီးအသင္းသား ေမာင့္နဲ႕ ခ်ီ၀ဲလ္

ခ်ယ္ဆီး ကြင္းလယ္တိုက္စစ္သမား ေမဆင္ေမာင့္နဲ႔ ဘယ္ေနာက္ခံလူ ဘန္ခ်ီဝဲလ္တို႔ဟာ ယမန္ေန႔ညက ေပၚတိုကို ဝ-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသီးသီး ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အသင္း ဂႏၴဝင္ႀကီးေတြျဖစ္တဲ့ ဖရန႔္လမ္းပတ္နဲ႔ ဂြၽန္တယ္ရီတို႔ရဲ႕ မွတ္တမ္းကို လိုက္မီႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ေမဆင္ေမာင့္ဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံး ခ်ယ္ဆီး ကစားသမားအျဖစ္ ၂၂ႏွစ္၊ ၈၇ ရက္နဲ႔ စံခ်ိန္သစ္တင္ႏိုင္ခဲ့သလို လက္ရွိနည္းျပ ေသာမတ္စ္တူခ်ယ္လက္ထက္ ဂိုးသြင္း အမ်ားဆုံး ကစားသမားအျဖစ္ ၅ဂိုးနဲ႔ ရပ္တည္ေနပါတယ္။

ခ်ီဝဲလ္က ဒုတိယပိုင္းမွာ အဆုံးသတ္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးလည္း ၂၀၀၄ ခုႏွစ္က နည္းျပေဟာင္း ရာနီေရရီလက္ထက္ေနာက္ပိုင္း ပထမဆုံး အႀကိမ္ အျဖစ္ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ အေဝးကြင္း ၂ပြဲဆက္အႏိုင္ရခဲ့ပါတယ္။

ေမဆင္ေမာင့္နဲ႔ ခ်ီဝဲလ္တို႔ဟာ ၂၀၁၂ ခုႏွစ္က နာပိုလီနဲ႔ပြဲမွာ လမ္းပတ္နဲ႔ တယ္ရီတို႔ ဂိုးသြင္းယူႏိုင္ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္မွာ ခ်ဲလ္ဆီးအတြက္ တစ္ပြဲတည္းဂိုးသြင္းႏိုင္တဲ့ အဂၤလိပ္ ကစားသမားေတြအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အဲဒီတုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘိုင္ယန္ကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

Unicode

ချယ်ဆီး ကွင်းလယ်တိုက်စစ်သမား မေဆင်မောင့်နဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်တို့ဟာ ယမန်နေ့ညက ပေါ်တိုကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသီးသီး ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်း ဂန္ထဝင်ကြီးတွေဖြစ်တဲ့ ဖရန့်လမ်းပတ်နဲ့ ဂျွန်တယ်ရီတို့ရဲ့ မှတ်တမ်းကို လိုက်မီနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မေဆင်မောင့်ဟာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ချယ်ဆီး ကစားသမားအဖြစ် ၂၂နှစ်၊ ၈၇ ရက်နဲ့ စံချိန်သစ်တင်နိုင်ခဲ့သလို လက်ရှိနည်းပြ သောမတ်စ်တူချယ်လက်ထက် ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ၅ဂိုးနဲ့ ရပ်တည်နေပါတယ်။

ချီဝဲလ်က ဒုတိယပိုင်းမှာ အဆုံးသတ် ဂိုးသွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီးလည်း ၂၀၀၄ ခုနှစ်က နည်းပြဟောင်း ရာနီရေရီလက်ထက်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အဝေးကွင်း ၂ပွဲဆက်အနိုင်ရခဲ့ပါတယ်။

မေဆင်မောင့်နဲ့ ချီဝဲလ်တို့ဟာ ၂၀၁၂ ခုနှစ်က နာပိုလီနဲ့ပွဲမှာ လမ်းပတ်နဲ့ တယ်ရီတို့ ဂိုးသွင်းယူနိုင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ချဲလ်ဆီးအတွက် တစ်ပွဲတည်းဂိုးသွင်းနိုင်တဲ့ အင်္ဂလိပ် ကစားသမားတွေအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အဲဒီတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။