ပထမဆုံး ကြုံရတဲ့ ချယ်ဆီးနဲ့ ရှုံးပွဲ အပြီး နည်းပြ တူချယ်ရဲ့ မှတ်ချက်စကားသံများ

နည္းျပ တူခ်ယ္ကေတာ့ ခ်ယ္ဆီးအသင္းရဲ႕ ဝက္စ္ဘ႐ြန္းအသင္းအား ရႈံးနိမ့္ျခင္းဟာ သူ႔ရဲ႕အသင္းသားေတြကို သတိေပး တပ္လွန္႔ လိုက္သလို ျဖစ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ထိုပြဲမွာ ပြဲကစားခ်ိန္ ၂၉ႏွစ္မွာ သီယာဂိုေဆးလ္ဗား ထုတ္ခံလိုက္ရတဲ့အတြက္ ခ်ယ္ဆီး ဟာ ၁၀ ေယာက္တည္းႏွင့္ ကစားခဲ့ရ တာျဖစ္ၿပီး ပူလီဆစ္ရဲ႕သြင္းဂိုးျဖင့္ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ ဂိုးေတြ ေပးခဲ့ရတာျဖစ္ပါတယ္။

” ရက္သတၱပတ္ ေလးပတ္အတြင္း ဒီပြဲကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ အသင္းသားေတြအတြက္ သတိေပးလိုက္သလို ျဖစ္ဖို႔အတြက္ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ့္အတြက္ကေတာ့ ဒါကမလိုအပ္သလို ယုံၾကည္မႈ လြန္ကဲေနတာလည္းမဟုတ္ပါဘူး။ တစ္ဖက္ ၁၁ ေယာက္စီကစားခဲ့တုန္းကေတာင္ အဓိက ေပးပို႔မႈေတြကို ဆုံးရႈံးခဲ့တာျဖစ္ၿပီး ဂိုးဧရိယာနားမွာလည္း ေပးပို႔မႈ ႏွစ္ႀကိမ္သာလုပ္ႏိုင္ခဲ့ပါတယ္။

ပြဲထြက္ကစားသမားေတြကို ကြၽန္ေတာ္ယုံၾကည္ၿပီး သူတို႔ေတြက ဒီပြဲအတြက္ လုံေလာက္တဲ့ အင္အားေတာင့္တင္း မႈရွိတယ္လို႔ ထင္ပါတယ္။ ေဘာလုံး ေပးမႈေတြမွာ ကြၽန္ေတာ္တို႔အသင္းက ဆိုး႐ြားခဲ့ၿပီး အမွားေတြအမ်ားႀကီးလည္း က်ဴးလြန္ခဲ့ပါတယ္။ ဖိအားေအာက္မွာ ကြၽန္ေတာ္တို႔ အသင္းက အေကာင္းဆုံး မလုပ္ႏိုင္ခဲ့ပါဘူး။

အားလံုးအတြက္ ခက္ခဲတဲ့ ေန႔လည္ခင္းျဖစ္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ခက္ခဲတဲ့ ညေနခင္းလည္းျဖစ္မွာပါ။ ကြၽန္ေတာ္တို႔ပြဲက ပြဲစဥ္ေတြရဲ႕ ပထမဆုံးပြဲျဖစ္ၿပီး ထူးထူးျခားျခားစတင္ဖို႔အတြက္ အစီစဥ္ေတြရွိခဲ့ကာ ဒါကိုေတာ့ ကြၽန္ေတာ္တို႔လက္ခံရမွာပါ။ ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕ပထမဆုံး အတူတကြ ရႈံးနိမ့္မႈပါ ” လို႔ တူခ်ယ္က ေျပာဆိုခဲ့ပါတယ္။

Unicode

နည်းပြ တူချယ်ကတော့ ချယ်ဆီးအသင်းရဲ့ ဝက်စ်ဘရွန်းအသင်းအား ရှုံးနိမ့်ခြင်းဟာ သူ့ရဲ့အသင်းသားတွေကို သတိပေး တပ်လှန့် လိုက်သလို ဖြစ်ဖို့ မျှော်လင့်နေပါတယ်။

ထိုပွဲမှာ ပွဲကစားချိန် ၂၉နှစ်မှာ သီယာဂိုဆေးလ်ဗား ထုတ်ခံလိုက်ရတဲ့အတွက် ချယ်ဆီး ဟာ ၁၀ ယောက်တည်းနှင့် ကစားခဲ့ရ တာဖြစ်ပြီး ပူလီဆစ်ရဲ့သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီးမှ ဂိုးတွေ ပေးခဲ့ရတာဖြစ်ပါတယ်။

” ရက်သတ္တပတ် လေးပတ်အတွင်း ဒီပွဲကို ပြန်ကြည့်လိုက်မယ်ဆိုရင် အသင်းသားတွေအတွက် သတိပေးလိုက်သလို ဖြစ်ဖို့အတွက် မျှော်လင့်မိပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒါကမလိုအပ်သလို ယုံကြည်မှု လွန်ကဲနေတာလည်းမဟုတ်ပါဘူး။ တစ်ဖက် ၁၁ ယောက်စီကစားခဲ့တုန်းကတောင် အဓိက ပေးပို့မှုတွေကို ဆုံးရှုံးခဲ့တာဖြစ်ပြီး ဂိုးဧရိယာနားမှာလည်း ပေးပို့မှု နှစ်ကြိမ်သာလုပ်နိုင်ခဲ့ပါတယ်။

ပွဲထွက်ကစားသမားတွေကို ကျွန်တော်ယုံကြည်ပြီး သူတို့တွေက ဒီပွဲအတွက် လုံလောက်တဲ့ အင်အားတောင့်တင်း မှုရှိတယ်လို့ ထင်ပါတယ်။ ဘောလုံး ပေးမှုတွေမှာ ကျွန်တော်တို့အသင်းက ဆိုးရွားခဲ့ပြီး အမှားတွေအများကြီးလည်း ကျူးလွန်ခဲ့ပါတယ်။ ဖိအားအောက်မှာ ကျွန်တော်တို့ အသင်းက အကောင်းဆုံး မလုပ်နိုင်ခဲ့ပါဘူး။

အားလုံးအတွက် ခက်ခဲတဲ့ နေ့လည်ခင်းဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ခက်ခဲတဲ့ ညနေခင်းလည်းဖြစ်မှာပါ။ ကျွန်တော်တို့ပွဲက ပွဲစဉ်တွေရဲ့ ပထမဆုံးပွဲဖြစ်ပြီး ထူးထူးခြားခြားစတင်ဖို့အတွက် အစီစဉ်တွေရှိခဲ့ကာ ဒါကိုတော့ ကျွန်တော်တို့လက်ခံရမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ပထမဆုံး အတူတကွ ရှုံးနိမ့်မှုပါ ” လို့ တူချယ်က ပြောဆိုခဲ့ပါတယ်။