ခ်ယ္ဆီးနည္းျပေဟာင္း လမ္းပတ္ အဂၤလန္အသင္း ေရာက္ဖို႔ နီးစပ္ေန

အဂၤလန္ ေဘာလုံး အဖြဲ႕ခ်ဳပ္ဟာ ယူ၂၁ နည္းျပသစ္ ရွာေဖြေနရာ ခ်ယ္ဆီးနည္းျပေဟာင္း ဖရန္႔ လမ္းပတ္ကို ထည့္သြင္းစဥ္းစားလာေၾကာင္း သိရသည္။

နည္းျပ ဘိုထေရာ့ရဲ႕ စာခ်ဳပ္က ယခုေႏြရာသီမွာ ကုန္ဆုံးျဖစ္ၿပီး ယူ႐ိုမွာ ရလဒ္မေကာင္းတာေၾကာင့္ လူအေျပာင္းအလဲ လုပ္ဖို႔ အႀကံျပဳခ်က္ေတြ ရွိေနပါတယ္။

ယူ၂၁အသင္းဟာ ဆလိုဗက္နီးယားမွာ အုပ္စုအဆင့္ကေန ေအာင္ျမင္ႏိုင္ေျခ ရွိေေသးၿပီး ဆြစ္ဇာလန္၊ ေပၚတူဂီတို႔ကို ရႈံးၿပီးေနာက္ နည္းျပ ဘိုထေရာ့ဒ္အေနနဲ႔လည္း အသင္းရဲ႕ စြမ္းေဆာင္ရည္အေပၚ ေမးခြန္းထုတ္ခံ ေနရပါတယ္။

အဂၤလန္ ေဘာလံုးအသိုင္းအ၀ိုင္းမွာေတာ့ လမ္းပတ္ရဲ႕ လုပ္အားကို သေဘာက်ေနသူ အမ်ားအျပားရွိေနပါတယ္။ ဒါေပမဲ့ တဖက္မွာလည္း အသက္၄၃ႏွစ္အ႐ြယ္ ရွိတဲ့ လမ္းပတ္က ႏိုင္ငံတကာနည္းျပအျဖစ္ ကိုင္တြယ္လိုသလား မသိရေသးဘဲ ခ်ယ္ဆီးကေန ထြက္ခြာၿပီးေနာက္ အသင္းသစ္မွာ နည္းျပလိုေၾကာင္း မကြယ္မဝွက္ ထုတ္ေဖာ္ ေျပာၾကားထားပါတယ္။

လူငယ္ကစားသမားေတြကို ျပဳစုပ်ိဳးေထာင္ရာမွာ ထူးခြၽန္တယ္လို႔လမ္းပတ္အေနျဖင့္ ခ်ီးက်ဴးခံထားရၿပီး တနဂၤေႏြေန႔ကလည္း အဂၤလန္နည္းျပ ေဆာက္ဂိတ္ကလည္း ေမဆင္ေမာင့္ကို ကစားသမားေကာင္းတစ္ဦး ျဖစ္ေအာင္ သြန္သင္ေပးခဲ့တဲ့အတြက္ ခ်ယ္ဆီးကစားသမားေဟာင္းအား အသိအမွတ္ျပဳစကား ဆိုခဲ့ပါတယ္။

လမ္းပတ္အျပင္ အဂၤလန္ယူ၂၁နည္းျပ ေနရာအတြက္ ၂၀၁၇ခုႏွစ္က အဂၤလန္ယူ၁၇အသင္းကို ကမာၻဖလားခ်န္ပီယံ ျဖစ္ေအာင္ ဦးေဆာင္ ေပးခဲ့သူ နည္းျပ စတီကူးပါး ႏွင့္ ယူ၂၀အသင္းကို ကမာၻဖလားမွာ ေအာင္ျမင္မႈေတြ ရေအာင္ စြမ္းေဆာင္ခဲ့သူ နည္းျပ ေပါလ္ဆမ္ဆင္တို႔လည္း ရွိေနပါတယ္။

Unicode

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ဟာ ယူ၂၁ နည်းပြသစ် ရှာဖွေနေရာ ချယ်ဆီးနည်းပြဟောင်း ဖရန့် လမ်းပတ်ကို ထည့်သွင်းစဉ်းစားလာကြောင်း သိရသည်။

နည်းပြ ဘိုထရော့ရဲ့ စာချုပ်က ယခုနွေရာသီမှာ ကုန်ဆုံးဖြစ်ပြီး ယူရိုမှာ ရလဒ်မကောင်းတာကြောင့် လူအပြောင်းအလဲ လုပ်ဖို့ အကြံပြုချက်တွေ ရှိနေပါတယ်။

ယူ၂၁အသင်းဟာ ဆလိုဗက်နီးယားမှာ အုပ်စုအဆင့်ကနေ အောင်မြင်နိုင်ခြေ ရှိေသေးပြီး ဆွစ်ဇာလန်၊ ပေါ်တူဂီတို့ကို ရှုံးပြီးနောက် နည်းပြ ဘိုထရော့ဒ်အနေနဲ့လည်း အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်ခံ နေရပါတယ်။

အင်္ဂလန် ဘောလုံးအသိုင်းအဝိုင်းမှာတော့ လမ်းပတ်ရဲ့ လုပ်အားကို သဘောကျနေသူ အများအပြားရှိနေပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အသက်၄၃နှစ်အရွယ် ရှိတဲ့ လမ်းပတ်က နိုင်ငံတကာနည်းပြအဖြစ် ကိုင်တွယ်လိုသလား မသိရသေးဘဲ ချယ်ဆီးကနေ ထွက်ခွာပြီးနောက် အသင်းသစ်မှာ နည်းပြလိုကြောင်း မကွယ်မဝှက် ထုတ်ဖော် ပြောကြားထားပါတယ်။

လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ရာမှာ ထူးချွန်တယ်လို့လမ်းပတ်အနေဖြင့် ချီးကျူးခံထားရပြီး တနင်္ဂနွေနေ့ကလည်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း မေဆင်မောင့်ကို ကစားသမားကောင်းတစ်ဦး ဖြစ်အောင် သွန်သင်ပေးခဲ့တဲ့အတွက် ချယ်ဆီးကစားသမားဟောင်းအား အသိအမှတ်ပြုစကား ဆိုခဲ့ပါတယ်။

လမ်းပတ်အပြင် အင်္ဂလန်ယူ၂၁နည်းပြ နေရာအတွက် ၂၀၁၇ခုနှစ်က အင်္ဂလန်ယူ၁၇အသင်းကို ကမ္ဘာဖလားချန်ပီယံ ဖြစ်အောင် ဦးဆောင် ပေးခဲ့သူ နည်းပြ စတီကူးပါး နှင့် ယူ၂၀အသင်းကို ကမ္ဘာဖလားမှာ အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်ခဲ့သူ နည်းပြ ပေါလ်ဆမ်ဆင်တို့လည်း ရှိနေပါတယ်။