ဆယ္နွစ္အတြင္း ပရီးမီးယားလိဂ္ အေကာင္းဆံုး အသငး္ အျဖစ္ ခ်ယ္ဆီး သတ္မွတ္ခံရ

င္ငံတကာ ေဘာလုံးသမိုင္းေၾကာင္းနဲ႔ အခ်က္အလက္စုစည္းမႈ အဖြဲ႕အစည္းႀကီး IFFHS ကေန လတ္တေလာ ထုတ္ျပန္ခ်က္ အရ ၂၀၁၁ခုႏွစ္ကေန ၂၀၂ဝခုႏွစ္အထိ ဆယ္စုႏွစ္တာ ကာလအတြင္း အဂၤလန္ပရီးမီးယားလိဂ္ၿပိဳင္ရဲ႕ အေကာင္းဆုံး အသင္းအျဖစ္ ခ်ယ္ဆီးအသင္းက သတ္မွတ္ခံရလိုက္ရပါတယ္။

IFFHS ရဲ႕သတ္မွတ္ခ်က္အရ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကလပ္အသင္းေတြစာရင္းမွာ ခ်ယ္ဆီးက ထိပ္ဆုံးမွာ ရပ္တည္လို႔ေနၿပီး မန္စီးတီးအသင္းက ဒုတိယေနရာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက တတိယေနရာ အာဆင္နယ္အသင္းက စတုတၳေနရာ စပါးအသင္းက ပၪၥမေနရာ လီဗာပူးလ္အသင္းက ဆဌမေနရာနဲ႔ အဲဗာတန္အသင္း သတၱမ ေနရာေတြမွာ အသီးသီးရပ္တည္လို႔ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၂၀၁၁ခုႏွစ္ကေန ၂၀၂ဝခုႏွစ္အတြင္း ျပည္တြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ (၂)ႀကိမ္ရရွိခဲ့ၿပီး အက္ေအဖလားနဲ႔ လိဂ္ဖလားတို႔ကိုလည္း တစ္ႀကိမ္စီ ရယူထားႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၂ခုႏွစ္မွာလည္း ဥေရာပခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ခဲ့သလို နည္းျပဘင္နီတက္ဇ္နဲ႔ နည္းျပဆာရီေတြရဲ႕လက္ေအာက္မွာလည္း ယူ႐ိုပါလိဂ္ဖလားေတြကို ရယူႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ခ်ယ္ဆီးအသင္းဟာ ဆယ္စုႏွစ္အတြင္းမွာ ဆုဖလား(၇)ခုကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး အေကာင္းဆုံးအသင္းအျဖစ္ သတ္မွတ္ ခံခဲ့ရတာျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ၂၀၁၆ခုႏွစ္မွာပဲ ထူးထူးျခားျခားအေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း အဆင့္(၁၀)အထိကို က်ဆင္းခဲ့ရပါတယ္။

ခ်ယ္ဆီးဟာ ဒီႏွစ္ေဘာလုံးရာသီမွာေတာ့ ပရီးမီးယားလိဂ္ဖလားကို ေမွ်ာ္လင့္ခြင္မရွိေတာ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလားၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္ အဆင့္ထိ တတ္လွမ္းထားသလို အက္ေအဖလားၿပိဳင္ပြဲမွာလည္း ဆီမီးဖိုင္နယ္ကို တတ္လွမ္းထားလို႔ ဖလား(၂)လုံး ေမွ်ာ္လင့္ခ်က္ ရွိလို႔ေနပါတယ္။ ဒါ့အျပင္ လက္ရွိမွာ အမွတ္ေပးဇယားရဲ႕ အဆင့္(၄)ေနရာကို ေရာက္ရွိေနတာေၾကာင့္ ေနာက္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ လည္း အေျခအေန ေကာင္းေနပါတယ္။

Unicode

င်ငံတကာ ဘောလုံးသမိုင်းကြောင်းနဲ့ အချက်အလက်စုစည်းမှု အဖွဲ့အစည်းကြီး IFFHS ကနေ လတ်တလော ထုတ်ပြန်ချက် အရ ၂၀၁၁ခုနှစ်ကနေ ၂၀၂ဝခုနှစ်အထိ ဆယ်စုနှစ်တာ ကာလအတွင်း အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ရဲ့ အကောင်းဆုံး အသင်းအဖြစ် ချယ်ဆီးအသင်းက သတ်မှတ်ခံရလိုက်ရပါတယ်။

IFFHS ရဲ့သတ်မှတ်ချက်အရ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကလပ်အသင်းတွေစာရင်းမှာ ချယ်ဆီးက ထိပ်ဆုံးမှာ ရပ်တည်လို့နေပြီး မန်စီးတီးအသင်းက ဒုတိယနေရာ မန်ချက်စတာ ယူနိုက်တက်အသင်းက တတိယနေရာ အာဆင်နယ်အသင်းက စတုတ္ထနေရာ စပါးအသင်းက ပဉ္စမနေရာ လီဗာပူးလ်အသင်းက ဆဌမနေရာနဲ့ အဲဗာတန်အသင်း သတ္တမ နေရာတွေမှာ အသီးသီးရပ်တည်လို့နေပါတယ်။

ချယ်ဆီးအသင်းဟာ ၂၀၁၁ခုနှစ်ကနေ ၂၀၂ဝခုနှစ်အတွင်း ပြည်တွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ (၂)ကြိမ်ရရှိခဲ့ပြီး အက်အေဖလားနဲ့ လိဂ်ဖလားတို့ကိုလည်း တစ်ကြိမ်စီ ရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ခုနှစ်မှာလည်း ဥရောပချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သလို နည်းပြဘင်နီတက်ဇ်နဲ့ နည်းပြဆာရီတွေရဲ့လက်အောက်မှာလည်း ယူရိုပါလိဂ်ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ချယ်ဆီးအသင်းဟာ ဆယ်စုနှစ်အတွင်းမှာ ဆုဖလား(၇)ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အကောင်းဆုံးအသင်းအဖြစ် သတ်မှတ် ခံခဲ့ရတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ၂၀၁၆ခုနှစ်မှာပဲ ထူးထူးခြားခြားအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်(၁၀)အထိကို ကျဆင်းခဲ့ရပါတယ်။

ချယ်ဆီးဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်ခွင်မရှိတော့ပေမယ့် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ထိ တတ်လှမ်းထားသလို အက်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ကို တတ်လှမ်းထားလို့ ဖလား(၂)လုံး မျှော်လင့်ချက် ရှိလို့နေပါတယ်။ ဒါ့အပြင် လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို ရောက်ရှိနေတာကြောင့် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လည်း အခြေအနေ ကောင်းနေပါတယ်။