ခုေန ခ်ယ္ဆီးနဲ႕ ဘယ္အသင္းမွ ေတြ႔ခ်င္မွာ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္တဲ့ နည္းျပ တူခ်ယ္

ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ အဆင့္ရဲ႕ မဲခြဲမႈ ရလဒ္ေတြက ဒီေန႔ ညေနမွာ ထြက္ေပၚလာခဲ့ျပီ ျဖစ္ရာ ခ်ယ္ဆီးက ေပၚတို အသင္းနဲ႕ ေတြ႔ဆံုေနပါတယ္။ တူခ်ယ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ရွံဳးထြက္ အဆင့္မွာ အက္သလက္တီကို မက္ဒရစ္ကို နွစ္ေက်ာ့လံုး ေပးဂိုး မရွိ အနုိင္ယူျပီး ကြာတား တက္လာတာ ျဖစ္ပါတယ္။

တူခ်ယ္ကေတာ့ တီကို ကို နုိင္တဲ့ ပြဲ အျပီးမွာ သူရဲ႕အသင္းကို ခ်ီးက်ဴးလိုက္ၿပီး ၿပိဳင္ဘက္အသင္းေတြထံ သတိေပးစကား ဆိုခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ဘယ္အသင္းမွ ခ်ယ္ဆီးနဲ႔ ေတြ႕ဆုံလိုမွာ မဟုတ္ေၾကာင္း ယုံၾကည္ေနပါတယ္။

” ဘယ္သူမွ ကြၽန္ေတာ္တို႔နဲ႔ မကစားလိုဘူးဆိုတာ ေသခ်ာ ေျပာႏိုင္ပါတယ္ ေကာင္ေလးေတြက ခ်ိတ္ဆက္မႈ ရွိၿပီး ဒီလို ရလဒ္မ်ိဳး ေပးႏိုင္တယ္ ဆိုတာက အားသာခ်က္တစ္ခု ျဖစ္ၿပီး ေအာင္ျမင္မႈ ရဖို႔ လမ္းစ ျဖစ္တယ္။ ႏွစ္လိုဖြယ္ေကာင္းတဲ့ ပတ္ဝန္းက်င္ရွိမွသာ ရလဒ္ေကာင္းေတြ ရမွာပါ ေနာက္ဆုံး၈သင္းထဲမွာ ဘယ္အသင္းမွ ကြၽန္ေတာ္တို႔နဲ႔ မေတြ႕လိုဘူး ဆိုတာ ေသခ်ာပါတယ္ ဒါက ႀကီးမားတဲ့ ေျခလွမ္းပါ ဒါေပမယ့္ ကြၽန္ေတာ္တို႔အတြက္ကေတာ့ တဖက္ကို ေၾကာက္႐ြံေနဖို႔ မလိုအပ္ပါဘူး” လို႔ တူခ်ယ္က ဆိုပါတယ္။

ေနာက္ဆုံး ခ်န္ပီယံလိဂ္ ၈သင္း ရႈံးထြက္အဆင့္ထဲ ေရာက္ရွိတာဟာ နည္းျပေဟာင္း ေမာ္ရင္ဟိုလက္ထက္ ၂၀၁၃ခုႏွစ္ ေနာက္ပိုင္း ခ်ယ္ဆီး အတြက္ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

တူခ်ယ္ လက္ေအာက္ ၿပိဳင္ပြဲစုံတြင္ ခ်ယ္ဆီး ဟာ အိမ္ကြင္း ၆ပြဲမွာ ေပးဂိုးလုံး၀ မရွိထားဘဲ ဂ်ာမန္သား နည္းျပလက္ေအာက္ သူရဲ႕ ပထမဆုံး ကိုင္တြယ္တဲ့ ပရီးမီးယားလိဂ္ပြဲက စၿပီး ၁၃ပြဲမွာ ၁၁ပြဲ clean sheets ရယူထားပါတယ္။

Unicode

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ရဲ့ မဲခွဲမှု ရလဒ်တွေက ဒီနေ့ ညနေမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ ချယ်ဆီးက ပေါ်တို အသင်းနဲ့ တွေ့ဆုံနေပါတယ်။ တူချယ်ရဲ့ ချယ်ဆီးအသင်းဟာ ရှုံးထွက် အဆင့်မှာ အက်သလက်တီကို မက်ဒရစ်ကို နှစ်ကျော့လုံး ပေးဂိုး မရှိ အနိုင်ယူပြီး ကွာတား တက်လာတာ ဖြစ်ပါတယ်။

တူချယ်ကတော့ တီကို ကို နိုင်တဲ့ ပွဲ အပြီးမှာ သူရဲ့အသင်းကို ချီးကျူးလိုက်ပြီး ပြိုင်ဘက်အသင်းတွေထံ သတိပေးစကား ဆိုခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘယ်အသင်းမှ ချယ်ဆီးနဲ့ တွေ့ဆုံလိုမှာ မဟုတ်ကြောင်း ယုံကြည်နေပါတယ်။

” ဘယ်သူမှ ကျွန်တော်တို့နဲ့ မကစားလိုဘူးဆိုတာ သေချာ ပြောနိုင်ပါတယ် ကောင်လေးတွေက ချိတ်ဆက်မှု ရှိပြီး ဒီလို ရလဒ်မျိုး ပေးနိုင်တယ် ဆိုတာက အားသာချက်တစ်ခု ဖြစ်ပြီး အောင်မြင်မှု ရဖို့ လမ်းစ ဖြစ်တယ်။ နှစ်လိုဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်ရှိမှသာ ရလဒ်ကောင်းတွေ ရမှာပါ နောက်ဆုံး၈သင်းထဲမှာ ဘယ်အသင်းမှ ကျွန်တော်တို့နဲ့ မတွေ့လိုဘူး ဆိုတာ သေချာပါတယ် ဒါက ကြီးမားတဲ့ ခြေလှမ်းပါ ဒါပေမယ့် ကျွန်တော်တို့အတွက်ကတော့ တဖက်ကို ကြောက်ရွံနေဖို့ မလိုအပ်ပါဘူး” လို့ တူချယ်က ဆိုပါတယ်။

နောက်ဆုံး ချန်ပီယံလိဂ် ၈သင်း ရှုံးထွက်အဆင့်ထဲ ရောက်ရှိတာဟာ နည်းပြဟောင်း မော်ရင်ဟိုလက်ထက် ၂၀၁၃ခုနှစ် နောက်ပိုင်း ချယ်ဆီး အတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

တူချယ် လက်အောက် ပြိုင်ပွဲစုံတွင် ချယ်ဆီး ဟာ အိမ်ကွင်း ၆ပွဲမှာ ပေးဂိုးလုံး၀ မရှိထားဘဲ ဂျာမန်သား နည်းပြလက်အောက် သူရဲ့ ပထမဆုံး ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲက စပြီး ၁၃ပွဲမှာ ၁၁ပွဲ clean sheets ရယူထားပါတယ်။