ဘာစီလိုနာ ကြင္းလယ္ၾကယ္ပြင့္သစ္ေလးကို အျပိဳင္ လုမယ့္ ခ်ယ္ဆီးနဲ႕ ယူနုိက္တက္

ဘာစီလိုနာအသင္းရဲ႕ ၾကယ္ပြင့္သစ္ေလးတစ္ေယာက္ျဖစ္တဲ့ အိုင္လက္စ္ မိုရီဘာဟာ အခုဆိုရင္ ပရီးမီးယားလိဂ္ ကလပ္အသင္းႀကီးေတြရဲ႕ စိတ္ႀကိဳက္ ကစားသမားတစ္ေယာက္ပါ ျဖစ္လာခဲ့ပါတယ္။ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းကလည္း ၄င္းကို ပထမအသင္း လူစာရင္းမွာ ပုံမွန္ေနရာတစ္ခု ေပးသြားဖို႔ ရွိေနပါတယ္။

ဒါေပမယ့္ ဘာစီလိုနာအျပင္ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြျဖစ္တဲ့ ခ်ယ္ဆီးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ကလည္း မိုရီဘာ ေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။ အဂၤလန္ကလပ္ အေတာ္မ်ားမ်ားရဲ႕ စိတ္ဝင္စားမႈေတြ ရွိေနေပမယ့္ ခ်ယ္ဆီး ကေတာ့ မိုရီဘာကို ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးက ေရပန္းစားေနပါတယ္။

သတင္းေတြ အရေတာ့ ခ်ယ္ဆီးဟာ မိုရီဘာအတြက္ အေရးပါတဲ့ ကမ္းလွမ္းမႈတစ္ခုေတာင္ ျပဳလုပ္ခဲ့တယ္လို႔ ေရးသားေနၾကပါတယ္။ ဒါေပမယ့္ ဘာစီလိုနာကလည္း အကယ္ဒမီထြက္ ကစားသမား တစ္ေယာက္ကို လြယ္လြယ္နဲ႔ လက္လႊတ္ေပးမွာ မဟုတ္ပဲ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ပါ ျပင္ဆင္ေနပါတယ္။

မိုရီဘာရဲ႕ စာခ်ဳပ္သက္တမ္းဟာ လာမယ္ႏွစ္ထဲမွာ ကုန္ဆုံးေတာ့မွာပဲ ျဖစ္ပါတယ္။ နည္းျပကိုးမန္းဟာ ဘာစိလိုနာ ကို စေရာက္လာကတည္းက လာမာစီယာထြက္ လူငယ္ၾကယ္ပြင့္ေတြကို အသင္းက ထြက္ခြာသြားတဲ့ လူးဝစ္ဆြာရက္ဇ္နဲ႔ ထြက္ခြာဖြယ္ရွိေနတဲ့ လီယြန္နယ္မက္ဆီတို႔ေနရာမွာ အစားထိုးၿပီး ေရွ႕ဆက္လိုေနပါတယ္။

နည္းျပကိုးမန္းရဲ႕အျမင္ကေတာ့ ေျပာင္းလဲသြားမွာ မဟုတ္ပဲ ဘာကာရဲ႕အနာဂတ္အတြက္ အေရးပါတဲ့ လူငယ္ၾကယ္ပြင့္ေတြထဲမွာ မိုရီဘာကိုလည္း ထည့္သြင္းထားၿပီး ျဖစ္တာေၾကာင့္ သူ႔ကိုစိတ္ဝင္စားေနတဲ့ အသင္းေတြအတြက္ေတာ့ ေခၚယူဖို႔ လြယ္မွာေတာ့ မဟုတ္ပါဘူး။

အသက္ ၁၈ ႏွစ္ အ႐ြယ္ ကြင္းလယ္တိုက္စစ္ ကစားသမားေလး မိုရီဘာဟာ ေပါ့ဂ္ဘာလက္သစ္လို႔လည္း တင္စားခံရတဲ့ သူ ျဖစ္ပါတယ္။

Unicode

ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်သစ်လေးတစ်ယောက်ဖြစ်တဲ့ အိုင်လက်စ် မိုရီဘာဟာ အခုဆိုရင် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေရဲ့ စိတ်ကြိုက် ကစားသမားတစ်ယောက်ပါ ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကလည်း ၎င်းကို ပထမအသင်း လူစာရင်းမှာ ပုံမှန်နေရာတစ်ခု ပေးသွားဖို့ ရှိနေပါတယ်။

ဒါပေမယ့် ဘာစီလိုနာအပြင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကလည်း မိုရီဘာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အင်္ဂလန်ကလပ် အတော်များများရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ချယ်ဆီး ကတော့ မိုရီဘာကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

သတင်းတွေ အရတော့ ချယ်ဆီးဟာ မိုရီဘာအတွက် အရေးပါတဲ့ ကမ်းလှမ်းမှုတစ်ခုတောင် ပြုလုပ်ခဲ့တယ်လို့ ရေးသားနေကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာကလည်း အကယ်ဒမီထွက် ကစားသမား တစ်ယောက်ကို လွယ်လွယ်နဲ့ လက်လွှတ်ပေးမှာ မဟုတ်ပဲ စာချုပ်သစ် ချုပ်ဆိုဖို့ပါ ပြင်ဆင်နေပါတယ်။

မိုရီဘာရဲ့ စာချုပ်သက်တမ်းဟာ လာမယ်နှစ်ထဲမှာ ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။ နည်းပြကိုးမန်းဟာ ဘာစိလိုနာ ကို စရောက်လာကတည်းက လာမာစီယာထွက် လူငယ်ကြယ်ပွင့်တွေကို အသင်းက ထွက်ခွာသွားတဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ ထွက်ခွာဖွယ်ရှိနေတဲ့ လီယွန်နယ်မက်ဆီတို့နေရာမှာ အစားထိုးပြီး ရှေ့ဆက်လိုနေပါတယ်။

နည်းပြကိုးမန်းရဲ့အမြင်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပဲ ဘာကာရဲ့အနာဂတ်အတွက် အရေးပါတဲ့ လူငယ်ကြယ်ပွင့်တွေထဲမှာ မိုရီဘာကိုလည်း ထည့်သွင်းထားပြီး ဖြစ်တာကြောင့် သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေအတွက်တော့ ခေါ်ယူဖို့ လွယ်မှာတော့ မဟုတ်ပါဘူး။

အသက် ၁၈ နှစ် အရွယ် ကွင်းလယ်တိုက်စစ် ကစားသမားလေး မိုရီဘာဟာ ပေါ့ဂ်ဘာလက်သစ်လို့လည်း တင်စားခံရတဲ့ သူ ဖြစ်ပါတယ်။