ယူရို သန်း ၁၀၀ အထက် သုံးပြီး ဟာလန်းကို ခေါ်ဖို့ ခွင့်ပြုချက် ရလိုက်တဲ့ ချယ်ဆီး

အသင်းပိုင်ရှင် အီဘရာဟီမိုဗစ်ဟာ ဒီနွေရာသီမှာ ဒေါ့မွန်အသင်းက ဟာလန်းကို ခေါ်ယူဖို့အတွက် မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက အာရ်ဘီဆဲလ်ဘတ်ကနေ ပြောင်းရွေ့ခဲ့တာဖြစ်ပြီး ဒေါ့မွန်မှာ ခြေစွမ်းပြကစားနေကာ ဥရောပ အသင်းကြီးတော်တော်များများက ခေါ်ယူချင်နေတာပါ။

ချယ်ဆီးအသင်းဟာ ကစားသမားကိုခေါ်ယူဖို့ရှိနေပြီး အသင်းပိုင်ရှင်ကတော့ ယူရို သန်း ၁၀၀ ထက်ပိုများတဲ့ ပမာဏ ဖြင့် ခေါ်ယူဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်လို့ BILD ကဖော်ပြထားပါတယ်။

ဒေါ့မွန်အသင်းရဲ့ ပရိသတ်တွေ၊ အားကစားဒါရိုက်တာနှင့် နည်းပြတို့ကတော့ တိုက်စစ်မှုးကို အသင်းမှာဆက်လက် ထိန်းသိမ်းထားချင်နေပါတယ်။ အခြားသော ကလပ်ထိပ်တန်းကလပ်တွေက ကိုဗစ်၁၉ ကလပ်ရောဂါကြောင့် ထိခိုက်မှုတွေရှိနေပြီး ငွေကြေးပိုမိုသုံး စွဲဖို့ စိုးရိမ်နေတာဖြစ်ကာ စတန်းဖို့ဘရစ်ချ်ကလပ်ကတော့ အသင်းပိုင်ရှင်ရဲ့ထောက်ခံမှုနှင့်အတူ အလွယ်တကူပဲ ဝယ်ယူနိုင်နေတာပါ။

ဟာလန်းရဲ့အေးဂျင့်ကလည်း ဒီလိုသတင်းတွေထွက်ပေါ်နေတာကို “ အများဆုံး ကလပ် ၁၀ ခုလောက်က ဟာလန်း ကိုခေါ်ယူဖို့ရှိနေပြီး ဒေါ့မွန်လိုပဲ သူ့ကိုထပ်တူ ထောက်ပံ့ပေးနိုင်မှာလည်းဖြစ်ပါတယ် ” လို့ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက လိုက်ပ်ဇ်တိုက်စစ်မှုး ဝါနာကိုခေါ်ယူနိုင်ခဲ့သော်လည်း မျှော်လင့်ထားသလို တော့ ဖြစ်မလာခဲ့ပါဘူး။ အိုလီဗာ ဂျီရူးက ခြေစွမ်းပြကစားနိုင်နေသော်လည်း အသက် ၃၄နှစ် အရွယ် ကစားသမားကတော့ သူ့ရဲ့ကစားသမား ဘဝ နောက်ဆုံး အချိန်သို့ ရောက်ရှိနေပြီဖြစ်တာကြောင့် ချယ်ဆီး ကတော့ ဟာလန်းကို ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။

ဒီရာသီမှာ ဟာလန်းဟာ ၂၆ ဂိုးသွင်းယူထားပြီး ဒေါ့မွန်အတွက် ဘွန်ဒက်စ်လီဂါပွဲ ၁၇ ပွဲကစားထားပြီး ၁၇ ဂိုးသွင်း ယူပေးထားပါတယ်။ သူဟာ အရမ်းကို ငယ်ရွယ်ပြီး ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ အတွက်ကြောင့် ဥရောပအသင်းကြီးတွေက သူ့ကိုစိတ်ဝင်စားနေကြပါတယ်။

Zawgyi

အသင္းပိုင္ရွင္ အီဘရာဟီမိုဗစ္ဟာ ဒီေႏြရာသီမွာ ေဒါ့မြန္အသင္းက ဟာလန္းကို ေခၚယူဖို႔အတြက္ မီးစိမ္းျပလိုက္ၿပီ ျဖစ္ပါတယ္။ အသက္ ၂၀ အ႐ြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီတုန္းက အာရ္ဘီဆဲလ္ဘတ္ကေန ေျပာင္းေ႐ြ႕ခဲ့တာျဖစ္ၿပီး ေဒါ့မြန္မွာ ေျခစြမ္းျပကစားေနကာ ဥေရာပ အသင္းႀကီးေတာ္ေတာ္မ်ားမ်ားက ေခၚယူခ်င္ေနတာပါ။

ခ်ယ္ဆီးအသင္းဟာ ကစားသမားကိုေခၚယူဖို႔ရွိေနၿပီး အသင္းပိုင္ရွင္ကေတာ့ ယူ႐ို သန္း ၁၀၀ ထက္ပိုမ်ားတဲ့ ပမာဏ ျဖင့္ ေခၚယူဖို႔ ခြင့္ျပဳလိုက္ၿပီ ျဖစ္ပါတယ္လို႔ BILD ကေဖာ္ျပထားပါတယ္။

ေဒါ့မြန္အသင္းရဲ႕ ပရိသတ္ေတြ၊ အားကစားဒါ႐ိုက္တာႏွင့္ နည္းျပတို႔ကေတာ့ တိုက္စစ္မႈးကို အသင္းမွာဆက္လက္ ထိန္းသိမ္းထားခ်င္ေနပါတယ္။ အျခားေသာ ကလပ္ထိပ္တန္းကလပ္ေတြက ကိုဗစ္၁၉ ကလပ္ေရာဂါေၾကာင့္ ထိခိုက္မႈေတြရွိေနၿပီး ေငြေၾကးပိုမိုသုံး စြဲဖို႔ စိုးရိမ္ေနတာျဖစ္ကာ စတန္းဖို႔ဘရစ္ခ်္ကလပ္ကေတာ့ အသင္းပိုင္ရွင္ရဲ႕ေထာက္ခံမႈႏွင့္အတူ အလြယ္တကူပဲ ဝယ္ယူႏိုင္ေနတာပါ။

ဟာလန္းရဲ႕ေအးဂ်င့္ကလည္း ဒီလိုသတင္းေတြထြက္ေပၚေနတာကို “ အမ်ားဆုံး ကလပ္ ၁၀ ခုေလာက္က ဟာလန္း ကိုေခၚယူဖို႔ရွိေနၿပီး ေဒါ့မြန္လိုပဲ သူ႔ကိုထပ္တူ ေထာက္ပံ့ေပးႏိုင္မွာလည္းျဖစ္ပါတယ္ ” လို႔ ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက လိုက္ပ္ဇ္တိုက္စစ္မႈး ဝါနာကိုေခၚယူႏိုင္ခဲ့ေသာ္လည္း ေမွ်ာ္လင့္ထားသလို ေတာ့ ျဖစ္မလာခဲ့ပါဘူး။ အိုလီဗာ ဂ်ီ႐ူးက ေျခစြမ္းျပကစားႏိုင္ေနေသာ္လည္း အသက္ ၃၄ႏွစ္ အ႐ြယ္ ကစားသမားကေတာ့ သူ႔ရဲ႕ကစားသမား ဘဝ ေနာက္ဆုံး အခ်ိန္သို႔ ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ခ်ယ္ဆီး ကေတာ့ ဟာလန္းကို ေခၚယူဖို႔ လုပ္ေဆာင္ေနပါတယ္။

ဒီရာသီမွာ ဟာလန္းဟာ ၂၆ ဂိုးသြင္းယူထားၿပီး ေဒါ့မြန္အတြက္ ဘြန္ဒက္စ္လီဂါပြဲ ၁၇ ပြဲကစားထားၿပီး ၁၇ ဂိုးသြင္း ယူေပးထားပါတယ္။ သူဟာ အရမ္းကို ငယ္႐ြယ္ၿပီး ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ အတြက္ေၾကာင့္ ဥေရာပအသင္းႀကီးေတြက သူ႔ကိုစိတ္ဝင္စားေနၾကပါတယ္။