ချယ်ဆီးနည်းပြ တူချယ်ကို ပွဲကြိုမှာ ချီးကျူးစကား ဆိုလိုက်တဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြအိုလီဂန်နာဆိုးလ်ရှားကတော့ ချယ်ဆီး အသင်းရဲ့ နည်းပြ သောမတ်စ်တူချယ်ကို တနင်္ဂနွေနေ့ စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ ကစားရမယ့် ပွဲစဉ်မတိုင်မီ ချီးကျူးခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နည်းပြလမ်းပတ်ရဲ့နေရာမှာ အစားထိုးခံခဲ့ရပြီးနောက် နည်းပြတူချယ်ရဲ့ ချယ်ဆီး အသင်းဟာ နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲအနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးပါဘူး။ အသင်းရဲ့ ရလဒ်တွေ တိုးတက်လာတာကြောင့် ချယ်ဆီး အသင်းအနေနဲ့ ထိပ်ဆုံး ၄ သင်းထဲကို ဝင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက် နည်းပြဆိုးလ်ရှားကတော့ ချယ်ဆီးနဲ့ မရင်ဆိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ ပြိုင်ဘက် နည်းပြကို အခုလို ချီးကျူးခဲ့တာပါ။

“ရလဒ်တွေ၊ အချက်အလက်တွေ၊ ဂိုးမပေးရရေး စွမ်းဆောင်မှုတွေနဲ့ ဘောလုံးပိုင်ဆိုင်မှုတွေကို ကြည့်ရင်သူတို့ ဘယ်လောက်ထိ တိုးတက်လာလဲ သိနိုင်ပါတယ်။ သူ(တူချယ်) လုပ်နေတာတွေ အရမ်းကောင်းပါတယ်။ ရာသီဝက်ကစပြီး အသင်း တစ်သင်းကို တာဝန်ယူရတာ မလွယ်ပါဘူး၊ ဒါပေမယ့် သူတော်တယ် ၊ ကျွန်တော်တို့ အဲ့ဒါကို တားဆီးနိုင်မယ်လို့ထင်ပါတယ်။ လက်ရှိ ကျွန်တော့်အလုပ်က ပြိုင်ဘက်တွေကို ရပ်တန့် ပစ်ဖို့ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိ ချယ်ဆီး အသင်းဟာ ဝက်စ်ဟမ်းနဲ့ ၂ မှတ် မန်ချက်စတာ ယူနိုက်တက်နဲ့ ၆ မှတ်တို့ ကွာဟနေပါတယ်။ ဒီပိတ်ရက်မှာတော့ ယူနိုက်တက်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ချယ်ဆီး အသင်းအနေနဲ့ အမှတ်ကွာဟကို လျှော့ဖို့ အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပအိုလီဂန္နာဆိုးလ္ရွားကေတာ့ ခ်ယ္ဆီး အသင္းရဲ႕ နည္းျပ ေသာမတ္စ္တူခ်ယ္ကို တနဂၤေႏြေန႔ စတမ္းဖို႔ဒ္ဘရစ္ဂ်္မွာ ကစားရမယ့္ ပြဲစဥ္မတိုင္မီ ခ်ီးက်ဴးခဲ့ပါတယ္။

ၿပီးခဲ့တဲ့လက နည္းျပလမ္းပတ္ရဲ႕ေနရာမွာ အစားထိုးခံခဲ့ရၿပီးေနာက္ နည္းျပတူခ်ယ္ရဲ႕ ခ်ယ္ဆီး အသင္းဟာ ေနာက္ဆုံး ၈ ပြဲမွာ ၆ ပြဲအႏိုင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးပါဘူး။ အသင္းရဲ႕ ရလဒ္ေတြ တိုးတက္လာတာေၾကာင့္ ခ်ယ္ဆီး အသင္းအေနနဲ႔ ထိပ္ဆုံး ၄ သင္းထဲကို ဝင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္ နည္းျပဆိုးလ္ရွားကေတာ့ ခ်ယ္ဆီးနဲ႕ မရင္ဆိုင္ခင္ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ျပိဳင္ဘက္ နည္းျပကို အခုလို ခ်ီးက်ဴးခဲ့တာပါ။

“ရလဒ္ေတြ၊ အခ်က္အလက္ေတြ၊ ဂိုးမေပးရေရး စြမ္းေဆာင္မႈေတြနဲ႔ ေဘာလုံးပိုင္ဆိုင္မႈေတြကို ၾကည့္ရင္သူတို႔ ဘယ္ေလာက္ထိ တိုးတက္လာလဲ သိႏိုင္ပါတယ္။ သူ(တူခ်ယ္) လုပ္ေနတာေတြ အရမ္းေကာင္းပါတယ္။ ရာသီဝက္ကစၿပီး အသင္း တစ္သင္းကို တာဝန္ယူရတာ မလြယ္ပါဘူး၊ ဒါေပမယ့္ သူေတာ္တယ္ ၊ ကြၽန္ေတာ္တို႔ အဲ့ဒါကို တားဆီးႏိုင္မယ္လို႔ထင္ပါတယ္။ လက္ရွိ ကြၽန္ေတာ့္အလုပ္က ၿပိဳင္ဘက္ေတြကို ရပ္တန္႔ ပစ္ဖို႔ပါပဲ ” လို႔ ေျပာဆိုခဲ့ပါတယ္။

လက္ရွိ ခ်ယ္ဆီး အသင္းဟာ ဝက္စ္ဟမ္းနဲ႔ ၂ မွတ္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ၆ မွတ္တို႔ ကြာဟေနပါတယ္။ ဒီပိတ္ရက္မွာေတာ့ ယူႏိုက္တက္ကို အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ရမွာ ျဖစ္တာေၾကာင့္ ခ်ယ္ဆီး အသင္းအေနနဲ႔ အမွတ္ကြာဟကို ေလွ်ာ့ဖို႔ အခြင့္အေရး ပိုင္ဆိုင္ထားပါတယ္။