အာဆင်နယ်အတွက်တော့ ဆိုစီဒက်ကို စွန့်ခွာမှာ မဟုတ်ဘူးဆိုတဲ့ ဇာဗီအလွန်ဆို

လီဗာပူးကစားသမားေဟာင္းၾကီး အလြန္ဆိုက အာဆင္နယ္နဲ႔ မန္စီးတီးအသင္းေတြမွာ နည္းျပပိုင္းဆိုင္ရာ ပူးေပါင္းမႈေတြ လုပ္ဖို႔အတြက္ ၄င္းရဲ႕ဇာတိကလပ္ ရီးရဲလ္ဆိုစီဒက္ကို စြန္႔လႊတ္မွာ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

မန္စီးတီးလက္ေထာက္နည္းျပ အာတီတာ အာဆင္နယ္မန္ေနဂ်ာတာဝန္ကို ရယူမယ္ဆိုရင္ လွစ္လွပ္သြားမယ့္ လက္ေထာက္နည္းျပေနရာမွာ ဂြာဒီယိုလာက သူ႔ရဲ႕ တစ္ႏုိင္ငံတည္းသားကို ေခၚယူလိုျပီး အာတီတာကလည္း အလြန္ဆိုကို နည္းျပအဖြဲ႔ထဲ ထည့္လိုတယ္လို႔ သတင္းထြက္ေနတာျဖစ္ကာ အလြန္ဆိုကေတာ့ အဆုိပါ သတင္းေတြကို ျငင္းဆန္တာ ျဖစ္ပါတယ္။

အာဆင္နယ္၊ မန္စီးတီးအသင္း နည္းျပအဖြဲ႔ဝင္ေတြထဲ ပါဝင္ဖို႔ ဆိုစီဒက္ကို စြန္႔ခြာမလားဆိုတဲ့ ေမးခြန္းနဲ႔ ပက္သက္ျပီး ” က်ေနာ္ကေတာ့ ဒီေနရာမွပဲ အာရံုစိုက္မွာျဖစ္ျပီး ဘယ္ကိုမွ သြားမွာ မဟုတ္ပါဘူး ” လို႔ အလြန္ဆိုက စပိန္သတင္းစာကို အေျဖေပးပါတယ္။

” အျခားအသင္းေတြအေၾကာင္း မေတြးသလို က်ေနာ္ကို ဆက္သြယ္လာတာလည္း မရွိပါဘူး။ က်ေနာ္က ကိုယ္ေနခ်င္တဲ့ ေနရာမွာ ရွိေနျပီး ေပ်ာ္ရႊင္ေနတာပါ။ ကစားသမားအျဖစ္ က်ေနာ္ရဲ႕ အနားယူတဲ့အခါ ေနာက္ထပ္ အလုပ္တစ္ခုကို စတင္ဖို႔ ဒီကို ျပန္လာခဲ့တယ္။ ဒါကို က်ေနာ္ ေက်နပ္ပါတယ္။

ကိစၥေတြက အဆင္ေျပေျပျဖစ္ေနျပီး က်ေနာ္ ကအခုမွ စတင္ေနတာပါ။ ဒါကိုလည္း က်ေနာ္ ေပ်ာ္ပါတယ္။ ဆိုစီဒက္မွာ က်ေနာ္ အလုပ္လုပ္ဖို႔ စဥ္းစားတာက အရမ္းကို အဓိပၸာယ္ ရွိပါတယ္။ ဒီမွာ အလုပ္လုပ္ေနျပီး လိုအပ္တဲ့ အသိပညာ၊ အေတြ႔အၾကံဳ၊ မွန္ကန္တာေတြလုပ္ဖို႔ အမွားေတြရယ္ ျပင္ဆင္မႈေတြရယ္နဲ႔ လမ္းေၾကာင္းမွန္ကို စတင္ရွာေဖြေနတာ ျဖစ္ပါတယ္။ ” လို႔ စပိန္ကြင္းလယ္လူက ရွင္းျပပါတယ္။

အလြန္ဆိုဟာ အာဆင္နယ္ကို အာတီတာ ပထမဆံုး တာဝန္ယူဖို႔ သတင္းၾကီးခဲ့တဲ့ ၂၀၁၈ ကတည္းက နည္းျပပိုင္းမွာ ပါဝင္ဖို႔ သတင္းၾကီးခဲ့တာပါ။ အာတီတာနဲ႔ အေတာ္ေလးကို ခင္မင္ရင္းႏွီးေပမယ့္လည္း ေမြးရပ္ေျမျဖစ္တဲ့ ဆိုစီဒက္မွာပဲ မန္ေနဂ်ာတစ္ေယာက္ျဖစ္လာဖို႔ သင္ယူေနတယ္လိ႔ သူက ဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

လီဗာပူးကစားသမားဟောင်းကြီး အလွန်ဆိုက အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေမှာ နည်းပြပိုင်းဆိုင်ရာ ပူးပေါင်းမှုတွေ လုပ်ဖို့အတွက် ၎င်းရဲ့ဇာတိကလပ် ရီးရဲလ်ဆိုစီဒက်ကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးလက်ထောက်နည်းပြ အာတီတာ အာဆင်နယ်မန်နေဂျာတာဝန်ကို ရယူမယ်ဆိုရင် လှစ်လှပ်သွားမယ့် လက်ထောက်နည်းပြနေရာမှာ ဂွာဒီယိုလာက သူ့ရဲ့ တစ်နိုင်ငံတည်းသားကို ခေါ်ယူလိုပြီး အာတီတာကလည်း အလွန်ဆိုကို နည်းပြအဖွဲ့ထဲ ထည့်လိုတယ်လို့ သတင်းထွက်နေတာဖြစ်ကာ အလွန်ဆိုကတော့ အဆိုပါ သတင်းတွေကို ငြင်းဆန်တာ ဖြစ်ပါတယ်။

အာဆင်နယ်၊ မန်စီးတီးအသင်း နည်းပြအဖွဲ့ဝင်တွေထဲ ပါဝင်ဖို့ ဆိုစီဒက်ကို စွန့်ခွာမလားဆိုတဲ့ မေးခွန်းနဲ့ ပက်သက်ပြီး ” ကျနော်ကတော့ ဒီနေရာမှပဲ အာရုံစိုက်မှာဖြစ်ပြီး ဘယ်ကိုမှ သွားမှာ မဟုတ်ပါဘူး ” လို့ အလွန်ဆိုက စပိန်သတင်းစာကို အဖြေပေးပါတယ်။

” အခြားအသင်းတွေအကြောင်း မတွေးသလို ကျနော်ကို ဆက်သွယ်လာတာလည်း မရှိပါဘူး။ ကျနော်က ကိုယ်နေချင်တဲ့ နေရာမှာ ရှိနေပြီး ပျော်ရွှင်နေတာပါ။ ကစားသမားအဖြစ် ကျနော်ရဲ့ အနားယူတဲ့အခါ နောက်ထပ် အလုပ်တစ်ခုကို စတင်ဖို့ ဒီကို ပြန်လာခဲ့တယ်။ ဒါကို ကျနော် ကျေနပ်ပါတယ်။

ကိစ္စတွေက အဆင်ပြေပြေဖြစ်နေပြီး ကျနော် ကအခုမှ စတင်နေတာပါ။ ဒါကိုလည်း ကျနော် ပျော်ပါတယ်။ ဆိုစီဒက်မှာ ကျနော် အလုပ်လုပ်ဖို့ စဉ်းစားတာက အရမ်းကို အဓိပ္ပာယ် ရှိပါတယ်။ ဒီမှာ အလုပ်လုပ်နေပြီး လိုအပ်တဲ့ အသိပညာ၊ အတွေ့အကြုံ၊ မှန်ကန်တာတွေလုပ်ဖို့ အမှားတွေရယ် ပြင်ဆင်မှုတွေရယ်နဲ့ လမ်းကြောင်းမှန်ကို စတင်ရှာဖွေနေတာ ဖြစ်ပါတယ်။ ” လို့ စပိန်ကွင်းလယ်လူက ရှင်းပြပါတယ်။

အလွန်ဆိုဟာ အာဆင်နယ်ကို အာတီတာ ပထမဆုံး တာဝန်ယူဖို့ သတင်းကြီးခဲ့တဲ့ ၂၀၁၈ ကတည်းက နည်းပြပိုင်းမှာ ပါဝင်ဖို့ သတင်းကြီးခဲ့တာပါ။ အာတီတာနဲ့ အတော်လေးကို ခင်မင်ရင်းနှီးပေမယ့်လည်း မွေးရပ်မြေဖြစ်တဲ့ ဆိုစီဒက်မှာပဲ မန်နေဂျာတစ်ယောက်ဖြစ်လာဖို့ သင်ယူနေတယ်လိ့ သူက ဆိုခဲ့တာဖြစ်ပါတယ်။