နည္းျပ တူခ်ယ္ ခ်ယ္ဆီးမွာ ေရရွည္ ရွိေနဖို႔ စြမ္းေဆာင္ျပရမယ့္ အဓိက တစ္ခ်က္

ခ်ယ္ဆီး အသင္းမွာ နည္းျပ တူခ်ယ္ရဲ႕ ခ်ဳပ္ဆိုထားတဲ့ ၁၈လ သက္တမ္း ျပည့္သြားတဲ့အခ်ိန္ သတ္မွတ္ထားတဲ့ စြမ္းေဆာင္ရည္ႏူန္း ျပည့္ပါက လန္ဒန္ကလပ္ဟာ စာခ်ဳပ္သစ္ ကမ္းလွမ္းသြားဖို႔ ရွိေနပါတယ္။

ျပီးခဲ့တဲ့ အပတ္က နည္းျပသစ္ အျဖစ္ ခ်ယ္ဆီးအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တဲ့ တူခ်ယ္ဟာ လာမယ့္၂ႏွစ္ဆက္အတြင္း ခ်ယ္ဆီးအသင္းကို ခ်န္ပီယံလိဂ္ ဝင္ခြင့္ရေအာင္ စြမ္းေဆာင္ႏိုင္ပါက တစ္ႏွစ္ထည့္တိုးခြင့္ အခ်က္ကို အေကာင္အထည္ ေဖာ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဘန္ေလအသင္းကို တနဂၤေႏြေန႔က ၂ဂိုးျပတ္ အႏိုင္ရတဲ့ ပြဲ အျပီးမွာ တူခ်ယ္က သူ႔ကို ခ်ယ္ဆီးက ၁၈ လတာ သက္တမ္းသာ ကမ္းလွမ္းခဲ့တဲ့အတြက္ မေပ်ာ္႐ႊင္ေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ ေအာင္ျမင္မႈေတြ ရမယ္ဆိုရင္ ဖိအားေတြ သက္သာေစၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္မယ့္ အခြင့္အေရး ရွိလာမွာပါ။

“ပထမဆုံး အာ႐ုံစိုက္မိတာ တစ္ခုက ဘာေၾကာင့္ ၁၈ လျဖစ္ရတာလဲ လို႔ေတြးမိတယ္။ ဒါေပမဲ့ ၁မိနစ္အၾကာ ကြၽန္ေတာ့္အေတြးက ေျပာင္းလဲသြားရင္ေရာ?? သူတို႔ကြၽန္ေတာ့္ကို ၄ႏွစ္ခြဲ စာခ်ဳပ္ ေပးမယ္လို႔ေျပာင္းလဲသြားမလား? သူတို႔ကြၽန္ေတာ့္ကို ဘယ္နည္းမဆို ထုတ္ပယ္နိင္တယ္။ ကြၽန္ေတာ္ ကိုင္တြယ္တာကို မေပ်ာ္႐ႊင္ေတာ့ဘူးဆိုရင္ သူတို႔ ထုတ္ပယ္မွာပါ။ ၿပီးေတာ့ သူတို႔ ကြၽန္ေတာ့္ကို ေလးနွစ္ခြဲ စာခ်ဳပ္ ခ်ဳပ္ဆိုထားမယ္ ဆိုရင္ ထုတ္ပယ္ခဲ့ရင္ေတာင္ ကြၽန္ေတာ့္ကို ေလ်ာ္ေၾကး ေပးရမွာပါ”ဟု တူခ်ယ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အသင္းပိုင္ရွင္ ႐ိုမန္ အီဘရာမိုဗစ္ လက္ေအာက္အတြင္း နည္းျပေတြကို ထုတ္ပယ္ဖို႔ ေပါင္ သန္း၁၁၀ အထိ သုံးစြဲခဲ့ရၿပီးေနာက္ ကလပ္ဟာ အနာဂတ္အတြက္ ေလ်ာ္ေၾကး ေပးရမယ့္ အေျခအေနကို ေလ်ာ့ခ်ရန္ ဆုံးျဖတ္ခဲ့ၿပီး စြမ္းေဆာင္မႈနဲ႔ဆက္စပ္တဲ့ စာခ်ဳပ္ပါ အခ်က္ေတြသာ ခ်ဳပ္ဆိုရန္ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အပတ္က လမ္းပတ္ကို ထုတ္ပယ္ျခင္းဟာ ကလပ္အတြက္ မ်ားျပားတဲ့ ေလ်ာ္ေၾကး မေပးလိုက္ရပါဘူး။ ဒါကလည္း သူရဲ႕ ၃ႏွစ္ စာခ်ဳပ္မွာ ၂ႏွစ္အၾကာ ဆိုရင္ လမ္းခြဲႏိုင္တဲ့ အခ်က္တစ္ခု ပါရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီး ဟာ အဂၤလန္သားၾကီးကို လက္ရွိ ရာသီကုန္အထိ လစာ ေပးေခ်ရဖြယ္ ရွိပါတယ္။

Unicode

ချယ်ဆီး အသင်းမှာ နည်းပြ တူချယ်ရဲ့ ချုပ်ဆိုထားတဲ့ ၁၈လ သက်တမ်း ပြည့်သွားတဲ့အချိန် သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည်နူန်း ပြည့်ပါက လန်ဒန်ကလပ်ဟာ စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ အပတ်က နည်းပြသစ် အဖြစ် ချယ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ တူချယ်ဟာ လာမယ့်၂နှစ်ဆက်အတွင်း ချယ်ဆီးအသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ပါက တစ်နှစ်ထည့်တိုးခွင့် အချက်ကို အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘန်လေအသင်းကို တနင်္ဂနွေနေ့က ၂ဂိုးပြတ် အနိုင်ရတဲ့ ပွဲ အပြီးမှာ တူချယ်က သူ့ကို ချယ်ဆီးက ၁၈ လတာ သက်တမ်းသာ ကမ်းလှမ်းခဲ့တဲ့အတွက် မပျော်ရွှင်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုတွေ ရမယ်ဆိုရင် ဖိအားတွေ သက်သာစေပြီး စာချုပ်သစ် ချုပ်ဆိုနိုင်မယ့် အခွင့်အရေး ရှိလာမှာပါ။

“ပထမဆုံး အာရုံစိုက်မိတာ တစ်ခုက ဘာကြောင့် ၁၈ လဖြစ်ရတာလဲ လို့တွေးမိတယ်။ ဒါပေမဲ့ ၁မိနစ်အကြာ ကျွန်တော့်အတွေးက ပြောင်းလဲသွားရင်ရော?? သူတို့ကျွန်တော့်ကို ၄နှစ်ခွဲ စာချုပ် ပေးမယ်လို့ပြောင်းလဲသွားမလား? သူတို့ကျွန်တော့်ကို ဘယ်နည်းမဆို ထုတ်ပယ်နိင်တယ်။ ကျွန်တော် ကိုင်တွယ်တာကို မပျော်ရွှင်တော့ဘူးဆိုရင် သူတို့ ထုတ်ပယ်မှာပါ။ ပြီးတော့ သူတို့ ကျွန်တော့်ကို လေးနှစ်ခွဲ စာချုပ် ချုပ်ဆိုထားမယ် ဆိုရင် ထုတ်ပယ်ခဲ့ရင်တောင် ကျွန်တော့်ကို လျော်ကြေး ပေးရမှာပါ”ဟု တူချယ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အသင်းပိုင်ရှင် ရိုမန် အီဘရာမိုဗစ် လက်အောက်အတွင်း နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင် သန်း၁၁၀ အထိ သုံးစွဲခဲ့ရပြီးနောက် ကလပ်ဟာ အနာဂတ်အတွက် လျော်ကြေး ပေးရမယ့် အခြေအနေကို လျော့ချရန် ဆုံးဖြတ်ခဲ့ပြီး စွမ်းဆောင်မှုနဲ့ဆက်စပ်တဲ့ စာချုပ်ပါ အချက်တွေသာ ချုပ်ဆိုရန် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က လမ်းပတ်ကို ထုတ်ပယ်ခြင်းဟာ ကလပ်အတွက် များပြားတဲ့ လျော်ကြေး မပေးလိုက်ရပါဘူး။ ဒါကလည်း သူရဲ့ ၃နှစ် စာချုပ်မှာ ၂နှစ်အကြာ ဆိုရင် လမ်းခွဲနိုင်တဲ့ အချက်တစ်ခု ပါရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်ဆီး ဟာ အင်္ဂလန်သားကြီးကို လက်ရှိ ရာသီကုန်အထိ လစာ ပေးချေရဖွယ် ရှိပါတယ်။