တူခ်ယ္ကို ေနရာဖယ္ေပးလိုက္ရျပီး မၾကာခင္ နည္းျပေလာကထဲ ျပန္လာဖို႔ စိုင္းျပင္းေနတဲ့ လမ္းပတ္

ခ်ယ္ဆီး အသင္းဟာ နည္းျပဖရန႔္လမ္းပတ္ကို ထုတ္ပယ္လိုက္ၿပီး ေသာမတ္စ္ တူခ်ယ္ကို နည္းျပသစ္ အျဖစ္ ခန္႔အပ္လိုက္ျပီ ျဖစ္ကာ ဒါက လမ္းပတ္အတြက္ေတာ့ အေျခအေနေတြက မခံခ်င္စရာျဖစ္ခဲ့ပါတယ္။

လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရ ခ်ယ္ဆီး ဂႏၲဝင္ႀကီးဟာ နည္းျပေလာကကို ခ်က္ခ်င္းျပန္ဝင္ေရာက္ဖို႔ ျပင္ဆင္ေနၿပီး လန္ဒန္မွာ က်ခဲ့တဲ့ သိကၡာေတြကို ခ်က္ခ်င္းျပန္ဆယ္ဖို႔ အာ႐ုံစိုက္ထားပါတယ္။ ခ်ယ္ဆီးအသင္းအေနနဲ႔လည္း ၾကားကာလ နည္းျပအေျပာင္းအလဲအတြင္း အမွတ္ေပးဇယား ထိပ္ပိုင္းကို ျပန္တက္ႏိုင္ဖို႔ ႀကိဳးစားရဦးမွာ ျဖစ္ပါတယ္။

နည္းျပလမ္းပတ္ဟာ သူ႔ရဲ႕ပုံရိပ္ကို ျပန္ထိန္းသိမ္းသြားမွာ ေသခ်ာေနၿပီး အရႈံးကိုလည္း မႀကိဳက္သလို အၿမဲတမ္း ေအာင္ျမင္ခ်င္သူ ျဖစ္ပါတယ္။ ကစားသမားဘ၀ ဝက္စ္ဟမ္းမွာကတည္းက ပရိသတ္ေတြရဲ႕အျမင္ကို ေျပာင္းျပန္လွန္ျပခဲ့သလို ခ်ယ္ဆီးမွာတုန္းကလည္း ေဝဖန္မႈေတြကို အရည္အခ်င္းနဲ႔ သက္ေသျပန္ျပႏိုင္ခဲ့ပါတယ္။

လမ္းပတ္ဟာ တခ်ိန္မွာေတာ့ ေအာင္ျမင္တဲ့နည္းျပ တစ္ေယာက္ျဖစ္လာမွာ ေသခ်ာေနၿပီး ခ်ယ္ဆီး နည္းျပ အလုပ္က သူ႔အတြက္ အရမ္း ေစာလြန္းခဲ့တာေၾကာင့္ အခုလိုျဖစ္သြားခဲ့တာလို႔ ယူဆႏိုင္ပါတယ္။

ဒါေပမယ့္ တယ္လီဂရပ္ဖ္သတင္းတစ္ရပ္အရ လမ္းပတ္ဟာ သိပ္မၾကာခင္မွာပဲ ထိပ္တန္းအသင္း တစ္သင္းရဲ႕ နည္းျပအျဖစ္နဲ႔ အျမန္ဆုံး ျပန္လာမယ္လို႔ မိတ္ေဆြတစ္ေယာက္ကို ေျပာခဲ့ေၾကာင္းနဲ႔ အရင္ဆုံးေတာ့ အနည္းငယ္အနားယူဦးမွာ ျဖစ္ေၾကာင္း သိရပါတယ္။

တယ္လီဂရပ္ဖ္ရဲ႕ နာမည္ႀကီး သတင္းေထာက္ မတ္ေလာကလည္း “ ဖရန႔္လမ္းပတ္ဟာ နည္းျပအျဖစ္ အျမန္ဆုံး ျပန္လာဖို႔ဆုံးျဖတ္ထားၿပီး ခ်ယ္ဆီးကေန ထုတ္ပယ္ခံလိုက္ရတာေၾကာင့္ ရရွိခဲ့တဲ့ စိတ္ပ်က္စရာအေျခအေနေတြကို ေအာင္ျမင္မႈေတြနဲ႔ ျပန္လည္ သက္ေသျပသြားမယ္ ” ေရးသားေဖာ္ျပခဲ့ပါတယ္။

Unicode

ချယ်ဆီး အသင်းဟာ နည်းပြဖရန့်လမ်းပတ်ကို ထုတ်ပယ်လိုက်ပြီး သောမတ်စ် တူချယ်ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကာ ဒါက လမ်းပတ်အတွက်တော့ အခြေအနေတွေက မခံချင်စရာဖြစ်ခဲ့ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ချယ်ဆီး ဂန္တဝင်ကြီးဟာ နည်းပြလောကကို ချက်ချင်းပြန်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး လန်ဒန်မှာ ကျခဲ့တဲ့ သိက္ခာတွေကို ချက်ချင်းပြန်ဆယ်ဖို့ အာရုံစိုက်ထားပါတယ်။ ချယ်ဆီးအသင်းအနေနဲ့လည်း ကြားကာလ နည်းပြအပြောင်းအလဲအတွင်း အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်တက်နိုင်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

နည်းပြလမ်းပတ်ဟာ သူ့ရဲ့ပုံရိပ်ကို ပြန်ထိန်းသိမ်းသွားမှာ သေချာနေပြီး အရှုံးကိုလည်း မကြိုက်သလို အမြဲတမ်း အောင်မြင်ချင်သူ ဖြစ်ပါတယ်။ ကစားသမားဘ၀ ဝက်စ်ဟမ်းမှာကတည်းက ပရိသတ်တွေရဲ့အမြင်ကို ပြောင်းပြန်လှန်ပြခဲ့သလို ချယ်ဆီးမှာတုန်းကလည်း ဝေဖန်မှုတွေကို အရည်အချင်းနဲ့ သက်သေပြန်ပြနိုင်ခဲ့ပါတယ်။

လမ်းပတ်ဟာ တချိန်မှာတော့ အောင်မြင်တဲ့နည်းပြ တစ်ယောက်ဖြစ်လာမှာ သေချာနေပြီး ချယ်ဆီး နည်းပြ အလုပ်က သူ့အတွက် အရမ်း စောလွန်းခဲ့တာကြောင့် အခုလိုဖြစ်သွားခဲ့တာလို့ ယူဆနိုင်ပါတယ်။

ဒါပေမယ့် တယ်လီဂရပ်ဖ်သတင်းတစ်ရပ်အရ လမ်းပတ်ဟာ သိပ်မကြာခင်မှာပဲ ထိပ်တန်းအသင်း တစ်သင်းရဲ့ နည်းပြအဖြစ်နဲ့ အမြန်ဆုံး ပြန်လာမယ်လို့ မိတ်ဆွေတစ်ယောက်ကို ပြောခဲ့ကြောင်းနဲ့ အရင်ဆုံးတော့ အနည်းငယ်အနားယူဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

တယ်လီဂရပ်ဖ်ရဲ့ နာမည်ကြီး သတင်းထောက် မတ်လောကလည်း “ ဖရန့်လမ်းပတ်ဟာ နည်းပြအဖြစ် အမြန်ဆုံး ပြန်လာဖို့ဆုံးဖြတ်ထားပြီး ချယ်ဆီးကနေ ထုတ်ပယ်ခံလိုက်ရတာကြောင့် ရရှိခဲ့တဲ့ စိတ်ပျက်စရာအခြေအနေတွေကို အောင်မြင်မှုတွေနဲ့ ပြန်လည် သက်သေပြသွားမယ် ” ရေးသားဖော်ပြခဲ့ပါတယ်။