ဂၽြန္တယ္ရီ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ရတဲ့ ေမဆန္ေမာင့္ရဲ႕ ရွက္ဖီးနဲ႕ ပြဲက ေျခစြမ္း

ချယ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက တနင်္ဂနွေနေ့က ရှက်ဖီးလ်ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ချီးကျူးခဲ့ပါတယ်။

ပထမပိုင်းမှာ ရရှိခဲ့တဲ့ ချယ်ဆီးအသင်းရဲ့ အဖွင့်ဂိုးကိုတော့ မောင့်က သွင်းယူပေးခဲ့တာ ဖြစ်ပေမယ့် အန်တိုနီယိုရူဒီဂါရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ရှက်ဖီးလ်ယူနိုက်တက်က ချေပရဂိုး ပြန်လည်ရရှိသွားခဲ့ပါတယ်။

နည်းပြ သောမတ်စ်တူချယ်ရဲ့အသင်းဟာ တီမိုဝါနာကို ဂိုးသမားအာရွန်ရမ်စ်ဒယ် ကစားပုံကြမ်းတမ်းခဲ့လို့ ရရှိခဲ့တဲ့ ပင်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းကာ ဦးဆောင်ဂိုး ပြန်လည်ရယူသွားခဲ့ပါတယ်။ မေဆန်မောင့်ကတော့ ဒီရာသီပရီးမီးယားလိဂ် သွင်းဂိုး ၃ ဂိုး အထိ သွင်းယူထားပြီး ရှက်ဖီးလ်နဲ့နိုင်ပွဲဟာလည်း နည်းပြတူချယ်ရဲ့ ပရီးမီးယားလိဂ် ၅ ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညနေတုန်းက အသင်းဟောင်းရဲ့ ပွဲစဉ်ကို တီဗွီကနေ အားပေးနေတဲ့ တယ်ရီက ဒုတိယပိုင်းပွဲချိန်အတွင်း မေဆင်မောင့်ရဲ့ခြေစွမ်းကို တော်တော်လေး သဘောကျနေခဲ့ပါတယ်။

သူ့ရဲ့အင်စတာဂရမ်ပို့စ်မှာ တယ်ရီက “မေဆန်မောင့်က တော်တော်ကောင်းတဲ့ ကစားသမားပဲ။ ပွဲတင်ဆက်နေတဲ့သူတွေ ဒါကိုဘာလို့ မပြောကြတာပါလိမ့်” ဆိုပြီး ရေးခဲ့ပါတယ်။

နည်းပြ တူချယ်ကလည်း ရှက်ဖီးလ်ယူနိုက်တက်နဲ့ နိုင်ပွဲဟာလည်း ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လို့ အကောင်းဆုံးကြိုးစားခဲ့တဲ့ အသင်းသားတွေကို ချီးကျူးခဲ့ပါတယ်။ ချယ်ဆီး အသင်းဟာ အခုဆိုရင် ရမှတ် ၃၉ မှတ်နဲ့ အဆင့်လေးနေရာက လီဗာပူးနဲ့ ၁ မှတ်ပဲ ကွာပါတော့တယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း ဂြၽန္တယ္ရီက တနဂၤေႏြေန႔က ရွက္ဖီးလ္ယူႏိုက္တက္ကို ၂-၁ နဲ႔ အႏိုင္ ရရွိခဲ့တဲ့ ပြဲစဥ္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကြင္းလယ္ကစားသမား ေမဆန္ေမာင့္ကို ခ်ီးက်ဴးခဲ့ပါတယ္။

ပထမပိုင္းမွာ ရရွိခဲ့တဲ့ ခ်ယ္ဆီးအသင္းရဲ႕ အဖြင့္ဂိုးကိုေတာ့ ေမာင့္က သြင္းယူေပးခဲ့တာ ျဖစ္ေပမယ့္ အန္တိုနီယို႐ူဒီဂါရဲ႕ ကိုယ့္ဂိုးကိုယ္ သြင္းယူမႈေၾကာင့္ ရွက္ဖီးလ္ယူႏိုက္တက္က ေခ်ပရဂိုး ျပန္လည္ရရွိသြားခဲ့ပါတယ္။

နည္းျပ ေသာမတ္စ္တူခ်ယ္ရဲ႕အသင္းဟာ တီမိုဝါနာကို ဂိုးသမားအာ႐ြန္ရမ္စ္ဒယ္ ကစားပုံၾကမ္းတမ္းခဲ့လို႔ ရရွိခဲ့တဲ့ ပင္နယ္တီကို ေဂ်ာ္ဂ်င္ဟိုက အမွားအယြင္းမရွိ ကန္သြင္းကာ ဦးေဆာင္ဂိုး ျပန္လည္ရယူသြားခဲ့ပါတယ္။ ေမဆန္ေမာင့္ကေတာ့ ဒီရာသီပရီးမီးယားလိဂ္ သြင္းဂိုး ၃ ဂိုး အထိ သြင္းယူထားၿပီး ရွက္ဖီးလ္နဲ႔ႏိုင္ပြဲဟာလည္း နည္းျပတူခ်ယ္ရဲ႕ ပရီးမီးယားလိဂ္ ၅ ပြဲေျမာက္ပြဲစဥ္ျဖစ္ပါတယ္။

တနဂၤေႏြေန ႔ညေနတုန္းက အသင္းေဟာင္းရဲ႕ ပြဲစဥ္ကို တီဗြီကေန အားေပးေနတဲ့ တယ္ရီက ဒုတိယပိုင္းပြဲခ်ိန္အတြင္း ေမဆင္ေမာင့္ရဲ႕ေျခစြမ္းကို ေတာ္ေတာ္ေလး သေဘာက်ေနခဲ့ပါတယ္။

သူ႔ရဲ႕အင္စတာဂရမ္ပို႔စ္မွာ တယ္ရီက “ေမဆန္ေမာင့္က ေတာ္ေတာ္ေကာင္းတဲ့ ကစားသမားပဲ။ ပြဲတင္ဆက္ေနတဲ့သူေတြ ဒါကိုဘာလို႔ မေျပာၾကတာပါလိမ့္” ဆိုၿပီး ေရးခဲ့ပါတယ္။

နည္းျပ တူခ်ယ္ကလည္း ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ ႏိုင္ပြဲဟာလည္း ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲျဖစ္လို႔ အေကာင္းဆုံးႀကိဳးစားခဲ့တဲ့ အသင္းသားေတြကို ခ်ီးက်ဴးခဲ့ပါတယ္။ ခ်ယ္ဆီး အသင္းဟာ အခုဆိုရင္ ရမွတ္ ၃၉ မွတ္နဲ႔ အဆင့္ေလးေနရာက လီဗာပူးနဲ႔ ၁ မွတ္ပဲ ကြာပါေတာ့တယ္။