ဖူလ်ဟမ် Vs ချယ်ဆီး ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လန်ဒန်မြို့ခံ တစ်သင်း ဖြစ်တဲ့ ဖူလ်ဟမ် အသင်းနဲ့ ဒါဘီပွဲ ကစားရဖို့ ရှိနေပြီး ပွဲချိန် ကတော့ ဒီနေ့ ဇန်နဝါရီ ၁၆ ရက်၊ စနေနေ့ ည ၁၂ နာရီ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ရမှာပါ။

ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အိုဝင်က – ” ဖူလ်ဟမ်ကတော့ သူတို့ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ၅ ပွဲလုံး မယုံနိုင်စရာ သရေကျထားပါတယ်။ စပါးနဲ့ ပွဲမှာ ချေပဂိုး သွင်းလိုက်တာက ဖူလ်ဟမ်အသင်းဟာ ဇယား အောက်ခြေနားရောက်နေရင်တောင် အသင်းအတွက် အားကုန် ရုန်းသွားမယ့် အပေါ် မေးခွန်း ထုတ်စရာ မလိုကြောင်း ပြသသွားခဲ့တာပါ။

ချယ်ဆီးကတော့ မန်စီးတီးနဲ့ ကန်ထားတဲ့ နောက်ဆုံးလိဂ်ပွဲမှာ အခြေအနေ မကောင်းခဲ့ဘူး။ ဖရန့်လမ်းပတ်နဲ့ သူ့ တပည့်တွေ အတွက်တော့ ခရစ္စမတ်ကာလက မေ့ပစ်ချင်စရာ ဖြစ်နေမှာပါ။ သူတို့ရဲ့ နိုင်ပွဲရ နေ့ရက်တွေဆီ အမြန် ပြန်ရချင်နေမှာ ဖြစ်ပြီး ၂၀၂၁ ပထမဆုံး အဝေးကွင်းပွဲမှာ ချယ်ဆီးတို့ အနိုင်ယူချင်နေပါလိမ့်မယ်။

ဖူလ်ဟမ်က ကစားတာ ကောင်းမွန်နေ်တယ် ဆိုပေမယ့် ချယ်ဆီး တိုက်စစ်က သိပ် အင်အားကောင်းနေတယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ နှစ်သင်း အပြန်အလှန် သွင်းဂိုးတွေ မြင်ရဖို့ ရှိပြီး ဂိုးနည်းနည်း အသာနဲ့ ချယ်ဆီး နိုင်သွားမှာပါ။” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ဖူလ်ဟမ် 1-2 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းကေတာ့ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ လန္ဒန္ျမိဳ႔ခံ တစ္သင္း ျဖစ္တဲ့ ဖူလ္ဟမ္ အသင္းနဲ႕ ဒါဘီပြဲ ကစားရဖို႔ ရွိေနျပီး ပြဲခ်ိန္ ကေတာ့ ဒီေန႔ ဇန္န၀ါရီ ၁၆ ရက္၊ စေနေန႔ ည ၁၂ နာရီ အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ရမွာပါ။

ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ေတြက ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

အို၀င္က – ” ဖူလ္ဟမ္ကေတာ့ သူတို႔ ေနာက္ဆံုးကစားထားတဲ့ ပရီးမီးယားလိဂ္ ၅ ပြဲလံုး မယံုနိုင္စရာ သေရက်ထားပါတယ္။ စပါးနဲ႕ ပြဲမွာ ေခ်ပဂိုး သြင္းလိုက္တာက ဖူလ္ဟမ္အသင္းဟာ ဇယား ေအာက္ေျခနားေရာက္ေနရင္ေတာင္ အသင္းအတြက္ အားကုန္ ရုန္းသြားမယ့္ အေပၚ ေမးခြန္း ထုတ္စရာ မလိုေၾကာင္း ျပသသြားခဲ့တာပါ။

ခ်ယ္ဆီးကေတာ့ မန္စီးတီးနဲ႕ ကန္ထားတဲ့ ေနာက္ဆံုးလိိဂ္ပြဲမွာ အေျခအေန မေကာင္းခဲ့ဘူး။ ဖရန္႔လမ္းပတ္နဲ႕ သူ႔ တပည့္ေတြ အတြက္ေတာ့ ခရစၥမတ္ကာလက ေမ့ပစ္ခ်င္စရာ ျဖစ္ေနမွာပါ။ သူတို႔ရဲ႕ နိုင္ပြဲရ ေန႔ရက္ေတြဆီ အျမန္ ျပန္ရခ်င္ေနမွာ ျဖစ္ျပီး ၂၀၂၁ ပထမဆံုး အေ၀းကြင္းပြဲမွာ ခ်ယ္ဆီးတို႔ အနုိင္ယူခ်င္ေနပါလိမ့္မယ္။

ဖူလ္ဟမ္က ကစားတာ ေကာင္းမြန္ေန္တယ္ ဆိုေပမယ့္ ခ်ယ္ဆီး တိုက္စစ္က သိပ္ အင္အားေကာင္းေနတယ္လို႔ က်ေနာ္ ထင္ပါတယ္။ သူတို႔ နွစ္သင္း အျပန္အလွန္ သြင္းဂိုးေတြ ျမင္ရဖို႔ ရွိျပီး ဂိုးနည္းနည္း အသာနဲ႕ ခ်ယ္ဆီး နိုင္သြားမွာပါ။” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ ဖူလ္ဟမ္ 1-2 ခ်ယ္ဆီး ျဖစ္ပါတယ္။