ချယ်ဆီးနဲ့ စပါးတို့ ဒီလထဲ အပြိုင် ခေါ်ဖို့ ကြိုးစားနေတဲ့ အာရှသား တောင်ကိုရီးယား ခံစစ်မှူး

ပရီးမီးယားလိဂ်မှ လန်ဒန်မြို့ခံနှစ်သင်းဖြစ်တဲ့ ချယ်ဆီးနဲ့ စပါးအသင်းတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဖြစ်ချိန်မှာ နောက်တန်း ခံစစ် ကစားသမား ခေါ်ယူဖို့ ပြင်ဆင်နေပြီး တောင်ကိုရီးယားသား ကင်မင်ဂျေးကို စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ကင်မင်ဂျေးကို ခေါ်ယူဖို့အတွက် စပါးအသင်းက စတင် စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် ချယ်ဆီးအသင်းလည်း ပါဝင်လာတာကြောင့် ကစားသမား အနေနဲ့ ဘယ်အသင်းကိုရွေးချယ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အရပ် ၆ပေ၄ လက်မရှိတဲ့ ကင်မင်ဂျေးကို ပရိသတ်တွေက ဘီလူးကြီးလို့ အမည်ပြောင်ပေးထားခဲ့တယ်လို့လည်း သိရပါ တယ်။

အင်္ဂလန် The Mirror သတင်းစာရဲ့ဖော်ပြချက်အရတော့ စပါးအသင်းဟာ ကင်မင်ဂျေးကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ကတည်းက ဗာတွန်ဂန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် စိတ်ဝင်စားနေတာခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ကင်မင်ဂျေးဟာ ၂၀၂၁ ခုနှစ်အကုန်မှာ လက်ရှိကလပ်ဖြစ်တဲ့ ဘေဂျင်းဂူအမ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

စပါးအသင်းနည်းပြ မော်ရင်ဟိုအနေနဲ့ အားနည်းမှုတွေရှိနေတဲ့ အသင်းရဲ့ခံစစ်အတွက် ကင်မင်ဂျေးကိုခေါ်ယူဖို့ ကြိုးစားနေချိန်မှာ ချယ်ဆီးအသင်းကလည်း ပါဝင်လာခဲ့တာကြောင့် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွ လန္ဒန္ၿမိဳ႕ခံႏွစ္သင္းျဖစ္တဲ့ ခ်ယ္ဆီးနဲ႔ စပါးအသင္းတို႔ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ျဖစ္ခ်ိန္မွာ ေနာက္တန္း ခံစစ္ ကစားသမား ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ေတာင္ကိုရီးယားသား ကင္မင္ေဂ်းကို စိတ္ဝင္စားေနၾကတယ္လို႔ သိရပါတယ္။

ကင္မင္ေဂ်းကို ေခၚယူဖို႔အတြက္ စပါးအသင္းက စတင္ စိတ္ဝင္စားခဲ့တာျဖစ္ေပမယ့္ ခ်ယ္ဆီးအသင္းလည္း ပါဝင္လာတာေၾကာင့္ ကစားသမား အေနနဲ႔ ဘယ္အသင္းကိုေရြးခ်ယ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။ အရပ္ ၆ေပ၄ လက္မရွိတဲ့ ကင္မင္ေဂ်းကို ပရိသတ္ေတြက ဘီလူးႀကီးလို႔ အမည္ေျပာင္ေပးထားခဲ့တယ္လို႔လည္း သိရပါ တယ္။

အဂၤလန္ The Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ စပါးအသင္းဟာ ကင္မင္ေဂ်းကို ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ ကတည္းက ဗာတြန္ဂန္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ စိတ္ဝင္စားေနတာခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့ ကင္မင္ေဂ်းဟာ ၂၀၂၁ ခုႏွစ္အကုန္မွာ လက္ရွိကလပ္ျဖစ္တဲ့ ေဘဂ်င္းဂူအမ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမွာလည္း ျဖစ္ပါတယ္။

စပါးအသင္းနည္းျပ ေမာ္ရင္ဟိုအေနနဲ႔ အားနည္းမႈေတြရွိေနတဲ့ အသင္းရဲ႕ခံစစ္အတြက္ ကင္မင္ေဂ်းကိုေခၚယူဖို႔ ႀကိဳးစားေနခ်ိန္မွာ ခ်ယ္ဆီးအသင္းကလည္း ပါဝင္လာခဲ့တာေၾကာင့္ လက္ဦးမႈ ရယူၿပီး ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။