ဒီည လက်စတာ Vs ချယ်ဆီး ပွဲစဉ်အတွက် လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးအသင်းဟာ ဒီတစ်ပတ်မှာတော့ လက်စတာ အသင်းကို အဝေးကွင်း ကင်းပါဝါကွင်းမှာ ပရီးမီးယားလိဂ်ပွဲ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ ဇန်နဝါရီ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၂း၄၅ နာရီမှာပါ။

ဒီပွဲ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

လော်ရိုးက – ” ချယ်ဆီးကို အနိုင်ရမယ်ဆိုရင် နိုဝင်ဘာလ ၂၀ ရက်နေ့ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လက်စတာဟာ အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်ပါမယ်။ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာလည်း သူတို့ သိပ်ကောင်းခဲ့ပါတယ်။

ကျနော်ကတော့ ဒီတစ်ကြိမ် မြေခွေးတွေ ခြေချော်မယ်လို့ ခံစားမိနေတယ်။ စိန့်တွေကို အနိုင်ရခဲ့ပေမယ့်လည်း သူတို့ရဲ့ အိမ်ကွင်း ပုံစံက သိပ်ကြီး ကောင်းနေတာ မဟုတ်သလို ဗာဒီရဲ့ ကြံ့ခိုင်မှုကလည်း သံသယ ဝင်စရာပါပဲ။ ခက်ခဲပြီး ကြပ်တည်းတဲ့ ပွဲတွေ ယှဉ်ပြိုင်ရမယ့် ကာလတွေ ရောက်လာတော့မှာမို့ လက်စတာက ဒီပွဲမှာ ဗာဒီကို အနားပေးနိုင်တယ်။

ချယ်ဆီးကလည်း အရမ်းကြီး ကောင်းမွန်နေတာ မဟုတ်ဘူး။ သူတို့က စနေနေ့တုန်းက ဖူလ်ဟမ်နဲ့ပွဲမှာ လိုအပ်တဲ့ အနိုင်ရလဒ်ကို ရယူ နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ၁၀ ယောက်ပဲ ကျန်တဲ့ အသင်းကို အရမ်းကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့တာ မဟုတ်ဘူး။ အဲ့ပွဲမတိုင်ခင်က အပြာရောင်တွေက စွမ်းဆောင်ရည် ညံ့ထားတယ်။ ဒါပေမယ့်လို့ ရာသီစတုန်းက သူတို့ လုပ်ပြနိုင်ခဲ့သလို ကောင်းမွန်တဲ့ ရလဒ်တွေကို ဆက်တိုက် ယူနိုင်မယ်လို့ ထင်ပါတယ်။

ဒီပွဲမှာတော့ ချယ်ဆီးကိုပဲ ဦးစားပေးလိုတယ်။ သူတို့ထက် အင်အားပျော့တဲ့ ဝက်ဟမ်း၊ အက်စတွန်ဗီလာနဲ့ ဖူလ်ဟမ်လို အသင်းတွေတောင် ကင်းပါဝင်ကို သွားရောက်ပြီး အနိုင်ရထားတယ်။ ဒီပွဲမှာတော့ ချယ်ဆီးဘက်က ကျနော် ရှိပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ လက်စတာ ဝ-၂ ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတစ္ပတ္မွာေတာ့ လက္စတာ အသင္းကို အေ၀းကြင္း ကင္းပါ၀ါကြင္းမွာ ပရီးမီးယားလိဂ္ပြဲ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ ဇန္န၀ါရီ ၂၀ ရက္၊ ဗုဒၶဟူးေန႕၊ နံနက္ ၂း၄၅ နာရီမွာပါ။

ဒီပြဲ အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရုိးရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္က ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

ေလာ္ရိုးက – ” ခ်ယ္ဆီးကို အႏုိင္ရမယ္ဆိုရင္ ႏိုဝင္ဘာလ ၂၀ ရက္ေန႔ ေနာက္ပိုင္း ပထမဆံုး အၾကိမ္အျဖစ္ လက္စတာဟာ အမွတ္ေပးဇယားထိပ္ကို ျပန္ေရာက္ပါမယ္။ ျပီးခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲမွာလည္း သူတို႔ သိပ္ေကာင္းခဲ့ပါတယ္။

က်ေနာ္ကေတာ့ ဒီတစ္ၾကိမ္ ေျမေခြးေတြ ေျခေခ်ာ္မယ္လို႔ ခံစားမိေနတယ္။ စိန္႔ေတြကို အႏုိင္ရခဲ့ေပမယ့္လည္း သူတို႔ရဲ႕ အိမ္ကြင္း ပံုစံက သိပ္ၾကီး ေကာင္းေနတာ မဟုတ္သလို ဗာဒီရဲ႕ ၾကံ႕ခိုင္မႈကလည္း သံသယ ဝင္စရာပါပဲ။ ခက္ခဲျပီး ၾကပ္တည္းတဲ့ ပြဲေတြ ယွဥ္ျပိဳင္ရမယ့္ ကာလေတြ ေရာက္လာေတာ့မွာမို႔ လက္စတာက ဒီပြဲမွာ ဗာဒီကို အနားေပးႏုိင္တယ္။

ခ်ယ္ဆီးကလည္း အရမ္းၾကီး ေကာင္းမြန္ေနတာ မဟုတ္ဘူး။ သူတို႔က စေနေန႔တုန္းက ဖူလ္ဟမ္နဲ႔ပြဲမွာ လိုအပ္တဲ့ အႏုိင္ရလဒ္ကို ရယူ နုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ ၁၀ ေယာက္ပဲ က်န္တဲ့ အသင္းကို အရမ္းေကာင္းေကာင္း ယွဥ္ျပိဳင္နုိင္ခဲ့တာ မဟုတ္ဘူး။ အဲ့ပြဲမတိုင္ခင္က အျပာေရာင္ေတြက စြမ္းေဆာင္ရည္ ညံ့ထားတယ္။ ဒါေပမယ့္လို႔ ရာသီစတုန္းက သူတို႔ လုပ္ျပႏုိင္ခဲ့သလို ေကာင္းမြန္တဲ့ ရလဒ္ေတြကို ဆက္တိုက္ ယူႏုိင္မယ္လို႔ ထင္ပါတယ္။

ဒီပြဲမွာေတာ့ ခ်ယ္ဆီးကိုပဲ ဦးစားေပးလိုတယ္။ သူတို႔ထက္ အင္အားေပ်ာ့တဲ့ ဝက္ဟမ္း၊ အက္စတြန္ဗီလာနဲ႔ ဖူလ္ဟမ္လို အသင္းေတြေတာင္ ကင္းပါဝင္ကို သြားေရာက္ျပီး အႏုိင္ရထားတယ္။ ဒီပြဲမွာေတာ့ ခ်ယ္ဆီးဘက္က က်ေနာ္ ရွိပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ လက္စတာ ၀-၂ ခ်ယ္ဆီး ျဖစ္ပါတယ္။