ချန်ပီယံလိဂ် ရံှူးထွက် မဲခွဲအပြီး ဗိုလ်ဆွဲဖို့ ရေပန်းအစားဆုံး အဆင့်သက်မှတ်ချက် ထွက်ပေါ်

ခ်န္ပီယံလိဂ္ ရံွဴးထြက္ပြဲေတြအျဖစ္ ၁၆ သင္းအဆင့္အတြက္ မဲခြဲမႈေတြ ထြက္ေပၚခဲ့ျပီျဖစ္ျပီး ပရီးမီးယားလိဂ္ ကလပ္အသင္းေတြထဲ စပါးနဲ႔ လိုက္ဇစ္ကလြဲလို႔ က်န္အသင္းတိုင္းက ျပိဳင္ဘက္ေကာင္းေတြနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ျပီး ခက္ခက္ခဲခဲ ယွဥ္ျပိဳင္ရဖြယ္ ရွိေနပါတယ္။

အဂၤလန္အသင္း သံုးသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို အနည္းဆံုး ၅ ၾကိမ္းစီ အႏုိင္ရထားတဲ့ ထိပ္တန္း ျပိဳင္ဘက္ေတြနဲ႔ ေတြ႔ဆံုရမွာျဖစ္ျပီး ဗိုလ္ဆြဲဖို႔ ေရပန္းအစားဆံုး အသင္းေတြကိုလည္း သက္ဆိုင္ရာ သတင္းဌာန အသီးသီးက ထုတ္ျပန္မႈေတြ လုပ္ထားခဲ့တယ္။ နာမည္ေက်ာ္ Goal သတင္းဌာနကလည္း ဒီရာသီ ဥေရာပခ်န္ပီယံဖို႔ ေရပန္းစားတဲ့ အသင္းကို ထုတ္ျပန္ရာမွာ ထိပ္ဆံုးမွာ လီဗာပူး၊ ဘာစီလိုနာတို႔ကို ေနရာေပးခဲ့တာျဖစ္တယ္။

အဆုိပါ သတင္းဌာနက ေဖာ္ျပတဲ့ ဒီႏွစ္ရဲ႕ ဥေရာပ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆံုး ထိပ္ဆံုးေလးသင္းက ဂ်ဴဗင္တပ္၊ ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာနဲ႔ လီဗာပူးအသင္းတို႔ျဖစ္ကာ အျမင့္ဆံုး ေရပန္းစားအသင္းက လီဗာပူးအျဖစ္ နံပါတ္ တစ္ေနရာမွာ ေဖာ္ျပခဲ့ပါတယ္။

Goal ကပဲ ပူးတြဲ ေဖာ္ျပရာမွာ ” ယာဂင္ကေလာ့ပ္ရဲ႕ အသင္းအတြက္ ဦးစားေပးက ပရီးမီးယားလိဂ္ဖလား အႏုိင္ရဖို႔ျဖစ္တယ္။ သူတို႔ဟာ ေဖေဖာ္ဝါရီမွာ ျပန္လည္စတင္မယ့္ ရံွဴးထြက္အဆင့္ ပြဲေတြကိုလည္း အေကာင္းဆံုး ယွဥ္ျပိဳင္သင့္ပါတယ္။

မႏွစ္ကရာသီ ဘာစီလိုနာကို သံုးဂိုးျပတ္ ရံွဴးမႈအား ျပန္တုန္႔ျပန္ျပခဲ့တဲ့ ပြဲစဥ္ျပီးတဲ့ေနာက္ ဘယ္လိုအသင္းကမွ အန္ဖီးကို ယံုၾကည္ခ်က္ရွိစြာနဲ႔ လာရဲၾကမွာ မဟုတ္တဲ့ အက်ိဳးအျမတ္ကို ပိုင္ဆုိင္ထားတာကလည္း လီဗာပူးတို႔ ဥေရာပဖလားကို ဆက္လက္ ထိန္းသိမ္းဖို႔ အားသာခ်က္ျဖစ္တယ္။ လီဗာပူးဟာ ဒီလထဲမွာပဲ သူတို႔ဟာ ကမၻာအေကာင္းဆံုး ေဘာလံုးအသင္းဆိုတာကို ကိုယ္ဘာသာပဲ သက္ေသျပႏုိင္မွာျဖစ္ျပီး ဒဏ္ရာျပႆနာ ကင္းစင္ေနရင္ သူတို႔ကို ရပ္တန္႔ဖို႔ဆိုတာ ခက္ခဲလွပါတယ္ ” လို႔ ညႊန္းဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

ချန်ပီယံလိဂ် ရံှူးထွက်ပွဲတွေအဖြစ် ၁၆ သင်းအဆင့်အတွက် မဲခွဲမှုတွေ ထွက်ပေါ်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲ စပါးနဲ့ လိုက်ဇစ်ကလွဲလို့ ကျန်အသင်းတိုင်းက ပြိုင်ဘက်ကောင်းတွေနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

အင်္ဂလန်အသင်း သုံးသင်းဟာ ချန်ပီယံလိဂ်ဖလားကို အနည်းဆုံး ၅ ကြိမ်းစီ အနိုင်ရထားတဲ့ ထိပ်တန်း ပြိုင်ဘက်တွေနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ဗိုလ်ဆွဲဖို့ ရေပန်းအစားဆုံး အသင်းတွေကိုလည်း သက်ဆိုင်ရာ သတင်းဌာန အသီးသီးက ထုတ်ပြန်မှုတွေ လုပ်ထားခဲ့တယ်။ နာမည်ကျော် Goal သတင်းဌာနကလည်း ဒီရာသီ ဥရောပချန်ပီယံဖို့ ရေပန်းစားတဲ့ အသင်းကို ထုတ်ပြန်ရာမှာ ထိပ်ဆုံးမှာ လီဗာပူး၊ ဘာစီလိုနာတို့ကို နေရာပေးခဲ့တာဖြစ်တယ်။

အဆိုပါ သတင်းဌာနက ဖော်ပြတဲ့ ဒီနှစ်ရဲ့ ဥရောပ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ထိပ်ဆုံးလေးသင်းက ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနဲ့ လီဗာပူးအသင်းတို့ဖြစ်ကာ အမြင့်ဆုံး ရေပန်းစားအသင်းက လီဗာပူးအဖြစ် နံပါတ် တစ်နေရာမှာ ဖော်ပြခဲ့ပါတယ်။

Goal ကပဲ ပူးတွဲ ဖော်ပြရာမှာ ” ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် ဦးစားပေးက ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ဖြစ်တယ်။ သူတို့ဟာ ဖေဖော်ဝါရီမှာ ပြန်လည်စတင်မယ့် ရံှူးထွက်အဆင့် ပွဲတွေကိုလည်း အကောင်းဆုံး ယှဉ်ပြိုင်သင့်ပါတယ်။

မနှစ်ကရာသီ ဘာစီလိုနာကို သုံးဂိုးပြတ် ရံှူးမှုအား ပြန်တုန့်ပြန်ပြခဲ့တဲ့ ပွဲစဉ်ပြီးတဲ့နောက် ဘယ်လိုအသင်းကမှ အန်ဖီးကို ယုံကြည်ချက်ရှိစွာနဲ့ လာရဲကြမှာ မဟုတ်တဲ့ အကျိုးအမြတ်ကို ပိုင်ဆိုင်ထားတာကလည်း လီဗာပူးတို့ ဥရောပဖလားကို ဆက်လက် ထိန်းသိမ်းဖို့ အားသာချက်ဖြစ်တယ်။ လီဗာပူးဟာ ဒီလထဲမှာပဲ သူတို့ဟာ ကမ္ဘာအကောင်းဆုံး ဘောလုံးအသင်းဆိုတာကို ကိုယ်ဘာသာပဲ သက်သေပြနိုင်မှာဖြစ်ပြီး ဒဏ်ရာပြဿနာ ကင်းစင်နေရင် သူတို့ကို ရပ်တန့်ဖို့ဆိုတာ ခက်ခဲလှပါတယ် ” လို့ ညွှန်းဆိုခဲ့တာဖြစ်ပါတယ်။