အူဘာ၊ လာကာတိုက်စစ် ပြိုကွဲဖွယ်ရှိပြီး အသင်းကို ပြန်ရုန်းထကြဖို့ တောင်းဆိုလိုက်တဲ့ ပီပီ

အာဆင္နယ္ဟာ ဒီရက္ပိုင္းမွာ မန္ေနဂ်ာသစ္ ခန္႔အပ္ႏုိင္ဖို႔ စတင္ၾကိဳးစားေနျပီျဖစ္ျပီး ကလပ္အသင္း ကြင္းလယ္လူေဟာင္း အာတီတာကို အျမဲတမ္း မန္ေနဂ်ာအျဖစ္ ခန္႔အပ္ႏုိင္ဖို႔ မန္ခ်က္စတာက ၄င္းရဲ႕ ေနအိမ္မွာ ကလပ္အသင္း အၾကီးအကဲေတြက သြားေရာက္ ေဆြးေႏြးခဲ့ၾကပါတယ္။

ရလဒ္ေတြ ဆိုးရြားေနတဲ့ အာဆင္နယ္ဟာ ကြင္းအတြင္းမွာ ပြဲထြက္လူစာရင္းတစ္ခုကို ေဖာ္ထုတ္ဖို႔လည္း ရုန္းကန္ေနရတာျဖစ္ျပီး အူဘာ၊ လာကာ တိုက္စစ္အတြဲကို ထုတ္သံုးျခင္းဟာ ခံစစ္ကို ပိုဝန္ပိေစတယ္လို႔ ယာယီမန္ေနဂ်ာ ယြန္းဘတ္က ေျပာပါတယ္။

ယြန္းဘတ္က ” အူဘာနဲ႔ လာကာကို တြဲဘက္ျပီး သံုးဖို႔ ၾကိဳးစားေပမယ့္ သူတိုႏွစ္ဦးကို တြဲသံုးတာက ခံစစ္ကို ပိုမိုဆိုးရြားေစတာကို ျမင္ခဲ့ရတယ္။ သူတို႔လို ထိပ္တန္း ကစားသမားေတြကို အတူသံုးဖို႔ ဆႏၵရွိခဲ့ေပမယ့္ ခံစစ္က အေတာ္ေလး ထိခိုက္ခဲ့တယ္။ ႏွစ္ဦးထဲက တစ္ဦးကိုပဲ သံုးတဲ့အခါ ခံစစ္ကစားပံုက စုစည္းမႈပိုင္း ပိုေကာင္းလာခဲ့ပါတယ္ ” လို႔ ရွင္းျပခ့ဲတာျဖစ္တယ္။

အာဆင္နယ္ဟာ လက္ရွိမွာ ရလဒ္ေတြ ဆက္တိုက္ဆိုးေနျပီး ထိပ္ဆံုး ေလးသင္းဝင္ခြင့္အတြက္ ရမွတ္ေတြက ပိုေဝးလာေနပါျပီ။ ဒီအေျခအေနေၾကာင့္ အျမဲတမ္းမန္ေနဂ်ာတစ္ဦး ခန္႔အပ္ဖို႔ လိုလာျပီလို႔ အသင္းတာဝန္ရွိသူေတြက ယံုၾကည္ေနေပမယ့္ ဝါရင့္မန္ေနဂ်ာေတြကို အျခားလိဂ္ကေန ေခၚယူမယ့္အစား အသင္းနဲ႔ အသင္းသားေတြရဲ႕ အေျခအေနကို သိမယ့္ ပရီးမီးယားလိဂ္မွ က်င္လယ္ေနသူ တစ္ဦးကိုပဲ အစားထိုး ေခၚယူလိုေနတာျဖစ္တယ္။

ကလပ္စံခ်ိန္တင္ ကစားသမား ပီပီကေတာ့ ” အသင္းသားေတြ အေနနဲ႔ က်ေနာ္တုိ႔ ပိုေကာင္းေကာင္း လုပ္ႏုိင္ဖို႔ လိုေနပါတယ္။ က်ေနာ္တုိ႔ဟာ ျပီးခဲ့တဲ့ ၁၂ ပြဲမွာ ၁ ပြဲပဲ အႏုိင္ရထားျပီး ဒါက မလံုေလာက္ပါဘူး။ က်ေနာ္တုိ႔က အာဆင္နယ္အသင္းပါ ပိုေကာင္းေကာင္း ကစားႏုိင္ရပါမယ္။ ရလဒ္ေတြက က်ေန္ာတို႔ေၾကာင့္ျဖစ္ျပီး မန္ေနဂ်ာနဲ႔ မဆုိင္ပါဘူး။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

UNICODE

အာဆင်နယ်ဟာ ဒီရက်ပိုင်းမှာ မန်နေဂျာသစ် ခန့်အပ်နိုင်ဖို့ စတင်ကြိုးစားနေပြီဖြစ်ပြီး ကလပ်အသင်း ကွင်းလယ်လူဟောင်း အာတီတာကို အမြဲတမ်း မန်နေဂျာအဖြစ် ခန့်အပ်နိုင်ဖို့ မန်ချက်စတာက ၎င်းရဲ့ နေအိမ်မှာ ကလပ်အသင်း အကြီးအကဲတွေက သွားရောက် ဆွေးနွေးခဲ့ကြပါတယ်။

ရလဒ်တွေ ဆိုးရွားနေတဲ့ အာဆင်နယ်ဟာ ကွင်းအတွင်းမှာ ပွဲထွက်လူစာရင်းတစ်ခုကို ဖော်ထုတ်ဖို့လည်း ရုန်းကန်နေရတာဖြစ်ပြီး အူဘာ၊ လာကာ တိုက်စစ်အတွဲကို ထုတ်သုံးခြင်းဟာ ခံစစ်ကို ပိုဝန်ပိစေတယ်လို့ ယာယီမန်နေဂျာ ယွန်းဘတ်က ပြောပါတယ်။

ယွန်းဘတ်က ” အူဘာနဲ့ လာကာကို တွဲဘက်ပြီး သုံးဖို့ ကြိုးစားပေမယ့် သူတိုနှစ်ဦးကို တွဲသုံးတာက ခံစစ်ကို ပိုမိုဆိုးရွားစေတာကို မြင်ခဲ့ရတယ်။ သူတို့လို ထိပ်တန်း ကစားသမားတွေကို အတူသုံးဖို့ ဆန္ဒရှိခဲ့ပေမယ့် ခံစစ်က အတော်လေး ထိခိုက်ခဲ့တယ်။ နှစ်ဦးထဲက တစ်ဦးကိုပဲ သုံးတဲ့အခါ ခံစစ်ကစားပုံက စုစည်းမှုပိုင်း ပိုကောင်းလာခဲ့ပါတယ် ” လို့ ရှင်းပြခဲ့တာဖြစ်တယ်။

အာဆင်နယ်ဟာ လက်ရှိမှာ ရလဒ်တွေ ဆက်တိုက်ဆိုးနေပြီး ထိပ်ဆုံး လေးသင်းဝင်ခွင့်အတွက် ရမှတ်တွေက ပိုဝေးလာနေပါပြီ။ ဒီအခြေအနေကြောင့် အမြဲတမ်းမန်နေဂျာတစ်ဦး ခန့်အပ်ဖို့ လိုလာပြီလို့ အသင်းတာဝန်ရှိသူတွေက ယုံကြည်နေပေမယ့် ဝါရင့်မန်နေဂျာတွေကို အခြားလိဂ်ကနေ ခေါ်ယူမယ့်အစား အသင်းနဲ့ အသင်းသားတွေရဲ့ အခြေအနေကို သိမယ့် ပရီးမီးယားလိဂ်မှ ကျင်လယ်နေသူ တစ်ဦးကိုပဲ အစားထိုး ခေါ်ယူလိုနေတာဖြစ်တယ်။

ကလပ်စံချိန်တင် ကစားသမား ပီပီကတော့ ” အသင်းသားတွေ အနေနဲ့ ကျနော်တို့ ပိုကောင်းကောင်း လုပ်နိုင်ဖို့ လိုနေပါတယ်။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၁၂ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားပြီး ဒါက မလုံလောက်ပါဘူး။ ကျနော်တို့က အာဆင်နယ်အသင်းပါ ပိုကောင်းကောင်း ကစားနိုင်ရပါမယ်။ ရလဒ်တွေက ကျနေ်ာတို့ကြောင့်ဖြစ်ပြီး မန်နေဂျာနဲ့ မဆိုင်ပါဘူး။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။