ချယ်ဆီးအသင်းအတွက် ကြိုးစားပေးချင်ပေမယ့် အထုတ်ခံရမှာ စိတ်ပူနေရပြီ ဖြစ်ကြောင်း လမ်းပတ် ဝန်ခံ

ချယ်ဆီး အသင်း နည်းပြ လမ်းပတ်ကတော့ ဒီတလော ရှုံးပွဲ ဆက်၊ နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ ကလပ်အသင်း အတွက် နိုင်ပွဲတွေ ပြန် ရှာဖွေ ပေးလိုသော်လည်း လုံလောက်တဲ့ အချိန်တစ်ခုတောင် မရလိုက်ခင်မှာပဲ နည်းပြနေရာက ဖယ်ပေး ရဖို့ လမ်းမြင်နေပြီလို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၇ပွဲကစား ၇ပွဲနိုင် ၅ပွဲသရေ ၅ပွဲရှုံးပြီး ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၉နေရာမှာ ရပ်တည်နေပါတယ်။

ဒီသီတင်းပတ်မှာတော့ ချယ်ဆီးက လိဂ်တူးကလပ် မိုရီကမ်ဘီအသင်းနဲ့ အက်ဖ်အေဖလား တတိယအဆင့် ကစားဖို့ ရှိနေပြီး အဆို ပါပွဲရဲ့ ရလဒ်နဲ့ ခြေစွမ်းက နည်းပြ လမ်းပတ်ရဲ့ အနာဂတ်ဖြစ်လာနိုင်ပါတယ်။

“စိတ်ရှည်မှုက အဆင်ပြေမယ်ဆိုပေမယ့် ကျွန်တော်ကတော့ ဘောလုံးအတွက်သာ ပြောနိုင်ပါတယ်။ ဘာလို့လဲဆို တော့ ကျွန်တော့်စီရင်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ချက်တွေက အခြားသူတစ်ဦးရဲ့ လက်ထဲမှာမို့လို့ပါ။ကျွန်တော်ကတော့ နေ့ တိုင်း နိုးထဖို့ ဆုံးဖြတ်ချက်နဲ့ အသင်းကို အကောင်းဆုံး ဖြစ်လာဖို့ပဲ လုပ်ဆောင်နေသူပါ။လက်ရှိအချိန်မှာ နည်းပြ တစ်ဖွဲ့လုံး အရမ်းကို ခက်ခဲနေရပါပြီ။”လို့ လမ်းပတ်က ပြောပါတယ်။

ဒါ့အပြင် လမ်းပတ်က ချယ်ဆီးဟာ ၁၆ပွဲဆက်တိုက်လောက် ရှုံးပွဲ မရှိ မှတ်တမ်းကောင်းများ ရခဲ့သေးပြီး အခုနောက်ဆုံး ကစားထား တဲ့ ၆ပွဲမှာ ၄ပွဲသာရှုံး၊ တစ်ပွဲနိုင်ပြီး တစ်ပွဲသရေကျ ထားကြောင်း၊ အဲဒါကသာ အမှန်ကန်ဆုံးသော အချက်အလက်ပါပဲလို့ လည်း ပြောဆိုခဲ့ပါသေးတယ်။

ချယ်ဆီးအသင်း ဟာ လိဂ် နောက်ဆုံး ၆ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရထားလို့ ၎င်းနေရာမှာ အခြား နည်းပြ တစ်ဦးနဲ့ အစားထိုးဖို့ အသင်းပိုင်ရှင်က ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္း နည္းျပ လမ္းပတ္ကေတာ့ ဒီတေလာ ရွံဳးပြဲ ဆက္၊ နုိင္ပြဲေတြ ေပ်ာက္ဆံုးေနတဲ့ ကလပ္အသင္း အတြက္ နိုင္ပြဲေတြ ျပန္ ရွာေဖြ ေပးလိုေသာ္လည္း လုံေလာက္တဲ့ အခ်ိန္တစ္ခုေတာင္ မရလိုက္ခင္မွာပဲ နည္းျပေနရာက ဖယ္ေပး ရဖို႔ လမ္းျမင္ေနၿပီလို႔ ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္မွာ ၁၇ပြဲကစား ၇ပြဲႏိုင္ ၅ပြဲသေရ ၅ပြဲရႈံးၿပီး ရမွတ္ ၂၆ မွတ္နဲ႔ အဆင့္ ၉ေနရာမွာ ရပ္တည္ေနပါတယ္။

ဒီသီတင္းပတ္မွာေတာ့ ခ်ယ္ဆီးက လိဂ္တူးကလပ္ မိုရီကမ္ဘီအသင္းနဲ႔ အက္ဖ္ေအဖလား တတိယအဆင့္ ကစားဖို႔ ရွိေနၿပီး အဆို ပါပြဲရဲ႕ ရလဒ္နဲ႔ ေျခစြမ္းက နည္းျပ လမ္းပတ္ရဲ႕ အနာဂတ္ျဖစ္လာႏိုင္ပါတယ္။

“စိတ္ရွည္မႈက အဆင္ေျပမယ္ဆိုေပမယ့္ ကြၽန္ေတာ္ကေတာ့ ေဘာလုံးအတြက္သာ ေျပာႏိုင္ပါတယ္။ ဘာလို႔လဲဆို ေတာ့ ကြၽန္ေတာ့္စီရင္ပိုင္ခြင့္နဲ႔ ဆုံးျဖတ္ခ်က္ေတြက အျခားသူတစ္ဦးရဲ႕ လက္ထဲမွာမို႔လို႔ပါ။ကြၽန္ေတာ္ကေတာ့ ေန႔ တိုင္း ႏိုးထဖို႔ ဆုံးျဖတ္ခ်က္နဲ႔ အသင္းကို အေကာင္းဆုံး ျဖစ္လာဖို႔ပဲ လုပ္ေဆာင္ေနသူပါ။လက္ရွိအခ်ိန္မွာ နည္းျပ တစ္ဖြဲ႕လုံး အရမ္းကို ခက္ခဲေနရပါၿပီ။”လို႔ လမ္းပတ္က ေျပာပါတယ္။

ဒါ့အျပင္ လမ္းပတ္က ခ်ယ္ဆီးဟာ ၁၆ပြဲဆက္တိုက္ေလာက္ ရႈံးပြဲ မရွိ မွတ္တမ္းေကာင္းမ်ား ရခဲ့ေသးျပီး အခုေနာက္ဆုံး ကစားထား တဲ့ ၆ပြဲမွာ ၄ပြဲသာရႈံး၊ တစ္ပြဲႏိုင္ၿပီး တစ္ပြဲသေရက် ထားေၾကာင္း၊ အဲဒါကသာ အမွန္ကန္ဆုံးေသာ အခ်က္အလက္ပါပဲလို႔ လည္း ေျပာဆိုခဲ့ပါေသးတယ္။

ခ်ယ္ဆီးအသင္း ဟာ လိဂ္ ေနာက္ဆုံး ၆ပြဲမွာ ႏိုင္ပြဲတစ္ပြဲသာ ရထားလို႔ ၎ေနရာမွာ အျခား နည္းျပ တစ္ဦးနဲ႔ အစားထိုးဖို႔ အသင္းပိုင္ရွင္က ျပင္ဆင္ေနၿပီလည္း ျဖစ္ပါတယ္။