ဟာဗက္ဇ္ ေျခစြမ္းမျပနုိင္တဲ့ တကယ့္ အေၾကာင္းရင္းကို ရွင္းျပေျပာဆိုခဲ့တဲ့ လမ္းပတ္

ခ်ယ္ဆီးနည္းျပ လမ္းပတ္က ျပီးခဲ့တဲ့ေႏြက ေပါင္ ၈၉သန္းနဲ႕ ေခၚယူထားျပီး အစြမ္းေေကာင္းေတြ မျပနိုင္ေသးတဲ့ ကိုင္ဟာဗက္ဇ္ကို စိတ္ရွည္စြာပဲ ေစာင့္ၾကည့္ေနျပီး ဒီည စီးတီးနဲ႕ ပြဲမွာအခြင့္အေရး ထပ္ေပးသြားဖို႔ ရွိေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဆာလက္နဲ႔ ဒီဘ႐ိုင္းတုန္းက ႀကီးမားတဲ့ အမွားေတြ ျပဳလုပ္ခဲ့ၿပီး ယခု ကိုင္ဟာဗက္ဇ္နဲ႔ ပတ္သက္ၿပီး အမွားထပ္မလုပ္မိဖို႔ လိုအပ္ေနပါတယ္။ ဆာလက္နဲ႔ ဒီဘ႐ိုင္းတို႔ကို ခ်ယ္ဆီးအသင္းက စိတ္ရွည္ေပးျခင္း မရွိပဲ ေရာင္းထုတ္ခဲ့ၿပီးေနာက္ လီဗာပူးနဲ႔ မန္စီးတီးတို႔မွာ အဆိုပါ ကစားသမား၂ေယာက္ ကမာၻ႔အဆင့္ေတြအျဖစ္ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးခဲ့ပါတယ္။

လက္ရွိ ေနာက္ဆုံး ၇ပြဲမွာ ဂိုးမရထားတဲ့ ကိုင္ဟာဗက္ဇ္ကိုလည္း ပရီးမီးယားလိဂ္နဲ႔ အသားက်ဖို႔အြက္ အခ်ိန္ေပးရန္ လိုအပ္ေၾကာင္းနဲ႕ စိတ္ရွည္ေပးဖို႔ လမ္းပတ္က ဆိုပါတယ္။

လမ္းပတ္က “ပရီးမီးယားလိဂ္ကို ကိုင္ေရာက္လာၿပီး ေျခစြမ္းေကာင္းအခ်ိဳ႕ ျပႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ ကိုဗစ္ျဖစ္တယ္။ ကိုဗစ္ေၾကာင့္ မၾကာခဏ ႀကံ့ခိုင္မႈ ျပႆနာနဲ႔ ႀကဳံေနရပါတယ္။ လူေတြက အဲ့ဒါကို ေျပာဆိုေနၾကၿပီး ကိုဗစ္ေၾကာင့္ လူေတြ ဘယ္ေလာက္ထိ ထိခိုက္ၾကလဲဆိုတာ ဖတ္ဖူးပါတယ္”

“အခ်ိဳ႕သူေတြက လကၡဏာ မျပေပမဲ့ သူက အဲ့ဒါျဖစ္ၿပီး ေတာ္ေတာ္ေလး က်သြားပါတယ္။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ သူ႔ကို ကူညီဖို႔ ႀကိဳးစားေနပါတယ္။ ကြၽန္ေတာ္ သူ႔ကို လုံး၀ ယုံၾကည္ၿပီး အခ်ိန္ေပးဖို႔ လိုေနပါတယ္။ ကြၽန္ေတာ္ အလုပ္ပိုလုပ္ဖို႔ လိုတယ္ဆိုတာ သိပါတယ္။ ကိုင္က ကြၽန္ေတာ္နဲ႔ မတူေပမဲ့ ကိုဗစ္ကေန ျပန္လာခ်ိန္ အလုပ္ႀကိဳးစားဖို႔ အခ်ိန္ေပးရပါမယ္။ သူ႔ကို အဲ့ဒီကိစၥနဲ႔ ပတ္သက္ၿပီး စိန္ေခၚဖို႔အတြက္ ကြၽန္ေတာ္ စိတ္လႈပ္ရွားေနမိပါတယ္”လို႔ ေျပာခဲ့ပါတယ္။

Unicode

ချယ်ဆီးနည်းပြ လမ်းပတ်က ပြီးခဲ့တဲ့နွေက ပေါင် ၈၉သန်းနဲ့ ခေါ်ယူထားပြီး အစွမ်းေကောင်းတွေ မပြနိုင်သေးတဲ့ ကိုင်ဟာဗက်ဇ်ကို စိတ်ရှည်စွာပဲ စောင့်ကြည့်နေပြီး ဒီည စီးတီးနဲ့ ပွဲမှာအခွင့်အရေး ထပ်ပေးသွားဖို့ ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ ဆာလက်နဲ့ ဒီဘရိုင်းတုန်းက ကြီးမားတဲ့ အမှားတွေ ပြုလုပ်ခဲ့ပြီး ယခု ကိုင်ဟာဗက်ဇ်နဲ့ ပတ်သက်ပြီး အမှားထပ်မလုပ်မိဖို့ လိုအပ်နေပါတယ်။ ဆာလက်နဲ့ ဒီဘရိုင်းတို့ကို ချယ်ဆီးအသင်းက စိတ်ရှည်ပေးခြင်း မရှိပဲ ရောင်းထုတ်ခဲ့ပြီးနောက် လီဗာပူးနဲ့ မန်စီးတီးတို့မှာ အဆိုပါ ကစားသမား၂ယောက် ကမ္ဘာ့အဆင့်တွေအဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

လက်ရှိ နောက်ဆုံး ၇ပွဲမှာ ဂိုးမရထားတဲ့ ကိုင်ဟာဗက်ဇ်ကိုလည်း ပရီးမီးယားလိဂ်နဲ့ အသားကျဖို့အွက် အချိန်ပေးရန် လိုအပ်ကြောင်းနဲ့ စိတ်ရှည်ပေးဖို့ လမ်းပတ်က ဆိုပါတယ်။

လမ်းပတ်က “ပရီးမီးယားလိဂ်ကို ကိုင်ရောက်လာပြီး ခြေစွမ်းကောင်းအချို့ ပြနိုင်ခဲ့ပါတယ်။ ပြီးတော့ ကိုဗစ်ဖြစ်တယ်။ ကိုဗစ်ကြောင့် မကြာခဏ ကြံ့ခိုင်မှု ပြဿနာနဲ့ ကြုံနေရပါတယ်။ လူတွေက အဲ့ဒါကို ပြောဆိုနေကြပြီး ကိုဗစ်ကြောင့် လူတွေ ဘယ်လောက်ထိ ထိခိုက်ကြလဲဆိုတာ ဖတ်ဖူးပါတယ်”

“အချို့သူတွေက လက္ခဏာ မပြပေမဲ့ သူက အဲ့ဒါဖြစ်ပြီး တော်တော်လေး ကျသွားပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သူ့ကို ကူညီဖို့ ကြိုးစားနေပါတယ်။ ကျွန်တော် သူ့ကို လုံး၀ ယုံကြည်ပြီး အချိန်ပေးဖို့ လိုနေပါတယ်။ ကျွန်တော် အလုပ်ပိုလုပ်ဖို့ လိုတယ်ဆိုတာ သိပါတယ်။ ကိုင်က ကျွန်တော်နဲ့ မတူပေမဲ့ ကိုဗစ်ကနေ ပြန်လာချိန် အလုပ်ကြိုးစားဖို့ အချိန်ပေးရပါမယ်။ သူ့ကို အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး စိန်ခေါ်ဖို့အတွက် ကျွန်တော် စိတ်လှုပ်ရှားနေမိပါတယ်”လို့ ပြောခဲ့ပါတယ်။