လာမယ့် ပွဲစဉ်တွေမှာ ချယ်ဆီးအသင်း အတွက် ပွဲကစားခွင့် ပိုရလာဖို့ ရှိတဲ့ လူငယ်နှစ်ဦး

ချယ်ဆီး လူငယ်ကစားသမားတွေဖြစ်တဲ့ ဘီလီ ဂီလ်မောနဲ့ ဟတ်ဆန်အိုဒွိုင်းလ်တို့ဟာ မိုကမ်ဘီနဲ့ ပွဲမှာ ခြေစွမ်းပြခဲ့ပြီးနောက် လာမယ့် ပွဲစဉ်တွေမှာ အဓိက နေရာကနေ ပါဝင်လာနိုင်ကြောင်း နည်းပြ လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီး အတွက် သွင်းဂိုးတွေကို မေဆင်မောင့်၊ ဝါနာ၊ အိုဒွိုင်းလ်နဲ့ ကိုင်ဟာဗက်ဇ်တို့က သွင်းယူပေးခဲ့ပြီး ဂီလ်မောနဲ့ အိုဒွိုင်းလ်တို့က ခြေစွမ်းပြ ခဲ့တာကြောင့် လမ်းပတ်က လာမယ့် အပတ်တွေအတွင်း အဆိုပါ ကစားသမား ၂ဦးကို ပွဲထွက်လူစာရင်းမှာ ထည့်သုံးနိုင်တယ်လို့ ဆိုလာခဲ့တာပါ။

လမ်းပတ်က“ဘီလီက အသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ကြိုးစားနေတယ်လို့ ထင်ပြီး ပြီးခဲ့တဲ့ ရာသီကတည်းက သူ အသင်းကြီးကို ထိုးဖောက် ဝင်ရောက်လာပါတယ်။ သူ့ရဲ့ ဒဏ်ရာကရောက်လာခဲ့ပေမဲ့ အဲ့ဒီအချိန်ကတည်းက သူ ဒီအသင်းအတွက် အရမ်းကောင်းတဲ့ ကစားသမားဆိုတာ သိပါတယ်”

“ဒီနေ့ သူပြန်လာခဲ့ပြီး အပြုအမူတွေက ကောင်းပြီး လှုပ်ရှားမှု တော်တော်လေး ကောင်းခဲ့ပါတယ်။ အကယ်ဒမီ ကစားသမားတွေအကြောင်း ပြောရရင် လူတွေက အသင်းက လူငယ်ကစားသမားတွေအကြောင်း ပြောကြပါတယ်။ ဒါပေမယ့် လူငယ်အသင်းကလည်း ကျွန်တော်တို့အတွက် တော်တော်လေး ကောင်းအောင် စွမ်းဆောင် ပြထားပါတယ် ပွဲထွက်ခွင့်တွေက လာမှာ ဖြစ်ပေမဲ့ သူတို့ရဲ့ ပါဝင် ပတ်သက်မှုက ကောင်းပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး အသင်းဟာ အက်ဖ်အေဖလား တတိယ အဆင့်မှာ မိုကမ်ဘီကို ၄ဂိုးပြတ် အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi – ချယ်ဆီး လူငယ်ကစားသမားတွေဖြစ်တဲ့ ဘီလီ ဂီလ်မောနဲ့ ဟတ်ဆန်အိုဒွိုင်းလ်တို့ဟာ မိုကမ်ဘီနဲ့ ပွဲမှာ ခြေစွမ်းပြခဲ့ပြီးနောက် လာမယ့် ပွဲစဉ်တွေမှာ အဓိက နေရာကနေ ပါဝင်လာနိုင်ကြောင်း နည်းပြ လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။



