ချယ်ဆီး Vs ဝက်စ်ဟမ်း ပွဲအတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လန်ဒန်မြို့ခံ တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ရတော့မှာပါ။ ပွဲချိန် ကတော့ ဒီဇင်ဘာ ၂၂၊ အင်္ဂါနေ့၊ နံနက် ၂း၃၀ နာရီမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကတော့ အောက်ပါ အတိုင်းပါ။

လော်ရိုးက – ” ဝက်စ်ဟမ်းကတော့ စုစည်းမှုကောင်းကောင်း ခံစစ်ကျစ်လစ်ပြီး တိုက်စစ်မှာလည်း ခြိမ်းခြောက်မှုတွေ လုပ်နိုင်ကာ တကယ့် ပုံစံကောင်း ရနေတာပါ။ ချယ်ဆီးက ပြီးခဲ့တဲ့ နှစ်ပွဲ အဲဗာတန်၊ ဝုဗ်တို့နဲ့ အတွေ့မှာ ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားပါတယ်။ ချယ်ဆီးကလည်း အသင်းကောင်း တစ်သင်း ဖြစ်လာနေပြီး အနေအထား မှန် မဟုတ်သေးတာပဲ ရှိပါတယ်။

ဒီပွဲကတော့ ပွဲကောင်း တစ်ပွဲ ဖြစ်မှာပါ။ ဖရန့်လမ်းပတ်ရဲ့ အသင်းအတွက် ဝက်စ်ဟမ်းက အခက်တွေ ပေးဦးမှာ ဖြစ်ပေမယ့် အဆုံးမှာ အပြာရောင်တွေကပဲ အသာစီး ယူသွားမယ် ကျနော် ထင်ပါတယ်။ ” လို့ ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး 2-0 ဝက်စ်ဟမ်း ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ လန္ဒန္ျမိဳ႕ခံ တစ္သင္း ျဖစ္တဲ့ ၀က္စ္ဟမ္းအသင္းကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ရေတာ့မွာပါ။ ပြဲခ်ိန္ ကေတာ့ ဒီဇင္ဘာ ၂၂၊ အဂၤါေန႔၊ နံနက္ ၂း၃၀ နာရီမွာ ျဖစ္ပါတယ္။

ဒီပြဲစဥ္ အတြက္ ဘီဘီစီ သတင္းဌာနမွ ေလာ္ရိုးရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ေအာက္ပါ အတိုင္းပါ။

ေလာ္ရိုးက – ” ၀က္စ္ဟမ္းကေတာ့ စုစည္းမႈေကာင္းေကာငး္ ခံစစ္က်စ္လစ္ျပီး တိုက္စစ္မွာလည္း ျခိမ္းေျခာက္မႈေတြ လုပ္နိုင္ကာ တကယ့္ ပုံစံေကာင္း ရေနတာပါ။ ခ်ယ္ဆီးက ျပီးခဲ့တဲ့ နွစ္ပြဲ အဲဗာတန္၊ ၀ုဗ္တို႔နဲ႕ အေတြ႔မွာ က်ဥ္းေျမာင္းတဲ့ ရလဒ္ေတြနဲ႕ ရွံဳးနိမ့္ထားပါတယ္။ ခ်ယ္ဆီးကလည္း အသင္းေကာင္း တစ္သင္း ျဖစ္လာေနျပီး အေနအထား မွန္ မဟုတ္ေသးတာပဲ ရွိပါတယ္။

ဒီပြဲကေတာ့ ပြဲေကာင္း တစ္ပြဲ ျဖစ္မွာပါ။ ဖရန္႔လမ္းပတ္ရဲ႕ အသင္းအတြက္ ၀က္စ္ဟမ္းက အခက္ေတြ ေပးဦးမွာ ျဖစ္ေပမယ့္ အဆံုးမွာ အျပာေရာင္ေတြကပဲ အသာစီး ယူသြားမယ္ က်ေနာ္ ထင္ပါတယ္။ ” လို႔ ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး 2-0 ၀က္စ္ဟမ္း ျဖစ္ပါတယ္။