ပြဲထြက္ခြင့္ ေပ်ာက္ေနျပီ ျဖစ္တဲ့ ခ်ယ္ဆီးဂိုးသမား ကီပါကို ဘယ္လိုစီမံသင့္လဲ ဂရင္း အၾကံေပး

စပိန္သား ဂိုးသမား ကီပါဟာ ခ်ယ္ဆီးအသင္းထံကို ေပါင္ ၇၁ သန္းဆိုတဲ့ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကး တစ္ရပ္နဲ႔ေျပာင္းေ႐ႊ႕လာခဲ့ၿပီး အသင္းမွာ လက္စြမ္းျပသႏိုင္ျခင္း မရွိခဲ့တာေၾကာင့္ ပြဲထြက္ကေန ေနရာေပ်ာက္သြားခဲ့ပါတယ္။ ၄င္းကို ခ်ယ္ဆီးက လာမယ့္ဇန္နဝါရီလမွာ ေရာင္းထုတ္ခ်င္ေပမယ့္လည္း ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာပမာဏေတြေၾကာင့္ ေရာင္းထုတ္ရ ခက္ခဲေနၿပီး ခ်ယ္ဆီး ဂိုးသမားေဟာင္းၾကီး ေရာဘတ္ဂရင္းက ကီပါနဲ႕ ပတ္သတ္ကာ ဘယ္လိုစီမံသင့္လဲ အၾကံေပးမႈေတြ ျပဳလုပ္လာခဲ့ပါတယ္။

ခ်ယ္ဆီး နည္းျပ လမ္းပတ္ကေတာ့ လာမယ့္ ဇန္န၀ါရီအေျပာင္းအေ႐ႊ႕ကာလမွာ စပိန္လက္ေ႐ြးစင္အတြက္ သင့္ေတာ္မယ့္ အသင္းတစ္သင္းကို ရွာေဖြႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီး ဂိုးသမားေဟာင္းၾကီး ဂရင္းကေတာ့ ဒီကိစၥမွာ ဘ႑ာေရးျပႆနာေတြလည္း ပါဝင္ေနတာေၾကာင့္ ကီပါကို အငွားခ်လိုက္ႏိုင္ရင္ အဆင္ေျပသြားႏိုင္ေၾကာင္း အႀကံေပးခဲ့ပါတယ္။

ဂရင္းက က “ဒီအေျပာင္းအေ႐ႊ႕က အၿပီးေရာင္းမယ္ဆိုရင္ ေသခ်ာေပါက္ခက္မွာပါ။ ေငြေၾကးပမာဏအေတာ္မ်ားမ်ား ပါဝင္လာလိမ့္မယ္။ ခ်ယ္ဆီးအသင္းနဲ႔ ဒါ႐ိုက္တာ မာရီနာဂရာေနာ့ဗ္စကီရာတို႔က ေငြေၾကးဆုံးရႈံးမႈေတြ လုံးဝအျဖစ္ခံမွာ မဟုတ္ပါဘူး။ တကယ္လို႔ သူ႔ကို အၿပီး ေရာင္းခ်င္တယ္ဆိုရင္ေတာ့ ကီပါ တန္ေၾကးကို တတ္ႏိုင္တဲ့အသင္းကို ေတြ႕ဖို႔ခက္မွာပါ။

သူ႔ကိုအၿပီးေရာင္းဖို႔ေတာင္ မေျပာဘူးေနာ္ အငွားခ်ဖို႔ စီစဥ္မယ္ဆိုရင္ေတာင္ ခက္လိမ့္မယ္။ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာ (တစ္ပတ္ ေပါင္ ၁၇၀၀၀၀ ဝန္းက်င္) က ဒီကိစၥမွာ အႀကီးမားဆုံး အတားအဆီးပဲ။ ကာလတိုအသုံးျပဳဖို႔လိုတဲ့ အသင္းေတြရွိမယ္၊ အဓိက ဂိုးသမားတစ္ေယာက္ ထြက္သြားလို႔ ျပန္အစားထိုးခ်င္တဲ့ အသင္းေတြရွိမယ္။ ဒါေတြက ျဖစ္ဖို႔ခဲယဥ္းတဲ့ အေျခအေနေတြ။

ဇန္နဝါရီမွာ အသုံးခ်ဖို႔ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာေငြ အလုံအေလာက္ ရွိတယ္ထားဦးေတာ့ တိုက္စစ္မႉးျဖစ္ျဖစ္ တိုက္စစ္ကစားသမား တစ္ေယာက္ေယာက္ အတြက္ျဖစ္ျဖစ္ပဲ သုံးေတာ့မွာေပါ့။ ဂိုးသမားတစ္ေယာက္အတြက္ ေငြပုံေအာသုံးခဲတယ္၊ အဲ့ဒီေတာ့ ကီပါရဲ႕ အေျပာင္းအေ႐ႊ႕မွာ အဓိကက ဘ႑ာေရးပဲ။

ဇယားေအာက္ေျခမွာ ႐ုန္းကန္ေနရတဲ့ အသင္းတစ္သင္းသာဆိုရင္ “ ၁၅ ဂိုးေလာက္ ကာကြယ္ေပးမယ့္ ဂိုးသမားထက္ ၁၅ ဂိုးေလာက္ သြင္းေပးမယ့္ တိုက္စစ္မႉးပဲလိုတယ္ ” လို႔ ေတြးမွာပဲေလ။ ဂိုးသမားတစ္ေယာက္ ကာကြယ္မႈေကာင္းေကာင္းလုပ္ႏိုင္ရင္ “ေအာ္ သူကာကြယ္လိုက္ႏိုင္သားပဲ” လို႔ ေျပာၿပီး ေမ့သြားလိမ့္မယ္။ အမွားလုပ္လိုက္ရင္ေတာ့ လူတိုင္းရဲ႕တံေတြးခြက္မွာ ေမ်ာၿပီပဲ ” လို႔ ေျပာသြားခဲ့ပါတယ္။

ကီပါဟာ ခ်ယ္ဆီး အသင္းရဲ႕ နံပါတ္ ၁ ဂိုးသမားအျဖစ္ ရာသီ စတင္ႏိုင္ခဲ့ေပမယ့္ မန္ဒီေရာက္လာခ်ိန္မွာ ေတာ့ ဒုတိယ ဦးစားေပးသာ ျဖစ္သြားခဲ့ပါတယ္။

Unicode

စပိန်သား ဂိုးသမား ကီပါဟာ ချယ်ဆီးအသင်းထံကို ပေါင် ၇၁ သန်းဆိုတဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ပြောင်းရွှေ့လာခဲ့ပြီး အသင်းမှာ လက်စွမ်းပြသနိုင်ခြင်း မရှိခဲ့တာကြောင့် ပွဲထွက်ကနေ နေရာပျောက်သွားခဲ့ပါတယ်။ ၎င်းကို ချယ်ဆီးက လာမယ့်ဇန်နဝါရီလမှာ ရောင်းထုတ်ချင်ပေမယ့်လည်း မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ လစာပမာဏတွေကြောင့် ရောင်းထုတ်ရ ခက်ခဲနေပြီး ချယ်ဆီး ဂိုးသမားဟောင်းကြီး ရောဘတ်ဂရင်းက ကီပါနဲ့ ပတ်သတ်ကာ ဘယ်လိုစီမံသင့်လဲ အကြံပေးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ချယ်ဆီး နည်းပြ လမ်းပတ်ကတော့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပိန်လက်ရွေးစင်အတွက် သင့်တော်မယ့် အသင်းတစ်သင်းကို ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ချယ်ဆီး ဂိုးသမားဟောင်းကြီး ဂရင်းကတော့ ဒီကိစ္စမှာ ဘဏ္ဍာရေးပြဿနာတွေလည်း ပါဝင်နေတာကြောင့် ကီပါကို အငှားချလိုက်နိုင်ရင် အဆင်ပြေသွားနိုင်ကြောင်း အကြံပေးခဲ့ပါတယ်။

ဂရင်းက က “ဒီအပြောင်းအရွှေ့က အပြီးရောင်းမယ်ဆိုရင် သေချာပေါက်ခက်မှာပါ။ ငွေကြေးပမာဏအတော်များများ ပါဝင်လာလိမ့်မယ်။ ချယ်ဆီးအသင်းနဲ့ ဒါရိုက်တာ မာရီနာဂရာနော့ဗ်စကီရာတို့က ငွေကြေးဆုံးရှုံးမှုတွေ လုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး။ တကယ်လို့ သူ့ကို အပြီး ရောင်းချင်တယ်ဆိုရင်တော့ ကီပါ တန်ကြေးကို တတ်နိုင်တဲ့အသင်းကို တွေ့ဖို့ခက်မှာပါ။

သူ့ကိုအပြီးရောင်းဖို့တောင် မပြောဘူးနော် အငှားချဖို့ စီစဉ်မယ်ဆိုရင်တောင် ခက်လိမ့်မယ်။ ပြောင်းရွှေ့ကြေးနဲ့ လစာ (တစ်ပတ် ပေါင် ၁၇၀၀၀၀ ဝန်းကျင်) က ဒီကိစ္စမှာ အကြီးမားဆုံး အတားအဆီးပဲ။ ကာလတိုအသုံးပြုဖို့လိုတဲ့ အသင်းတွေရှိမယ်၊ အဓိက ဂိုးသမားတစ်ယောက် ထွက်သွားလို့ ပြန်အစားထိုးချင်တဲ့ အသင်းတွေရှိမယ်။ ဒါတွေက ဖြစ်ဖို့ခဲယဉ်းတဲ့ အခြေအနေတွေ။

ဇန်နဝါရီမှာ အသုံးချဖို့ ပြောင်းရွှေ့ကြေးနဲ့ လစာငွေ အလုံအလောက် ရှိတယ်ထားဦးတော့ တိုက်စစ်မှူးဖြစ်ဖြစ် တိုက်စစ်ကစားသမား တစ်ယောက်ယောက် အတွက်ဖြစ်ဖြစ်ပဲ သုံးတော့မှာပေါ့။ ဂိုးသမားတစ်ယောက်အတွက် ငွေပုံအောသုံးခဲတယ်၊ အဲ့ဒီတော့ ကီပါရဲ့ အပြောင်းအရွှေ့မှာ အဓိကက ဘဏ္ဍာရေးပဲ။

ဇယားအောက်ခြေမှာ ရုန်းကန်နေရတဲ့ အသင်းတစ်သင်းသာဆိုရင် “ ၁၅ ဂိုးလောက် ကာကွယ်ပေးမယ့် ဂိုးသမားထက် ၁၅ ဂိုးလောက် သွင်းပေးမယ့် တိုက်စစ်မှူးပဲလိုတယ် ” လို့ တွေးမှာပဲလေ။ ဂိုးသမားတစ်ယောက် ကာကွယ်မှုကောင်းကောင်းလုပ်နိုင်ရင် “အော် သူကာကွယ်လိုက်နိုင်သားပဲ” လို့ ပြောပြီး မေ့သွားလိမ့်မယ်။ အမှားလုပ်လိုက်ရင်တော့ လူတိုင်းရဲ့တံတွေးခွက်မှာ မျောပြီပဲ ” လို့ ပြောသွားခဲ့ပါတယ်။

ကီပါဟာ ချယ်ဆီး အသင်းရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ် ရာသီ စတင်နိုင်ခဲ့ပေမယ့် မန်ဒီရောက်လာချိန်မှာ တော့ ဒုတိယ ဦးစားပေးသာ ဖြစ်သွားခဲ့ပါတယ်။