ကီပါနဲ႕ ရူဒီဂါတို႔ကို ေရာင္းခ်ျပီး အသင္းသားေဟာင္းကို ျပန္ေခၚဖို႔ ခ်ယ္ဆီး ျပင္ဆင္

ခ်ယ္ဆီးအသင္းဟာ အသင္း အကယ္ဒမီထြက္ ကစားသမား လက္ရွိ ဝက္စ္ဟမ္း ကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚယူႏိုင္ေရးအတြက္ ကီပါ နဲ႔ ႐ူဒီဂါတို႔ကိုေရာင္းခ်ၿပီး ေငြေၾကးတစ္ရပ္ ရွာေဖြဖြယ္ ရွိေနပါတယ္။

ျပီးခဲ့တဲ့ေႏြရာသီတုန္းက လမ္းပတ္ဟာ အသင္းရဲ႕လူအင္အားကို ျဖည့္တင္းဖို႔ ေပါင္သန္း ၂၀၀ ေက်ာ္ အသုံးျပဳခဲ့တာျဖစ္ေပမယ့္ လမ္းပတ္ဟာ ကြင္းလယ္ ေနရာအတြက္ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို အလိုရွိေနဆဲျဖစ္ပါတယ္။

သတင္းေတြအရလည္း လမ္းပတ္ဟာ အဂၤလန္သားကို ႏွစ္ၿခိဳက္ေနၿပီး ကီပါ နဲ႔ ႐ူဒီဂါတို႔ ၂ ဦးကို ေရာင္းခ်ကာ ေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဂ်ာမန္သား ခံစစ္မွဴး ႐ူဒီဂါကို ဂ်ဴဗင္တပ္စ္ ၊ ေအစီမီလန္ နဲ႔ ဘာစီလိုနာတို႔က အလိုရွိေနပါတယ္။ ခ်ယ္ဆီးအေနနဲ႔ ဒီကလန္႐ိုက္စ္ကိုေခၚယူဖို႔ အနည္းဆုံး ေပါင္သန္း ၇၀ ေလာက္ သုံးရဖြယ္ရွိေနတာေၾကာင့္ ကီပါ နဲ႔ ႐ူဒီဂါတို႔ကို ေရာင္းခ်မွသာ အဆင္ေျပဖြယ္ရွိေနပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြ ျပသေနၿပီး ၁၁ ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၂၂ မွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။

စေနေန႔မွာေတာ့ ခ်ယ္ဆီးအသင္း ဟာ အဲဗာတန္အသင္းနဲ႔ အေဝးကြင္း သြားေရာက္ ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။

Unicode

ချယ်ဆီးအသင်းဟာ အသင်း အကယ်ဒမီထွက် ကစားသမား လက်ရှိ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ရေးအတွက် ကီပါ နဲ့ ရူဒီဂါတို့ကိုရောင်းချပြီး ငွေကြေးတစ်ရပ် ရှာဖွေဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက လမ်းပတ်ဟာ အသင်းရဲ့လူအင်အားကို ဖြည့်တင်းဖို့ ပေါင်သန်း ၂၀၀ ကျော် အသုံးပြုခဲ့တာဖြစ်ပေမယ့် လမ်းပတ်ဟာ ကွင်းလယ် နေရာအတွက် ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အလိုရှိနေဆဲဖြစ်ပါတယ်။

သတင်းတွေအရလည်း လမ်းပတ်ဟာ အင်္ဂလန်သားကို နှစ်ခြိုက်နေပြီး ကီပါ နဲ့ ရူဒီဂါတို့ ၂ ဦးကို ရောင်းချကာ ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဂျာမန်သား ခံစစ်မှူး ရူဒီဂါကို ဂျူဗင်တပ်စ် ၊ အေစီမီလန် နဲ့ ဘာစီလိုနာတို့က အလိုရှိနေပါတယ်။ ချယ်ဆီးအနေနဲ့ ဒီကလန်ရိုက်စ်ကိုခေါ်ယူဖို့ အနည်းဆုံး ပေါင်သန်း ၇၀ လောက် သုံးရဖွယ်ရှိနေတာကြောင့် ကီပါ နဲ့ ရူဒီဂါတို့ကို ရောင်းချမှသာ အဆင်ပြေဖွယ်ရှိနေပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး ၁၁ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

စနေနေ့မှာတော့ ချယ်ဆီးအသင်း ဟာ အဲဗာတန်အသင်းနဲ့ အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။