ဂ်ီရူး ခ်ယ္ဆီးအသင္းနဲ႕ ဘယ္လို လုပ္သင့္လဲ အၾကံေပးလိုက္တဲ့ ေပါလ္မာဆင္

တိုက္စစ္မႉး ဂ်ီရူး ကို အသင္းတိုင္းက လိုခ်င္ေနေပမယ့္ ျပင္သစ္သား အေနနဲ႕ လက္ရွိကလပ္ ခ်ယ္ဆီးမွာပဲ ဆက္ေနသင့္တယ္လို႔ အာဆင္နယ္ ဂႏၴဝင္ ကစားသမားေဟာင္း ေပါလ္မာဆင္က တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ဂ်ီရူးဟာ ခ်ယ္ဆီးမွာ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အသင္းေျပာင္းႏိုင္ေခ်ရွိေနေပမယ့္ ေပါလ္ မာဆင္ကေတာ့ ခ်ယ္ဆီး မွာပဲ ဆက္ေနသင့္တယ္လို႔ အၾကံျပဳစကား ဆိုခဲ့တာျဖစ္ပါတယ္။

“ပရီးမီးယားလိဂ္အသင္းတိုင္းက ဂ်ီရူး ကို လိုခ်င္ေနၾကပါတယ္။ အပတ္တိုင္း ပုံမွန္ပြဲထြက္ခြင့္မရေပမယ့္ ခ်ယ္ဆီးမွာပဲ ဆက္ေနဖို႔ အႀကံေပးခ်င္ပါတယ္။ သူဟာ ထိပ္တန္းကစားသမားတစ္ဦးပါ။ ပြဲအေပၚလည္း အက်ိဳးသက္ေရာက္ေစတဲ့ကစားသမားမ်ိဳးပါ။ ဆီဗီလာနဲ႔ပြဲမွာဆို တစ္ဦးတည္း ၄ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ျပီးေတာ့ ေတာ့တင္ဟမ္နဲ႔ပြဲမွာဆိုရင္လည္း ဒုတိယပိုင္းမွ လူစားဝင္လာခဲ့ေပမယ့္ အေကာင္းဆုံး ကစားျပခဲ့ပါတယ္။ ခ်ယ္ဆီးမွာပဲ သူ႔ အနာဂတ္ကို ဆက္ရွိေစခ်င္ပါတယ္။ မၾကာခင္ ခ်ယ္ဆီးမွာ သူ႔အခ်ိန္ေတြရလာမယ္လို႔ ထင္ပါတယ္။ ၿပီးေတာ့ ျပင္သစ္အသင္းမွာလည္း ေနရာ တစ္ေနရာ ရလာမွာပါ”လို႔ ေပါလ္မာဆင္က ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္သားဟာ ၿပီးခဲ့တဲ့ ဆီဗီလာအသင္းနဲ႔ပြဲမွာ တစ္ဦးတည္း ၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ထိုပြဲက စြမ္းေဆာင္ရည္ေၾကာင့္ ျပင္သစ္သားဟာ စေနေန႔မွာကစားမယ့္ လိဒ္ယူႏိုက္တက္နဲ႔ပြဲမွာ ပါဝင္လာဖြယ္ ရွိေနပါတယ္။

Unicode

တိုက်စစ်မှူး ဂျီရူး ကို အသင်းတိုင်းက လိုချင်နေပေမယ့် ပြင်သစ်သား အနေနဲ့ လက်ရှိကလပ် ချယ်ဆီးမှာပဲ ဆက်နေသင့်တယ်လို့ အာဆင်နယ် ဂန္ထဝင် ကစားသမားဟောင်း ပေါလ်မာဆင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဂျီရူးဟာ ချယ်ဆီးမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းနိုင်ချေရှိနေပေမယ့် ပေါလ် မာဆင်ကတော့ ချယ်ဆီး မှာပဲ ဆက်နေသင့်တယ်လို့ အကြံပြုစကား ဆိုခဲ့တာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်အသင်းတိုင်းက ဂျီရူး ကို လိုချင်နေကြပါတယ်။ အပတ်တိုင်း ပုံမှန်ပွဲထွက်ခွင့်မရပေမယ့် ချယ်ဆီးမှာပဲ ဆက်နေဖို့ အကြံပေးချင်ပါတယ်။ သူဟာ ထိပ်တန်းကစားသမားတစ်ဦးပါ။ ပွဲအပေါ်လည်း အကျိုးသက်ရောက်စေတဲ့ကစားသမားမျိုးပါ။ ဆီဗီလာနဲ့ပွဲမှာဆို တစ်ဦးတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပြီးတော့ တော့တင်ဟမ်နဲ့ပွဲမှာဆိုရင်လည်း ဒုတိယပိုင်းမှ လူစားဝင်လာခဲ့ပေမယ့် အကောင်းဆုံး ကစားပြခဲ့ပါတယ်။ ချယ်ဆီးမှာပဲ သူ့အနာဂတ်ကို ဆက်ရှိစေချင်ပါတယ်။ မကြာခင် ချယ်ဆီးမှာ သူ့အချိန်တွေရလာမယ်လို့ ထင်ပါတယ်။ ပြီးတော့ ပြင်သစ်အသင်းမှာလည်း နေရာ တစ်နေရာ ရလာမှာပါ”လို့ ပေါလ်မာဆင်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ဆီဗီလာအသင်းနဲ့ပွဲမှာ တစ်ဦးတည်း ၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ထိုပွဲက စွမ်းဆောင်ရည်ကြောင့် ပြင်သစ်သားဟာ စနေနေ့မှာကစားမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။