ခ်န္ပီယံလိဂ္ ဗိုလ္စြဲနုိင္တဲ့ အသင္းနဲ႕ ရင္ဆိုင္ရမွာျဖစ္လို႔ ရင္ခုန္ေၾကာင္း ခ်ယ္ဆီးနဲ႕ ပြဲၾကိဳမွာ ဆီဗီလာနည္းျပ ေျပာဆို

ဆီဗီလာအသင္းနည္းျပ ဂ်ဴလီယန္လိုပက္တီဂူကေတာ့ ဒီည ခ်ယ္ဆီး နဲ႔ ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္ လန္ဒန္ကလပ္အသင္းဟာ ဒီရာသီ ဥေရာပမွာ ဗိုလ္စြဲနိုင္တဲ့ အသင္း ျဖစ္ျပီး ပရီးမီးယားလိဂ္မွာ တိုက္စစ္ အေကာင္းဆုံး အသင္း ျဖစ္တယ္လို႔ ခ်ီးက်ဴး ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးနဲ႕ ဆီဗီလာတို႔ နွစ္သင္းလံုးက ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ တက္ဖို႔ ေသခ်ာျပီး ျဖစ္ျပီး ဒီညပြဲစဥ္က အုပ္စု ပထမေနရာ အဆံုး အျဖတ္ အတြက္သာ သက္ေရာက္ေတာ့မွာ ျဖစ္ပါတယ္။ အုပ္စုပြဲစဥ္ ၁ မွာ ဆံုခဲ့စဥ္တုန္းကလည္း ခ်ယ္ဆီးနဲ႕ ဆီဗီလာတို႔ဟာ အရွံဳးအနိုင္ မေပၚခဲ့ဘဲ သေရ ရလဒ္သာ ထြက္ေပၚခဲ့ပါတယ္။

ဆီဗီလာ လိုပက္တီဂူကေတာ့ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းစြမ္းေဆာင္ရည္ကို သေဘာက်ႏွစ္ၿခိဳက္ေနျပီး ခ်န္ပီယံ ျဖစ္လာနုိင္တဲ့ အသင္းနဲ႕ ရင္ဆုိင္ရမွာ ျဖစ္လို႔ စိတ္လႈပ္ရွားေၾကာင္းလည္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

“ က်ေနာ္တို႔က ဒီရာသီ ခ်န္ပီယံလိဂ္ ရႏိုင္တဲ့အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ စိတ္လႈပ္ရွားမိပါတယ္။ သူတို႔က အဂၤလန္မွာ လက္ရွိ တိုက္စစ္ အေကာင္းဆုံးအသင္းပါ။ သူတို႔မွာ ထိပ္တန္း ကစားသမားေတြ ရွိေနပါတယ္။ ခ်ယ္ဆီးက ေတာင့္တင္းတဲ့ အသင္းတစ္သင္းပါ။ သူတို႔နဲ႕ ရင္ဆုိင္ရာမွာ က်ေန္ာတို႕ ပုံစံေကာင္းကို ဆက္ထိန္းႏိုင္ဖို႔ လိုအပ္ပါတယ္။ အဲ့အတြက္လည္း ေန႔တိုင္း ႀကိဳးစားေနပါတယ္။”လို႔ လိုပက္တီဂူက ေျပာၾကားခဲ့ပါတယ္။

ဆီဗီလာဟာ ရာသီအစ တည္ၿငိမ္မႈရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ေနာက္ပိုင္းမွာေတာ့ စြမ္းေဆာင္ရည္တည္ၿငိမ္လာၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး ၅ ပြဲကို အႏိုင္ရရွိထားခဲ့ပါတယ္။

Unicode

ဆီဗီလာအသင်းနည်းပြ ဂျူလီယန်လိုပက်တီဂူကတော့ ဒီည ချယ်ဆီး နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် လန်ဒန်ကလပ်အသင်းဟာ ဒီရာသီ ဥရောပမှာ ဗိုလ်စွဲနိုင်တဲ့ အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တိုက်စစ် အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးနဲ့ ဆီဗီလာတို့ နှစ်သင်းလုံးက ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ဖို့ သေချာပြီး ဖြစ်ပြီး ဒီညပွဲစဉ်က အုပ်စု ပထမနေရာ အဆုံး အဖြတ် အတွက်သာ သက်ရောက်တော့မှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ် ၁ မှာ ဆုံခဲ့စဉ်တုန်းကလည်း ချယ်ဆီးနဲ့ ဆီဗီလာတို့ဟာ အရှုံးအနိုင် မပေါ်ခဲ့ဘဲ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဆီဗီလာ လိုပက်တီဂူကတော့ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းစွမ်းဆောင်ရည်ကို သဘောကျနှစ်ခြိုက်နေပြီး ချန်ပီယံ ဖြစ်လာနိုင်တဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ စိတ်လှုပ်ရှားကြောင်းလည်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

“ ကျနော်တို့က ဒီရာသီ ချန်ပီယံလိဂ် ရနိုင်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားမိပါတယ်။ သူတို့က အင်္ဂလန်မှာ လက်ရှိ တိုက်စစ် အကောင်းဆုံးအသင်းပါ။ သူတို့မှာ ထိပ်တန်း ကစားသမားတွေ ရှိနေပါတယ်။ ချယ်ဆီးက တောင့်တင်းတဲ့ အသင်းတစ်သင်းပါ။ သူတို့နဲ့ ရင်ဆိုင်ရာမှာ ကျနေ်ာတို့ ပုံစံကောင်းကို ဆက်ထိန်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့အတွက်လည်း နေ့တိုင်း ကြိုးစားနေပါတယ်။”လို့ လိုပက်တီဂူက ပြောကြားခဲ့ပါတယ်။

ဆီဗီလာဟာ ရာသီအစ တည်ငြိမ်မှုရဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ စွမ်းဆောင်ရည်တည်ငြိမ်လာပြီး ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲကို အနိုင်ရရှိထားခဲ့ပါတယ်။