ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဇာကာရီယာကို ဘိုင်ယန်မြူးနစ်အပြင် ချယ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတယ်လို့ BILD သတင်းဌာန အကြီးအကဲဖြစ်သူ Christian Falk က ထုတ်ဖော်လိုက်ပါတယ်။
အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ဒန်းနစ် ဇာကာရီယာဟာ ကွင်းလယ်ခံစစ် နေရာမှာ ကစားတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဂလာဘက်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် တောက်ပလာနေသူဖြစ်တယ်။
ဇာကာရီယာဟာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ဦးဖြစ်တာကြောင့် ခြေစွမ်းကောင်းမွန်တဲ့ ဘွန်ဒက်လီဂါ ကစားသမားတွေကို ခေါ်ယူဖို့ အမြဲတမ်းလိုလို ကြိုးစားတတ်တဲ့ ဂျာမန် အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းက လာမယ့် နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အဓိက ကြိုးစားနေတယ်လို့ သိရတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဇာကာရီယာကို ခေါ်ယူရာမှာ တစ်သင်းထဲ ကြိုးစားခွင့်ရမှာ မဟုတ်ပဲ လက်ရှိမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်ဆီးကလည်း ချိတ်ဆက်မှု ပြုလုပ်လာနေတယ်။ လီဗာပူးအသင်းကလည်း ဆွစ်ဇလန် လက်ရွေးစင်နဲ့ အပြောင်းအရွှေ သတင်းတွေ ထွက်ထားဖူးပါတယ်။
ချယ်ဆီးအသင်းဟာ အသင်းရဲ့ ကွင်းလယ် အင်အားကို တိုးမြှင့်လိုသလို ကွင်းလယ်လူ ကန်တီရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေတာကြောင့် ဇာကာရီယာကို ခေါ်ယူဖို့ ချိတ်ဆက် နေတာဖြစ်ကြောင်း သိရပါတယ်။ ဇာကာရီယာကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိပါတယ်။
ZAWGYI
ဘြန္ဒက္လီဂါရဲ႕ အေကာင္းဆံုး ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဇာကာရီယာကို ဘိုင္ယန္ျမဴးနစ္အျပင္ ခ်ယ္ဆီးအသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ BILD သတင္းဌာန အၾကီးအကဲျဖစ္သူ Christian Falk က ထုတ္ေဖာ္လိုက္ပါတယ္။
အသက္ ၂၃ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ဆြစ္ဇာလန္ ကြင္းလယ္လူ ဒန္းနစ္ ဇာကာရီယာဟာ ကြင္းလယ္ခံစစ္ ေနရာမွာ ကစားတဲ့ ကစားသမား တစ္ဦးျဖစ္ၿပီး ဂလာဘက္အသင္းရဲ႕ အဓိက ကစားသမား တစ္ဦးအျဖစ္ ေတာက္ပလာေနသူျဖစ္တယ္။
ဇာကာရီယာဟာ ဘြန္ဒက္လီဂါၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကြင္းလယ္လူေတြ ထဲက တစ္ဦးျဖစ္တာေၾကာင့္ ေျခစြမ္းေကာင္းမြန္တဲ့ ဘြန္ဒက္လီဂါ ကစားသမားေတြကို ေခၚယူဖို႔ အၿမဲတမ္းလိုလို ႀကိဳးစားတတ္တဲ့ ဂ်ာမန္ အင္အားႀကီး အသင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ အသင္းက လာမယ့္ ေႏြအေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ အဓိက ႀကိဳးစားေနတယ္လို႔ သိရတယ္။
ဒါေပမယ့္ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဇာကာရီယာကို ေခၚယူရာမွာ တစ္သင္းထဲ ႀကိဳးစားခြင့္ရမွာ မဟုတ္ပဲ လက္ရွိမွာ ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ ခ်ယ္ဆီးကလည္း ခ်ိတ္ဆက္မႈ ျပဳလုပ္လာေနတယ္။ လီဗာပူးအသင္းကလည္း ဆြစ္ဇလန္ လက္ေရြးစင္နဲ႔ အေျပာင္းအေရႊ သတင္းေတြ ထြက္ထားဖူးပါတယ္။
ခ်ယ္ဆီးအသင္းဟာ အသင္းရဲ႕ ကြင္းလယ္ အင္အားကို တိုးျမႇင့္လိုသလို ကြင္းလယ္လူ ကန္တီရဲ႕ အနာဂတ္ဟာ မေရမရာ ျဖစ္ေနတာေၾကာင့္ ဇာကာရီယာကို ေခၚယူဖို႔ ခ်ိတ္ဆက္ ေနတာျဖစ္ေၾကာင္း သိရပါတယ္။ ဇာကာရီယာကို ေခၚယူခ်င္တဲ့ အသင္းေတြဟာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၄၅သန္္း ဝန္းက်င္ သုံးစြဲရဖြယ္ ရွိပါတယ္။