ဒီနွစ္ ဘိုင္ယန္လို အသင္းနဲ႕ ထပ္ကစားရသလို ျဖစ္ေနတယ္လို႔ ဆီဗီလာကို လမ္းပတ္ တင္စား

ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း ၂၃၀ ေက်ာ္အသံုးျပဳၿပီး ကစားသမားေကာင္းေတြေခၚယူထားတာေၾကာင့္ အားလံုး ရဲ႕ ေစာင့္ၾကည့္ျခင္း ခံေနရတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပျဖစ္တဲ့ လမ္းပတ္က ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတုန္းက သင္ခန္းစားေတြ အမ်ားၾကီးရခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ဒီနွစ္ အုပ္စုအဖြင့္ပြဲမွာ ေတြ႔ဆံုေနတဲ့ ဆီဗီလာက မနွစ္က ဘိုင္ယန္ကို ထပ္ ရင္ဆိုင္ရသလို ျဖစ္မယ္လို႔ ၄င္းက ဆိုပါတယ္။

ျပီးခဲ့တဲ့ႏွစ္က ခ်ဲလ္ဆီးဟာ အုပ္စုအဆင့္မွာ ဗလင္စီယာေနာက္ ဒုတိယ ေနရာပဲ ရခဲ့ၿပီး ရႈံးထြက္ ၁၆သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ရႈံးထြက္ ၁၆ သင္းအဆင့္မွာ ခ်န္ပီယံျဖစ္သြားတဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ခုႏွစ္ဂိုးတစ္ ဂိုးနဲ႔ ၿပိဳင္ပြဲက ခ်ဲလ္ဆီးတို႔ ထြက္ခဲ့ရတာလည္းျဖစ္ပါတယ္။

ပီးခဲ့တဲ့ႏွစ္က ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြမွာ ေပးဂိုး အမ်ားဆံုးျဖစ္ခဲ့တဲ့ ခ်ဲလ္ဆီးဟာ ဒီႏွစ္မွာလည္း ခံစစ္ကို မျပဳျပင္ႏိုင္ေသးတာေၾကာင့္ ေပးဂိုးေတြမ်ားေနၿပီး ရမွတ္ေတြဆံုး ရႈံးေနတယ္လို႔ သိရပါတယ္။

ဒီေန႔ညမွာေတာ့ ခ်ဲလ္ဆီးဟာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ၿပီးခဲ့တဲ့ႏွစ္က ယူရိုပါလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ဆီဗီလာနဲ႔ ယွဥ္ၿပိဳင္ကစား ရမွာပဲ ျဖစ္ပါတယ္။ ပြဲမတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က

“ ဆီဗီလာက ၿပီးခဲ့တဲ့ ႏွစ္ ယူရိုပါလိ ဂ္ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္လို အသင္းမ်ိဳးနဲ႔ ေနာက္တစ္ၾကိမ္ျပန္ကစားရတယ္လို႔ေတာင္ ဆိုရမွာပါ။ ဒီႏွစ္ၿပိဳင္ပြဲအတြက္ေတာ့ အသင္းရဲ႕လူစာရင္းကို ေက်နပ္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Unicode

နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၃၀ ကျော်အသုံးပြုပြီး ကစားသမားကောင်းတွေခေါ်ယူထားတာကြောင့် အားလုံး ရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့ ချဲလ်ဆီးအသင်းရဲ့ နည်းပြဖြစ်တဲ့ လမ်းပတ်က ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတုန်းက သင်ခန်းစားတွေ အများကြီးရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ် အုပ်စုအဖွင့်ပွဲမှာ တွေ့ဆုံနေတဲ့ ဆီဗီလာက မနှစ်က ဘိုင်ယန်ကို ထပ် ရင်ဆိုင်ရသလို ဖြစ်မယ်လို့ ၎င်းက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ချဲလ်ဆီးဟာ အုပ်စုအဆင့်မှာ ဗလင်စီယာနောက် ဒုတိယ နေရာပဲ ရခဲ့ပြီး ရှုံးထွက် ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှုံးထွက် ၁၆ သင်းအဆင့်မှာ ချန်ပီယံဖြစ်သွားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး နှစ်ကျော့ပေါင်းရလဒ် ခုနှစ်ဂိုးတစ် ဂိုးနဲ့ ပြိုင်ပွဲက ချဲလ်ဆီးတို့ ထွက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေမှာ ပေးဂိုး အများဆုံးဖြစ်ခဲ့တဲ့ ချဲလ်ဆီးဟာ ဒီနှစ်မှာလည်း ခံစစ်ကို မပြုပြင်နိုင်သေးတာကြောင့် ပေးဂိုးတွေများနေပြီး ရမှတ်တွေဆုံး ရှုံးနေတယ်လို့ သိရပါတယ်။

ဒီနေ့ညမှာတော့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ဆီဗီလာနဲ့ ယှဉ်ပြိုင်ကစား ရမှာပဲ ဖြစ်ပါတယ်။ ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်က

“ ဆီဗီလာက ပြီးခဲ့တဲ့ နှစ် ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်လိုအသင်းမျိုးနဲ့ နောက်တစ်ကြိမ်ပြန်ကစားရတယ်လို့တောင် ဆိုရမှာပါ။ ဒီနှစ်ပြိုင်ပွဲအတွက်တော့ အသင်းရဲ့လူစာရင်းကို ကျေနပ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။