မန္ယူနိုက္တက္နဲ႕ ခ်ယ္ဆီးပြဲ အတြက္ မိုက္ကယ္အို၀င္ သံုးသပ္ခန္႔မွန္းခ်က္

ခ်န္ပီယံလိဂ္မွာ ဆီဗီလာကို သေရက်ထားတဲ့ ခ်ယ္ဆီးအသင္းဟာ ပီအက္စ္ဂ်ီကို အေ၀းကြင္းမွု နုိင္လာတဲ့ ယူနိုက္တက္နဲ႕ ဒီတစ္ပတ္မွာ ထိပ္တိုက္ ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။ ယူနိုက္တက္နဲ႕ ခ်ယ္ဆီး အသင္းတို႔ဟာ အိုးထရက္ဖို႔ဒ္ ကြင္းမွာ ေအာက္တိုဘာ ၂၄ ရက္ (စေနေန႔) ည ၁၁ နာရီ အခ်ိန္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

ဒီပြဲမွာ ယခင္ကလပ္အသင္းေတြမွာ အသင္းေဖာ္ ေဟာင္းေတြ ျဖစ္ခဲ့ၾကတဲ့ ကာဗာနီနဲ႕ သီေယဂို ေဆးလ္ဗား၊ ဗန္ဒီဘိခ္နဲ႕ ဇီယက္ခ်္ တို႔လည္း ထိပ္တိုက္ ျပန္ဆံုမွာ ျဖစ္လို႔ စိတ္၀င္စားစရာ ေကာင္းေနပါတယ္။ နွစ္သင္းလံုး အားနည္းခ်က္ေတြ ရွိေနတဲ့ ဂိုးသမား ေနရမွာလည္း ဒီဂီယာ ယူနိုက္တက္ဘက္က ျပန္ေကာင္းေနသလို ခ်ယ္ဆီးကလည္း တည္ျငိမ္ေနတဲ့ ဂိုးသမားသစ္ မန္ဒီနဲ႕ ပြဲထုတ္လာမွာ ျဖစ္ပါတယ္။

ယူနိုက္တက္နဲ႕ ခ်ယ္ဆီး ထိပ္တိုက္ေတြ႔တဲ့ ပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” စေနေန႔ ညေနမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ ခ်ယ္ဆီးကို အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားေတာ့မွာ ျဖစ္ပါတယ္။ ဒီပြဲဟာ စပါးကို ဆိုးဆိုး၀ါး၀ါး ရွံဳးနိမ့္အျပီး အိမ္ကြင္းမွာ ပထမဆံုး ျပန္ ကစားတဲ့ ပြဲ ျဖစ္ပါတယ္။ ခ်ယ္ဆီး အသင္းဟာ ျပီးခဲ့တဲ့ အပတ္က အိမ္ကြင္းမွာ ေဆာက္သမ္တန္ကို သက္ေတာင့္သက္သာ ဦးေဆာင္ထားခဲ့ေပမယ့္ နုိင္ပြဲေတာ့ မရခဲ့ပါဘူး။ ဒီရာသီ ကန္ျပီးသေလာက္ကို ၾကည့္ရင္ ဒီနွစ္သင္းၾကား ျခားနားမႈ အမ်ားၾကီး မရွိဘူးလို႔ က်ေနာ္ ျမင္ပါတယ္။ သေရပြဲ ျဖစ္သြားဖို႔ မ်ားပါတယ္ နွစ္သင္းလံုးကေတာ့ ဂိုးသြင္းမွာပါ။ ” လို႔ အို၀င္က ဆိုပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ 1-1 ခ်ယ္ဆီး ျဖစ္ပါတယ္။

Unicode

ချန်ပီယံလိဂ်မှာ ဆီဗီလာကို သရေကျထားတဲ့ ချယ်ဆီးအသင်းဟာ ပီအက်စ်ဂျီကို အဝေးကွင်းမှု နိုင်လာတဲ့ ယူနိုက်တက်နဲ့ ဒီတစ်ပတ်မှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ယူနိုက်တက်နဲ့ ချယ်ဆီး အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းမှာ အောက်တိုဘာ ၂၄ ရက် (စနေနေ့) ည ၁၁ နာရီ အချိန် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ယခင်ကလပ်အသင်းတွေမှာ အသင်းဖော် ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ ကာဗာနီနဲ့ သီယေဂို ဆေးလ်ဗား၊ ဗန်ဒီဘိခ်နဲ့ ဇီယက်ချ် တို့လည်း ထိပ်တိုက် ပြန်ဆုံမှာ ဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ နှစ်သင်းလုံး အားနည်းချက်တွေ ရှိနေတဲ့ ဂိုးသမား နေရမှာလည်း ဒီဂီယာ ယူနိုက်တက်ဘက်က ပြန်ကောင်းနေသလို ချယ်ဆီးကလည်း တည်ငြိမ်နေတဲ့ ဂိုးသမားသစ် မန်ဒီနဲ့ ပွဲထုတ်လာမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ချယ်ဆီး ထိပ်တိုက်တွေ့တဲ့ ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” စနေနေ့ ညနေမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီးကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲဟာ စပါးကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်အပြီး အိမ်ကွင်းမှာ ပထမဆုံး ပြန် ကစားတဲ့ ပွဲ ဖြစ်ပါတယ်။ ချယ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပတ်က အိမ်ကွင်းမှာ ဆောက်သမ်တန်ကို သက်တောင့်သက်သာ ဦးဆောင်ထားခဲ့ပေမယ့် နိုင်ပွဲတော့ မရခဲ့ပါဘူး။ ဒီရာသီ ကန်ပြီးသလောက်ကို ကြည့်ရင် ဒီနှစ်သင်းကြား ခြားနားမှု အများကြီး မရှိဘူးလို့ ကျနော် မြင်ပါတယ်။ သရေပွဲ ဖြစ်သွားဖို့ များပါတယ် နှစ်သင်းလုံးကတော့ ဂိုးသွင်းမှာပါ။ ” လို့ အိုဝင်က ဆိုပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် 1-1 ချယ်ဆီး ဖြစ်ပါတယ်။