သီေယဂို ေဆးဗား ခ်ယ္ဆီးထရိန္နင္မွာ ကူညီေနတာေတြ ဖြင့္ဟခဲ့တဲ့ တိုမိုရီ

ခ်ယ္ဆီး ေနာက္ခံလူ တိုမိုရီကေတာ့ အသစ္ ေရာက္လာတဲ့ ၀ါရင့္ ကစားသမားၾကီး သီယာဂိုေဆးလ္ဗားဟာ ခ်ယ္ဆီး လူစာရင္းကို အမ်ားႀကီးအက်ိဳးျဖစ္ထြန္းေစလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ ေအစီမီလန္၊ ပီအက္စ္ဂ်ီတို႔မွာ ေအာင္ျမင္မႈေတြ အမ်ားအျပား ယူေဆာင္ႏိုင္ခဲ့ၿပီးေနာက္ အသက္ ၃၆ ႏွစ္သားဟာ ပရီးမီးယားလိဂ္မွာ အစမ္းသပ္ခံဖို႔ ေရာက္လာခဲ့တာျဖစ္ပါတယ္။

သီေယဂို တစ္ေယာက္ ခ်ယ္ဆီးနဲ႕ ပြဲေတြ အမ်ားၾကီး မကစားရေသးသည့္တိုင္ တိုမိုရီကေတာ့ ဘရာဇီးသားဟာ ခ်ယ္ဆီးအသင္းေဖာ္ေတြကို အမ်ားႀကီးအက်ိဳးရွိၿပီးၿပီလို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“သူက အဂၤလိပ္စကား အမ်ားႀကီး မေျပာတတ္ေပမယ့္ ကြင္းထဲမွာေကာ ေလ့က်င့္ခန္း အစီအစဥ္ေတြမွာ ကြၽန္ေတာ္တို႔ကို အမ်ားႀကီး ေမာင္းႏွင္ေပးေနပါတယ္။ သူဟာ ပေရာ္ဖက္ရွင္ က်တဲ့ ကစားသမား ျဖစ္သလို ေလ့က်င့္ေရး႐ုံမွာလည္း သူ႔ကို အၿမဲတမ္းလို ေတြ႕ရပါတယ္။” လို႔ တိုမိုရီက ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွၾ ေဆာက္သမ္တန္နဲ႔ ရင္ဆိုင္ခဲ့ရၿပီး အႏိုင္ရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ ေနာက္တန္းအမွားေၾကာင့္ သေရတစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ လာမယ့္ အဂၤါေန႔မွာေတာ့ ခ်ယ္ဆီးဟာ ဆီဗီလာအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။

Unicode

ချယ်ဆီး နောက်ခံလူ တိုမိုရီကတော့ အသစ် ရောက်လာတဲ့ ဝါရင့် ကစားသမားကြီး သီယာဂိုဆေးလ်ဗားဟာ ချယ်ဆီး လူစာရင်းကို အများကြီးအကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အေစီမီလန်၊ ပီအက်စ်ဂျီတို့မှာ အောင်မြင်မှုတွေ အများအပြား ယူဆောင်နိုင်ခဲ့ပြီးနောက် အသက် ၃၆ နှစ်သားဟာ ပရီးမီးယားလိဂ်မှာ အစမ်းသပ်ခံဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။

သီယေဂို တစ်ယောက် ချယ်ဆီးနဲ့ ပွဲတွေ အများကြီး မကစားရသေးသည့်တိုင် တိုမိုရီကတော့ ဘရာဇီးသားဟာ ချယ်ဆီးအသင်းဖော်တွေကို အများကြီးအကျိုးရှိပြီးပြီလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“သူက အင်္ဂလိပ်စကား အများကြီး မပြောတတ်ပေမယ့် ကွင်းထဲမှာကော လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကျွန်တော်တို့ကို အများကြီး မောင်းနှင်ပေးနေပါတယ်။ သူဟာ ပရော်ဖက်ရှင် ကျတဲ့ ကစားသမား ဖြစ်သလို လေ့ကျင့်ရေးရုံမှာလည်း သူ့ကို အမြဲတမ်းလို တွေ့ရပါတယ်။” လို့ တိုမိုရီက ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမြှ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ခဲ့ရပြီး အနိုင်ရရှိဖို့ နီးစပ်ခဲ့ပေမယ့် နောက်တန်းအမှားကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ လာမယ့် အင်္ဂါနေ့မှာတော့ ချယ်ဆီးဟာ ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။