ဟာဇက္ေၾကာင့္ ခ်ယ္ဆီး ေပါင္ သန္းေပါင္းမ်ားစြာ ျပန္သံုးခဲ့ရေၾကာင္း လမ္းပတ္ ဖြင့္ဟ

ခ်ယ္ဆီးနည္းျပလမ္းပတ္က အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားတစ္ဦးျဖစ္တဲ့ ဟာဇက္ကို လက္လႊတ္လိုက္ရတဲ့ေနာက္ ၄င္းရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ေငြေၾကး ေပါင္ သန္း မ်ားစြာသုံးစြဲဖို႔ လိုအပ္ခဲ့တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ခ်ယ္ဆီး အသင္းရဲ႕အဓိက ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ဟာဇက္အေနနဲ႔ ၿပီးခဲ့တဲ့နွစ္ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ခ်ယ္ဆီးကေန ရီးရဲလ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ေပမယ့္ ဒဏ္ရာျပႆနာေတြ ေၾကာင့္ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရတာပဲ ျဖစ္ပါတယ္။

ဘယ္ဂ်ီယံ ေတာင္ပံကစားသမား ဟာဇက္ ဟာ ခ်ယ္ဆီးမွာ ၇ ႏွစ္တာကစားခဲ့ၿပီး ကမာၻ႔ အေကာင္းဆုံး ကြင္းလယ္တိုက္စစ္ ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရသလို အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံႏွစ္ႀကိမ္နဲ႔ ယူ႐ိုပါလိဂ္ခ်န္ပီ ယံႏွစ္ႀကိမ္ ရရွိခဲ့သူလည္းျဖစ္ပါတယ္။ အသင္းအတြက္ ၇ ႏွစ္တာကစားခဲ့တဲ့ကာလအတြင္း ဟာဇက္အေနနဲ႔ ခ်ယ္ဆီး အတြက္ ၿပိဳင္ပြဲစုံမွာ ပြဲေပါင္း ၃၅၀ ေက်ာ္ကစားေပးခဲ့တယ္လို႔ သိရပါတယ္။

ဖီဖာရဲ႕ကစားသမားအေျပာင္းအေ႐ႊ႕ပိတ္ပင္ခံထားခဲ့ရတဲ့ ခ်ယ္ဆီးဟာ ဒီႏွစ္ေႏြရာသီမွာေတာ့ ဟာဇက္ရဲ႕ေနရာကို အစား ထိုးႏိုင္ဖို႔အတြက္ ကစားသမားေကာင္းေတြကို ေငြေၾကးမ်ားစြာအကုန္အက်ခံၿပီး ေခၚယူခဲ့ပါတယ္။ ေႏြရာသီအေျပာင္းအ ေ႐ႊ႕မွာ ဟာဇက္ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ခ်ယ္ဆီး ေခၚယူခဲ့တဲ့ ကစားသမားေတြကေတာ့ ဇီယက္၊ တီမိုဝါနာနဲ႔ ကိုင္ ဟာဗက္ဇ္တို႔ပဲ ျဖစ္ပါတယ္။

Unicode

ချယ်ဆီးနည်းပြလမ်းပတ်က အသင်းရဲ့ နာမည်ကျော်ကစားသမားတစ်ဦးဖြစ်တဲ့ ဟာဇက်ကို လက်လွှတ်လိုက်ရတဲ့နောက် ၎င်းရဲ့နေရာကို အစားထိုးဖို့အတွက် ငွေကြေး ပေါင် သန်း များစွာသုံးစွဲဖို့ လိုအပ်ခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်။

ချယ်ဆီး အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဟာဇက်အနေနဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့မှာ ချယ်ဆီးကနေ ရီးရဲလ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေ ကြောင့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။

ဘယ်ဂျီယံ တောင်ပံကစားသမား ဟာဇက် ဟာ ချယ်ဆီးမှာ ၇ နှစ်တာကစားခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသလို အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံနှစ်ကြိမ်နဲ့ ယူရိုပါလိဂ်ချန်ပီ ယံနှစ်ကြိမ် ရရှိခဲ့သူလည်းဖြစ်ပါတယ်။ အသင်းအတွက် ၇ နှစ်တာကစားခဲ့တဲ့ကာလအတွင်း ဟာဇက်အနေနဲ့ ချယ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၅၀ ကျော်ကစားပေးခဲ့တယ်လို့ သိရပါတယ်။

ဖီဖာရဲ့ကစားသမားအပြောင်းအရွှေ့ပိတ်ပင်ခံထားခဲ့ရတဲ့ ချယ်ဆီးဟာ ဒီနှစ်နွေရာသီမှာတော့ ဟာဇက်ရဲ့နေရာကို အစား ထိုးနိုင်ဖို့အတွက် ကစားသမားကောင်းတွေကို ငွေကြေးများစွာအကုန်အကျခံပြီး ခေါ်ယူခဲ့ပါတယ်။ နွေရာသီအပြောင်းအ ရွှေ့မှာ ဟာဇက်ရဲ့နေရာကို အစားထိုးဖို့အတွက် ချယ်ဆီး ခေါ်ယူခဲ့တဲ့ ကစားသမားတွေကတော့ ဇီယက်၊ တီမိုဝါနာနဲ့ ကိုင် ဟာဗက်ဇ်တို့ပဲ ဖြစ်ပါတယ်။