ေတာ္ကီတေပါက္ လွ်မ္းလွ်မ္းေတာက္တဲ့ ေမာ္ရင္ညိဳရဲ႕ မက္ဆီ ခ်ယ္ဆီးလာဖို႔ စည္းရံုးစကားလံုးမ်ား

ခ်ယ္ဆီးအသင္းရဲ႕ နည္းျပေဟာင္း လက္ရွိ ေတာ့တင္ဟမ္နည္းျပ ဂ်ိဳေဆးေမာ္ရင္ဟိုဟာ လီယြန္နယ္မက္ဆီကို ၂၀၁၄ တုန္းက ခ်ယ္ဆီးအသင္းမွာ လာကစားဖို႔ Facetime ကေန မ်က္ႏွာခ်င္းဆိုင္ စကားေျပာၿပီး တိုက္တြန္းခဲ့ဖူးတယ္လို႔ နာမည္ႀကီး သတင္းေထာက္ ဂီယန္လူကာ ဒီမာဇီယိုက ေဖာ္ျပခဲ့ပါတယ္။ ေပၚတူဂီသား ဂႏၲဝင္နည္းျပႀကီးဟာ ခ်ယ္ဆီး အသင္းကို ဒုတိယအႀကိမ္ ျပန္လည္ တာဝန္ယူခဲ့တဲ့ ၂၀၁၃ ကေန ထုတ္ပယ္ခံခဲ့ရတဲ့ ၂၀၁၅ အတြင္း ပရီးမီးယားလိဂ္ တစ္ႀကိမ္နဲ႔ လိဂ္ဖလား တစ္ႀကိမ္တို႔ကို ရယူေပးခဲ့ပါတယ္။

ဒါေပမယ့္ အခု ဒီမာဇီယိုရဲ႕ ေဖာ္ျပခ်က္အရ ေမာ္ရင္ဟိုဟာ ခ်ယ္ဆီးကိုျပန္လည္ ေရာက္ရွိလာခ်ိန္မွာေတာ့ ၂၀၁၄ ေလာက္က မက္ဆီကို စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေခၚယူႏိုင္ဖို႔ အတြက္ ဦးတည္ႀကိဳးစားခဲ့တယ္လို႔ သိရပါတယ္။

ဒီမာဇီရဲ႕ ဂရန္းဟိုတယ္ကယ္စီယြန္မာကာတို စာအုပ္မွာ ေမာ္ရင္ဟိုနဲ႔ မက္ဆီရဲ႕ ဇာတ္လမ္းကို “အေျပာင္းအေ႐ႊ႕ေဈးကြက္ရဲ႕ လူမသိတဲ့ အႀကီးက်ယ္ဆုံးပုံျပင္ ” ဆိုၿပီး တင္စားထားပါတယ္။ ခ်ယ္ဆီး အသင္းဟာ ဘာစီလိုနာ အသင္းရဲ႕ စူပါစတားကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၂၅၀ ကိုပါ ေပးဖို႔အထိ ျပင္ဆင္ခဲ့တယ္လို႔လည္း Sky Sports က ေဖာ္ျပခဲ့ပါတယ္။

ဒီမာဇီယိုရဲ႕အေျပာအရ ခ်ယ္ဆီးအသင္းဟာ မက္ဆီကို တစ္ရာသီ ေပါင္သန္း ၅၀ အထိ လစာေပးေခ်ဖို႔လည္း အသင့္ရွိခဲ့တယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုကိုယ္တိုင္ လက္ရွိ အသက္ ၃၃ ႏွစ္အ႐ြယ္ အာဂ်င္တီးနားသားကို ဗီဒီယိုေကာကေန တက္တက္ႂကြႂကြ စကားေျပာခဲ့ပါေသးတယ္။

စပယ္ရွယ္ဝမ္းဟာ သူ႔ရဲ႕ အင္းမလုပ္အဲမလုပ္ ပုံစံကိုေဖာက္ထြက္ၿပီး ဘယ္လိုေျပာခဲ့လဲဆိုကို ဒီမာဇီယိုက “ဘယ္လိုလဲ ေနေကာင္းလား ခ်န္ပီယံႀကီး၊ ငါမင္းကို တားဆီးဖို႔နည္းလမ္းရွာရင္း အိပ္မရတဲ့ ညေတြဘယ္ႏွညေလာက္ ရွိခဲ့လဲဆိုတာ မင္းေတာ့သိမွာ မဟုတ္ဘူး။ မေရအတြက္ႏိုင္တဲ့ ဗ်ဴဟာမ်ိဳးစုံကိုလည္း စမ္းခဲ့ၿပီးၿပီ ဒါေပမယ့္ မင္းေဘာလုံးဆြဲေျပးၿပီး ဂိုးမသြင္းခင္အထိပဲ အဲ့ဒီဗ်ဴဟာေတြက အလုပ္ျဖစ္ခဲ့တယ္။ မင္းက တကယ္ အေကာင္းဆုံးပါ ဒါပါပဲ” ဆိုၿပီး ေျပာခဲ့တယ္လို႔ ေဖာက္သည္ခ်ခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ ဉာဏ္နီဉာဏ္နက္မ်ိဳးစုံ လွည့္ကြက္မ်ိဳးစုံသုံးၿပီး မက္ဆီကို စည္း႐ုံးခဲ့ေပမယ့္ မက္ဆီက ဘာစီလိုနာမွာပဲ ဆက္ေနလိမ့္မယ္လို႔ ထင္ေၾကာင္း ဝန္ခံခဲ့ပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အင္တာမီလန္နည္းျပေဟာင္းဟာ လွည့္ကြက္မ်ိဳးစုံေတာ့ သုံးခဲ့ပါေသးတယ္။

စပယ္ရွယ္ဝမ္းက “ငါ မင္းကိုဘာေျပာခ်င္လဲ သိလား။ မင္းအခုေရာက္ေနတဲ့ ေနရာမွာပဲ ဆက္ေနဖို႔ တကယ္လိုတယ္ေနာ္။ ဘယ္မွမသြားနဲ႔၊ သူတို႔က မင္းကို ႐ုပ္ထုလုပ္ၿပီးေတာင္ ဂုဏ္ျပဳလိမ့္မယ္၊ ဘာစီလိုနာမွာပဲ ဆက္ေနပါ။ မင္းလိုနံပါတ္တစ္ ကစားသမားတစ္ေယာက္အတြက္ တတ္ႏိုင္သမွ် အေကာင္းဆုံး ေနရာမွာပဲ ေနဖို႔လိုတယ္။ ဒါေပမယ့္ မနက္အိပ္ရာႏိုးလို႔ ထရိန္နင္ကြင္းမွာ မနက္စာစားရင္း ေကာ္ဖီက အရသာေျပာင္းသြားရင္၊ ေကာင္းကင္ႀကီးက ႐ုတ္တရက္ မီးခိုေရာင္ျဖစ္သြားရင္၊ မင္းစီးေနတဲ့ကားကို မႀကိဳက္ေတာ့ရင္၊ အိမ္ျပန္ရင္း ဝမ္းနည္းလာရင္၊ မင္းကိုယ္တိုင္ေရာ၊ မင္းမိသားစုေရာ မေပ်ာ္ေတာ့ရင္ အဲ့ဒါက မင္းဘဝရဲ႕ ေမွာင္မိုက္ၿပီး၊ ဝမ္းနည္းပူေဆြးရမယ့္ အခ်ိန္ပဲ။ အဲ့ဒီအခ်ိန္က်ရင္ ေပ်ာ္႐ႊင္စရာေတြရွိမယ့္ တံခါးတစ္ခ်ပ္ကို မင္းဖြင့္ဖို႔လိုတယ္ အဲ့ဒီတံခါးရဲ႕ အေနာက္မွာေတာ့ မင္းငါ့ကို ေတြ႕လိမ့္မယ္၊ ဂ်ိဳေဆးေမာ္ရင္ဟိုဆိုတဲ့ ငါက မင္းကို ေစာင့္ေနတယ္” လို႔ လွလွပပစကားလုံးေတြနဲ႔ မက္ဆီကိုစည္း႐ုံးခဲ့ပါတယ္။

မက္ဆီက အေပၚမွာ ေမာ္ရင္ဟိုေျပာခဲ့တဲ့ စကားေတြကို နားေထာင္ၿပီး ရယ္ေမာပါတယ္၊ ၿပီးေတာ့ “ဒီစကားေတြက သူ႔ကို ႐ူးသြားေစေလာက္ၿပီး ကမ္းလွမ္းမႈေၾကာင့္ စိတ္လႈပ္ရွားမိပါတယ္” လို႔ ေမာ္ရင္ဟိုကို မယုတ္မလြန္ ျပန္ေျဖသြားခဲ့ပါတယ္။ ေဘာလြန္းဒီေအာ္ ၆ ႀကိမ္ရမက္ဆီဟာ ေမာ္ရင္ဟိုနဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈေတာင္ ရယူခဲ့ေပမယ့္ အဆိုပါ ကိစၥကို မက္ဆီရဲ႕ဖခင္နဲ႔ ေအးဂ်င့္ေဂ်ာ့မန္းဒက္စ္၊ အသင္းေဖာ္ေဟာင္း ေဒကိုတို႔က ကန႔္ကြက္ခဲ့တာေၾကာင့္ ဆပ္ျပာကိုေရနဲ႔ေဆးခ်လိုက္သလို အဲ့ဒီကိစၥက မရွိခဲ့သလို ျဖစ္သြားတယ္လို႔ ဒီမာဇီယိုက ေရးသားခဲ့ပါတယ္။

Unicode

ချယ်ဆီးအသင်းရဲ့ နည်းပြဟောင်း လက်ရှိ တော့တင်ဟမ်နည်းပြ ဂျိုဆေးမော်ရင်ဟိုဟာ လီယွန်နယ်မက်ဆီကို ၂၀၁၄ တုန်းက ချယ်ဆီးအသင်းမှာ လာကစားဖို့ Facetime ကနေ မျက်နှာချင်းဆိုင် စကားပြောပြီး တိုက်တွန်းခဲ့ဖူးတယ်လို့ နာမည်ကြီး သတင်းထောက် ဂီယန်လူကာ ဒီမာဇီယိုက ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီသား ဂန္တဝင်နည်းပြကြီးဟာ ချယ်ဆီး အသင်းကို ဒုတိယအကြိမ် ပြန်လည် တာဝန်ယူခဲ့တဲ့ ၂၀၁၃ ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၁၅ အတွင်း ပရီးမီးယားလိဂ် တစ်ကြိမ်နဲ့ လိဂ်ဖလား တစ်ကြိမ်တို့ကို ရယူပေးခဲ့ပါတယ်။

ဒါပေမယ့် အခု ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ ချယ်ဆီးကိုပြန်လည် ရောက်ရှိလာချိန်မှာတော့ ၂၀၁၄ လောက်က မက်ဆီကို စတမ်းဖို့ဒ်ဘရစ်ချ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဦးတည်ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ဒီမာဇီရဲ့ ဂရန်းဟိုတယ်ကယ်စီယွန်မာကာတို စာအုပ်မှာ မော်ရင်ဟိုနဲ့ မက်ဆီရဲ့ ဇာတ်လမ်းကို “အပြောင်းအရွှေ့ဈေးကွက်ရဲ့ လူမသိတဲ့ အကြီးကျယ်ဆုံးပုံပြင် ” ဆိုပြီး တင်စားထားပါတယ်။ ချယ်ဆီး အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ စူပါစတားကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၂၅၀ ကိုပါ ပေးဖို့အထိ ပြင်ဆင်ခဲ့တယ်လို့လည်း Sky Sports က ဖော်ပြခဲ့ပါတယ်။

ဒီမာဇီယိုရဲ့အပြောအရ ချယ်ဆီးအသင်းဟာ မက်ဆီကို တစ်ရာသီ ပေါင်သန်း ၅၀ အထိ လစာပေးချေဖို့လည်း အသင့်ရှိခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုကိုယ်တိုင် လက်ရှိ အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားသားကို ဗီဒီယိုကောကနေ တက်တက်ကြွကြွ စကားပြောခဲ့ပါသေးတယ်။

စပယ်ရှယ်ဝမ်းဟာ သူ့ရဲ့ အင်းမလုပ်အဲမလုပ် ပုံစံကိုဖောက်ထွက်ပြီး ဘယ်လိုပြောခဲ့လဲဆိုကို ဒီမာဇီယိုက “ဘယ်လိုလဲ နေကောင်းလား ချန်ပီယံကြီး၊ ငါမင်းကို တားဆီးဖို့နည်းလမ်းရှာရင်း အိပ်မရတဲ့ ညတွေဘယ်နှညလောက် ရှိခဲ့လဲဆိုတာ မင်းတော့သိမှာ မဟုတ်ဘူး။ မရေအတွက်နိုင်တဲ့ ဗျူဟာမျိုးစုံကိုလည်း စမ်းခဲ့ပြီးပြီ ဒါပေမယ့် မင်းဘောလုံးဆွဲပြေးပြီး ဂိုးမသွင်းခင်အထိပဲ အဲ့ဒီဗျူဟာတွေက အလုပ်ဖြစ်ခဲ့တယ်။ မင်းက တကယ် အကောင်းဆုံးပါ ဒါပါပဲ” ဆိုပြီး ပြောခဲ့တယ်လို့ ဖောက်သည်ချခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဉာဏ်နီဉာဏ်နက်မျိုးစုံ လှည့်ကွက်မျိုးစုံသုံးပြီး မက်ဆီကို စည်းရုံးခဲ့ပေမယ့် မက်ဆီက ဘာစီလိုနာမှာပဲ ဆက်နေလိမ့်မယ်လို့ ထင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်နည်းပြဟောင်းဟာ လှည့်ကွက်မျိုးစုံတော့ သုံးခဲ့ပါသေးတယ်။

စပယ်ရှယ်ဝမ်းက “ငါ မင်းကိုဘာပြောချင်လဲ သိလား။ မင်းအခုရောက်နေတဲ့ နေရာမှာပဲ ဆက်နေဖို့ တကယ်လိုတယ်နော်။ ဘယ်မှမသွားနဲ့၊ သူတို့က မင်းကို ရုပ်ထုလုပ်ပြီးတောင် ဂုဏ်ပြုလိမ့်မယ်၊ ဘာစီလိုနာမှာပဲ ဆက်နေပါ။ မင်းလိုနံပါတ်တစ် ကစားသမားတစ်ယောက်အတွက် တတ်နိုင်သမျှ အကောင်းဆုံး နေရာမှာပဲ နေဖို့လိုတယ်။ ဒါပေမယ့် မနက်အိပ်ရာနိုးလို့ ထရိန်နင်ကွင်းမှာ မနက်စာစားရင်း ကော်ဖီက အရသာပြောင်းသွားရင်၊ ကောင်းကင်ကြီးက ရုတ်တရက် မီးခိုရောင်ဖြစ်သွားရင်၊ မင်းစီးနေတဲ့ကားကို မကြိုက်တော့ရင်၊ အိမ်ပြန်ရင်း ဝမ်းနည်းလာရင်၊ မင်းကိုယ်တိုင်ရော၊ မင်းမိသားစုရော မပျော်တော့ရင် အဲ့ဒါက မင်းဘဝရဲ့ မှောင်မိုက်ပြီး၊ ဝမ်းနည်းပူဆွေးရမယ့် အချိန်ပဲ။ အဲ့ဒီအချိန်ကျရင် ပျော်ရွှင်စရာတွေရှိမယ့် တံခါးတစ်ချပ်ကို မင်းဖွင့်ဖို့လိုတယ် အဲ့ဒီတံခါးရဲ့ အနောက်မှာတော့ မင်းငါ့ကို တွေ့လိမ့်မယ်၊ ဂျိုဆေးမော်ရင်ဟိုဆိုတဲ့ ငါက မင်းကို စောင့်နေတယ်” လို့ လှလှပပစကားလုံးတွေနဲ့ မက်ဆီကိုစည်းရုံးခဲ့ပါတယ်။

မက်ဆီက အပေါ်မှာ မော်ရင်ဟိုပြောခဲ့တဲ့ စကားတွေကို နားထောင်ပြီး ရယ်မောပါတယ်၊ ပြီးတော့ “ဒီစကားတွေက သူ့ကို ရူးသွားစေလောက်ပြီး ကမ်းလှမ်းမှုကြောင့် စိတ်လှုပ်ရှားမိပါတယ်” လို့ မော်ရင်ဟိုကို မယုတ်မလွန် ပြန်ဖြေသွားခဲ့ပါတယ်။ ဘောလွန်းဒီအော် ၆ ကြိမ်ရမက်ဆီဟာ မော်ရင်ဟိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတောင် ရယူခဲ့ပေမယ့် အဆိုပါ ကိစ္စကို မက်ဆီရဲ့ဖခင်နဲ့ အေးဂျင့်ဂျော့မန်းဒက်စ်၊ အသင်းဖော်ဟောင်း ဒေကိုတို့က ကန့်ကွက်ခဲ့တာကြောင့် ဆပ်ပြာကိုရေနဲ့ဆေးချလိုက်သလို အဲ့ဒီကိစ္စက မရှိခဲ့သလို ဖြစ်သွားတယ်လို့ ဒီမာဇီယိုက ရေးသားခဲ့ပါတယ်။