အဂၤလန္အသင္းအတြက္ ပြဲဦးထြက္မွာ မလိုခ်င္တဲ့ မွတ္တမ္းဆိုး ရသြားခဲ့တဲ့ ရီစီဂ်ိမ္းစ္

အဂၤလန္ အသင္းရဲ႕ ေနာက္ခံလူ တစ္ဦးျဖစ္တဲ့ ရီစီဂ်ိမ္းစ္ ဟာ အသင္းၾကီးအတြက္ ပထမဆံုးပြဲထြက္ခြင့္ရတဲဲ့ ဒိန္းမတ္နဲ႔ပြဲမွာ အနီကတ္ ျပစ္ဒဏ္ ထိခဲ့တာေၾကာင့္ အဂၤလန္နည္းျပ ေဆာက္ဂိတ္ လက္ထက္ ပထမဆံုး ပြဲထြက္ ကစားခြင့္ရခဲ့တဲ့ပြဲမွာပဲ ထုတ္ပယ္ခံခဲ့ရတဲ့ ကစားသမားျဖစ္လာခဲ့ပါတယ္။

ညက ေနးရွင္းလိဂ္ပြဲမွာ အဂၤလန္ဟာ ဒိန္းမတ္ကို အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ တစ္ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြက အဂၤလန္ဟာ အုပ္စုတြင္းမွာ အား အေကာင္းဆံုး ျပိဳင္ဘက္ျဖစ္တဲ့ ဘယ္ဂ်ီယံကို အိမ္ကြင္းမွာ ေနာက္က ေနလိုက္ကစားၿပီး ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့ေပမယ့္ ဒိန္းမတ္နဲ႔ပြဲမွာေတာ့ ပြဲခ်ိန္ ၃၁ မိနစ္မွာ ေနာက္ခံလူ မက္ဂြိဳင္းယား ႏွစ္ဝါ တစ္နီနဲ႔ ထုတ္ပယ္ ခံခဲ့ရတာေၾကာင့္ ကစားသမား တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရပါတယ္။

ဒိန္းမတ္အတြက္ တစ္လံုးတည္း ေသာ အႏိုင္ဂိုးကိုေတာ့ ပြဲခ်ိန္ ၃၅ မိနစ္မွာ ကြင္းလယ္လူ အဲရစ္ဆင္က ပင္နယ္တီကေန တဆင့္ သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။ အဂၤလန္ ေနာက္ခံလူ ရီစီဂ်ိမ္းစ္ အေနနဲ႔ ဒိန္းမတ္နဲ႔ ပြဲအၿပီးမွာ ကြင္းလယ္ဒိုင္လူၾကီး ဂ်ီးဆပ္ေဂးလ္မာဇာႏို ရဲ႕ဆံုးျဖတ္ခ်က္ အခ်ိဳ႕ကို ေစာဒကတက္ခဲ့တာေၾကာင့္ ပြဲသိမ္းခရာမႈတ္ၿပီးမွ ထုတ္ပယ္ခံခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဂ်ိမ္းစ္ အေနနဲ႔ အခုလို ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ အဂၤလန္အသင္း အတြက္ ပထမဆံုး ပြဲထြက္ခြင့္ရတဲ့ပြဲမွာပဲ ထုတ္ပယ္ခံရတဲ့ ကစားသမား အျဖစ္ မွတ္တမ္းဝင္သြားခဲ့တာ ျဖစ္ပါတယ္။ ခ်ယ္ဆီး ခံစစ္မွဴး အေနနဲ႕ ဒီလို မွတ္တမ္းမ်ိဳးကိုေတာ့ အလိုရွိမွာ မဟုတ္ပါဘူး။

ဒိန္းမတ္နဲ႔ပြဲမွာ အဂၤလန္အသင္းက ေနာက္ခံလူေတြျဖစ္တဲ့ မက္ဂြိဳင္းယားနဲ႔ ဂ်ိမ္းစ္တို႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ေဘာလံုးျပကၡဒိန္တစ္ႏွစ္အတြင္းမွာ အဂၤလန္အသင္းအေနနဲ႔ ကစားသမား ၃ ေယာက္အထိ ထုတ္ပယ္ခံခဲ့ရတာ ျဖစ္တယ္လို႔ လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက အိုက္စလန္နဲ႔ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာလည္း အဂၤလန္ေနာက္ခံ လူတစ္ဦးျဖစ္တဲ့ ကီလီေဝၚလ္ကာက ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

Unicode

အင်္ဂလန် အသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ ရီစီဂျိမ်းစ် ဟာ အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရတဲ့ ဒိန်းမတ်နဲ့ပွဲမှာ အနီကတ် ပြစ်ဒဏ် ထိခဲ့တာကြောင့် အင်္ဂလန်နည်းပြ ဆောက်ဂိတ် လက်ထက် ပထမဆုံး ပွဲထွက် ကစားခွင့်ရခဲ့တဲ့ပွဲမှာပဲ ထုတ်ပယ်ခံခဲ့ရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ညက နေးရှင်းလိဂ်ပွဲမှာ အင်္ဂလန်ဟာ ဒိန်းမတ်ကို အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေက အင်္ဂလန်ဟာ အုပ်စုတွင်းမှာ အား အကောင်းဆုံး ပြိုင်ဘက်ဖြစ်တဲ့ ဘယ်ဂျီယံကို အိမ်ကွင်းမှာ နောက်က နေလိုက်ကစားပြီး နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒိန်းမတ်နဲ့ပွဲမှာတော့ ပွဲချိန် ၃၁ မိနစ်မှာ နောက်ခံလူ မက်ဂွိုင်းယား နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ် ခံခဲ့ရတာကြောင့် ကစားသမား တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

ဒိန်းမတ်အတွက် တစ်လုံးတည်း သော အနိုင်ဂိုးကိုတော့ ပွဲချိန် ၃၅ မိနစ်မှာ ကွင်းလယ်လူ အဲရစ်ဆင်က ပင်နယ်တီကနေ တဆင့် သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ အင်္ဂလန် နောက်ခံလူ ရီစီဂျိမ်းစ် အနေနဲ့ ဒိန်းမတ်နဲ့ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်လူကြီး ဂျီးဆပ်ဂေးလ်မာဇာနို ရဲ့ဆုံးဖြတ်ချက် အချို့ကို စောဒကတက်ခဲ့တာကြောင့် ပွဲသိမ်းခရာမှုတ်ပြီးမှ ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျိမ်းစ် အနေနဲ့ အခုလို ထုတ်ပယ်ခံခဲ့ရတာကြောင့် အင်္ဂလန်အသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့်ရတဲ့ပွဲမှာပဲ ထုတ်ပယ်ခံရတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီး ခံစစ်မှူး အနေနဲ့ ဒီလို မှတ်တမ်းမျိုးကိုတော့ အလိုရှိမှာ မဟုတ်ပါဘူး။

ဒိန်းမတ်နဲ့ပွဲမှာ အင်္ဂလန်အသင်းက နောက်ခံလူတွေဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ ဂျိမ်းစ်တို့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဘောလုံးပြက္ခဒိန်တစ်နှစ်အတွင်းမှာ အင်္ဂလန်အသင်းအနေနဲ့ ကစားသမား ၃ ယောက်အထိ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်တယ်လို့ လည်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အိုက်စလန်နဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာလည်း အင်္ဂလန်နောက်ခံ လူတစ်ဦးဖြစ်တဲ့ ကီလီဝေါ်လ်ကာက နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။