ခ်ယ္ဆီး နည္းျပ လမ္းပတ္ရဲ႕ ျပင္းထန္လြန္းတဲ့ ေပါက္ကြဲမႈနဲ႕ အမ်က္သင့္ခံခဲ့ရတဲ့ ခံစစ္မွဴး အလြန္ဆို

ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ ပြိုင်ဘက် ဝက်စ်ဘရွန်းရဲ့ ထိုးဖောက်မှုတွေကို အလွယ်တကူ ခွင့်ပြုခဲ့ရပြီး သွင်းဂိုး(၃)ဂိုးကိုပါ ခွင့်ပြုခဲ့ရတဲ့ အသင်းရဲ့ခံစစ်ပိုင်းအတွင်းက ဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုကို နည်းပြလမ်းပတ်က ဒုတိယပိုင်းအစမှာပဲ အက်စ်ပီလီကွယ်တာနဲ့ လူစားလဲခဲ့တဲ့အပြင် အဝတ်လဲခန်းအတွင်းမှာလည်း ဒေါသတကြီးနဲ့ အော်ဟစ်ဆက်ဆံခဲ့တယ်လို့ The Athletic သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

စပိန်သား နောက်ခံအစွန်လူ အလွန်ဆိုဟာ ဝက်ဘရွန်းနဲ့ပွဲစဉ်အတွင်းမှာ ခံစစ်ကစားပုံ အမှားအယွင်းတချို့ ရှိခဲ့တဲ့အပေါ် နည်းပြလမ်းပတ်က စိတ်ပျက်နေခဲ့တာကြောင့် ပထမပိုင်းအပြီးမှာပဲ သူ့ကိုလူစားလဲခဲ့ပြီး ချယ်ဆီးအသင်းသားတွေ အရှေ့မှာလည်း အော်ငေါက်ခဲ့ကာ အသင်းရဲ့ ဒုတိယပိုင်း ပွဲကစားချိန်တွေကိုလည်း အသင်း ဘတ်စ်ကားပေါ်ကနေ ကြည့်ရှုစေခိုင်းခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းတွေ အရ ဆိုရင်တော့ လမ်းပတ်ဟာ နွေဈေးကွက်မပိတ်ခင်မှာပဲ အလွန်ဆိုကို အသင်းကနေ ရောင်းချသွားဖို့ သေချာသလောက်ကို ရှိလာခဲ့ပါတယ်။

ချယ်ဆီးအသင်းသားတချို့ကပါ နည်းပြလမ်းပတ်ရဲ့ဒေါသတကြီး အော်ဟစ်ပြောဆိုတွေကို အံ့အားသင့်ခဲ့ကြရပြီး ဒီလိုနည်းပြမျိုးကို သူတို့တွေ တစ်ခါမှ မဆုံခဲ့ဖူးဘူးလို့ပါ ပြောဆိုခဲ့ကြသလို ဒီလိုဆူငေါက်မှုနဲ့ ကြုံတွေ့ထားခဲ့ရတဲ့ အလွန်ဆိုအနေနဲ့ အသင်းမှာပဲ ဆက်လက်ရှိနေဦးမယ်ဆိုရင် သူတို့တွေ အရမ်းကို အံ့သြမိမှာဖြစ်ကြောင်းကိုပါ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီလို သတင်းတွေ ထုတ်ပြန်ထားခဲ့ပေမယ့်လည်း အလွန်ဆိုအနေနဲ့ ပထမပိုင်းအပြီးမှာ သူ့ကိုလူစားလဲတော့မယ်ဆိုတာကို လမ်းပတ်က အသိပေးခဲ့လို့ ရေချိုးသန့်စင်ပြီးနောက် အသင်းရဲ့ဘတ်စ်ကားထဲကနေပဲ အသင်းရဲ့ ပွဲချိန်အနည်းငယ်ကို ကြည့်ရှခဲ့တာဖြစ်နိုင်တယ်လို့လည်း အခြား အင်္ဂလန်သတင်းဌာနကနေ ပြန်လည်ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် အလွန်ဆိုဟာ ဒုတိယပိုင်းပွဲချိန် ပြန်လည်စတင်ပြီးနောက် (၁၅)မိနစ်လောက်အကြာမှသာ ကွင်းအတွင်းကို ဝင်လာခဲ့တာဖြစ်ပြီး ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုခဲ့တာဖြစ်လို့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စထက် ထူးခြားနေတာတော့ သေချာနေပြီး ချယ်ဆီးဘက်ကလည်း သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဘန်ချီဝဲလ်ကို ခေါ်ယူထားနိုင်ပြီဖြစ်လို့ အလွန်ကို နွေဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိလို့နေပါတယ်။

Zawgyi – ၿပီးခဲ့တဲ့ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ ခ်ယ္ဆီးအသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ရဲ႕ ပထမပိုင္း ပြဲကစားခ်ိန္ေတြအတြင္းမွာ ၿပိဳင္ဘက္ ဝက္စ္ဘ႐ြန္းရဲ႕ ထိုးေဖာက္မႈေတြကို အလြယ္တကူ ခြင့္ျပဳခဲ့ရၿပီး သြင္းဂိုး(၃)ဂိုးကိုပါ ခြင့္ျပဳခဲ့ရတဲ့ အသင္းရဲ႕ခံစစ္ပိုင္းအတြင္းက ဘယ္ေနာက္ခံကစားသမား မားကို႔စ္အလြန္ဆိုကို နည္းျပလမ္းပတ္က ဒုတိယပိုင္းအစမွာပဲ အက္စ္ပီလီကြယ္တာနဲ႔ လူစားလဲခဲ့တဲ့အျပင္ အဝတ္လဲခန္းအတြင္းမွာလည္း ေဒါသတႀကီးနဲ႔ ေအာ္ဟစ္ဆက္ဆံခဲ့တယ္လို႔ The Athletic သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

စပိန္သား ေနာက္ခံအစြန္လူ အလြန္ဆိုဟာ ဝက္ဘ႐ြန္းနဲ႔ပြဲစဥ္အတြင္းမွာ ခံစစ္ကစားပုံ အမွားအယြင္းတခ်ိဳ႕ ရွိခဲ့တဲ့အေပၚ နည္းျပလမ္းပတ္က စိတ္ပ်က္ေနခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာပဲ သူ႔ကိုလူစားလဲခဲ့ၿပီး ခ်ယ္ဆီးအသင္းသားေတြ အေရွ႕မွာလည္း ေအာ္ေငါက္ခဲ့ကာ အသင္းရဲ႕ ဒုတိယပိုင္း ပြဲကစားခ်ိန္ေတြကိုလည္း အသင္း ဘတ္စ္ကားေပၚကေန ၾကည့္ရႈေစခိုင္းခဲ့တယ္လို႔ သိရပါတယ္။

ဒီသတင္းေတြ အရ ဆိုရင္ေတာ့ လမ္းပတ္ဟာ ေႏြေစ်းကြက္မပိတ္ခင္မွာပဲ အလြန္ဆိုကို အသင္းကေန ေရာင္းခ်သြားဖို႔ ေသခ်ာသေလာက္ကို ရွိလာခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းသားတခ်ိဳ႕ကပါ နည္းျပလမ္းပတ္ရဲ႕ေဒါသတႀကီး ေအာ္ဟစ္ေျပာဆိုေတြကို အံ့အားသင့္ခဲ့ၾကရၿပီး ဒီလိုနည္းျပမ်ိဳးကို သူတို႔ေတြ တစ္ခါမွ မဆုံခဲ့ဖူးဘူးလို႔ပါ ေျပာဆိုခဲ့ၾကသလို ဒီလိုဆူေငါက္မႈနဲ႔ ႀကဳံေတြ႕ထားခဲ့ရတဲ့ အလြန္ဆိုအေနနဲ႔ အသင္းမွာပဲ ဆက္လက္ရွိေနဦးမယ္ဆိုရင္ သူတို႔ေတြ အရမ္းကို အံ့ၾသမိမွာျဖစ္ေၾကာင္းကိုပါ ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

ဒီလို သတင္းေတြ ထုတ္ျပန္ထားခဲ့ေပမယ့္လည္း အလြန္ဆိုအေနနဲ႔ ပထမပိုင္းအၿပီးမွာ သူ႔ကိုလူစားလဲေတာ့မယ္ဆိုတာကို လမ္းပတ္က အသိေပးခဲ့လို႔ ေရခ်ိဳးသန႔္စင္ၿပီးေနာက္ အသင္းရဲ႕ဘတ္စ္ကားထဲကေနပဲ အသင္းရဲ႕ ပြဲခ်ိန္အနည္းငယ္ကို ၾကည့္ရွခဲ့တာျဖစ္ႏိုင္တယ္လို႔လည္း အျခား အဂၤလန္သတင္းဌာနကေန ျပန္လည္ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ အလြန္ဆိုဟာ ဒုတိယပိုင္းပြဲခ်ိန္ ျပန္လည္စတင္ၿပီးေနာက္ (၁၅)မိနစ္ေလာက္အၾကာမွသာ ကြင္းအတြင္းကို ဝင္လာခဲ့တာျဖစ္ၿပီး ပြဲၾကည့္စင္ကေန လာေရာက္ၾကည့္ရႈခဲ့တာျဖစ္လို႔ ျဖစ္႐ိုးျဖစ္စဥ္ကိစၥထက္ ထူးျခားေနတာေတာ့ ေသခ်ာေနၿပီး ခ်ယ္ဆီးဘက္ကလည္း သူတို႔ရဲ႕ကာလရွည္ပစ္မွတ္ျဖစ္တဲ့ ဘန္ခ်ီဝဲလ္ကို ေခၚယူထားႏိုင္ၿပီျဖစ္လို႔ အလြန္ကို ေႏြေစ်းကြက္အတြင္းမွာပဲ အသင္းကေန ထြက္ခြာသြားႏိုင္ဖြယ္ ရွိလို႔ေနပါတယ္။