အဲဗာတန္ နဲ႔ လက္စတာတို႔ အလိုရွိေနတဲ့ ဇူးမား အတြက္ ခ်ယ္ဆီး ေစ်းသတ္မွတ္

ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွ ျပိဳင္ဘက္အသင္းေတြ ျဖစ္တဲ့အဲဗာတန္ နဲ႔ လက္စတာအသင္းတို႔က စိတ္၀င္စားေနတဲ့ ဗဟိုေနာက္ခံလူ ဇူးမားကို ဒီေႏြရာသီမွာ ေရာင္းခ်ရန္ ျပင္ဆင္ေနတယ္လို႔ သတင္းမ်ား ထြက္ေပၚလာပါတယ္။

ဇူးမားဟာ ပရီးမိးယားလိဂ္အဖြင့္ပြဲ (၂) ပြဲမွာ ခရစၥတန္ဆန္ နဲ႔ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ပီအက္စ္ဂ်ီက သီယာဂိုေဆးလ္ဗား ေရာက္လာလို႔ ပြဲထြက္ (၁၁) ေယာက္လူစာရင္းကေန ခ်န္ထားျခင္း ခံရႏိုင္တယ္လို႔ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

ျပင္သစ္က သတင္းမ်ားအရ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ (၂) သင္းက စိတ္၀င္စားေနတဲ့ ျပင္သစ္ေနာက္ခံလူအတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ ရရင္ ေရာင္းခ်ခ်င္ေနျပီး ေစ်းလည္း သတ္မွတ္ထားျပီလို႔ သိရပါတယ္။

ဇူးမားဟာ အဲဗာတန္အသင္းဆီမွာ ၂၀၁၈-၁၉ ေဘာလံုးရာသီတုန္းက အငွားနဲ႔ သြားေရာက္ကစားထားျပီး ေအာင္ျမင္မႈ ရခဲ့လို႔ အဲဗာတန္ အသင္းက ပိုျပီး စိတ္၀င္စားေနတာ ျဖစ္ပါတယ္။ ဇူးမားဟာ ခ်ယ္ဆီးအသင္း ၀က္စ္ဘရြန္းကို (၃-၃) နဲ႔ သေရက်ခဲ့တဲ့ပြဲ လူစာရင္းကေန လည္း ခ်န္လွပ္ထားခံခဲ့ရပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဇူးမားအတြက္ တန္ေၾကး ေပါင္ ၃၆ သန္း သတ္မွတ္ထားတယ္လို႔လည္း သိရပါတယ္။ ဇူးမားနဲ႕ ခ်ယ္ဆီး အသင္းရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းက ၂၀၂၃ ခုႏွစ္မွ ကုန္ဆံုးမွာ ျဖစ္ပါတယ္။

Unicode

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှ ပြိုင်ဘက်အသင်းတွေ ဖြစ်တဲ့အဲဗာတန် နဲ့ လက်စတာအသင်းတို့က စိတ်ဝင်စားနေတဲ့ ဗဟိုနောက်ခံလူ ဇူးမားကို ဒီနွေရာသီမှာ ရောင်းချရန် ပြင်ဆင်နေတယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။

ဇူးမားဟာ ပရီးမိးယားလိဂ်အဖွင့်ပွဲ (၂) ပွဲမှာ ခရစ္စတန်ဆန် နဲ့ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ပီအက်စ်ဂျီက သီယာဂိုဆေးလ်ဗား ရောက်လာလို့ ပွဲထွက် (၁၁) ယောက်လူစာရင်းကနေ ချန်ထားခြင်း ခံရနိုင်တယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ပြင်သစ်က သတင်းများအရ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် (၂) သင်းက စိတ်ဝင်စားနေတဲ့ ပြင်သစ်နောက်ခံလူအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရင် ရောင်းချချင်နေပြီး ဈေးလည်း သတ်မှတ်ထားပြီလို့ သိရပါတယ်။

ဇူးမားဟာ အဲဗာတန်အသင်းဆီမှာ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက အငှားနဲ့ သွားရောက်ကစားထားပြီး အောင်မြင်မှု ရခဲ့လို့ အဲဗာတန် အသင်းက ပိုပြီး စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဇူးမားဟာ ချယ်ဆီးအသင်း ဝက်စ်ဘရွန်းကို (၃-၃) နဲ့ သရေကျခဲ့တဲ့ပွဲ လူစာရင်းကနေ လည်း ချန်လှပ်ထားခံခဲ့ရပါတယ်။

ချယ်ဆီးအသင်းဟာ ဇူးမားအတွက် တန်ကြေး ပေါင် ၃၆ သန်း သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ ဇူးမားနဲ့ ချယ်ဆီး အသင်းရဲ့ လက်ရှိ စာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။