ခ်ယ္ဆီးအသင္း ျပန္လာႏုိင္ဖိုဖ႔ မန္ေနဂ်ာလမ္းပတ္ရဲ႕ တိုက္တြန္းခဲ့မႈကို ေအဘရာဟမ္ ထုတ္ေဖာ္

ခ်ယ္ဆီးနဲ႔ ဝက္ဘရြန္းတို႔ ၃-၃ သေရက်တဲ့ပြဲမွာ အသင္းက အႏုိင္ရလဒ္ မရယူႏုိင္ခဲ့ေပမယ့္ ရမွတ္အတြက္ေတာ့ ျပန္ျပီး ၾကိဳးစားႏုိင္ခဲ့ပါတယ္လို႔ တိုက္စစ္မွဴး ေအဘရာဟမ္က ထုတ္ေျပာလိုက္ပါတယ္။

ပထမပိုင္းမွာ ခ်ယ္ဆီးဟာ အမွားေတြ မ်ားမႈနဲ႔အတူ ၃-၀ ဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္ခဲ့တာပါ။ ဒါေပမယ့္လို႔ ဒုတိယပိုင္း မစခင္မွာ လမ္းပတ္ရဲ႕ အၾကံေပး တိုက္တြန္းစကားနဲ႔အတူ မန္ေနဂ်ာရဲ႕ လူစားလဲမႈ မွန္ကန္ျခင္းေတြက ခ်ယ္ဆီးကို သေရရမွတ္အတြက္ ျပန္လည္ တုန္႔ျပန္ႏုိင္ဖို႔ အက်ိဳးျဖစ္ေစခဲ့တယ္။

ေအဘရာဟမ္က “ ကြၽန္ေတာ္တို႔အားလုံးရဲ႕ ေခါင္းေတြ ငိုက္စိုက္ေနၾကျပီး မန္ေနဂ်ာက က်ေနာ္တို႔ကို ဦးေမာ့လာေစခဲ့တာပါ။ မန္ေနဂ်ာက ကြင္းထဲကို ျပန္ဝင္ျပီး အႏုိင္ယူမယ့္ အေနအထားမ်ိဳး အသင္းထံမွာ မျမင္ရေၾကာင္းနဲ႔ အသင္းေဖာ္ေတြ တစ္ဦးနဲ႔တစ္ဦး တြဲေခၚျပီး ကစားၾကဖို႔ တိုက္တြန္းခဲ့ပါတယ္ ” လို႔ ရွင္းျပခဲ့တယ္။

ခ်ယ္ဆီးအသင္းက ဒုတိယပိုင္းမွာေတာ့ ေျခပဂိုး ၃ ဂိုးလံုး ျပန္ရယူခဲ့တာေၾကာင့္ ပြဲအျပီးမွာ ၃-၃ ရလဒ္ ထြက္ေပၚခဲ့တယ္။ ဒီပြဲမွာ ထူးျခားမႈကေတာ့ ေျခပဂိုး ရယူေပးခဲ့တဲ့ ကစားသမားေတြ အားလံုးက ခ်ယ္ဆီး အကယ္ဒမီထြက္ေတြ ျဖစ္ခဲ့ၾကပါတယ္။

ခ်ယ္ဆီးအကယ္ဒမီထြက္ တုိက္စစ္မွဴး ေအဘရာဟမ္က “ ဘာပဲ ျဖစ္ျဖစ္ ေမဆန္ရဲ႕ သြင္းဂိုးအတြက္ ေက်းဇူးတင္ပါတယ္။ ဒီဂိုးက ကြၽန္ေတာ္တို႔ကို အားတက္ေစခဲ့တာ အမွန္ပါ။ ဒါေပမယ့္ သြင္းဂိုး ၃ ဂိုး ျပန္သြင္းဖို႔က ဘယ္လိုမွ မလြယ္ကူခဲ့ပါဘူး။ အသင္းသားေတြ အားလုံး အသိအမွတ္ျပဳ ခံရထိုက္ပါတယ္။ ” လို႔ ဆက္လက္ ေျပာဆိုပါတယ္။

ချယ်ဆီးနဲ့ ဝက်ဘရွန်းတို့ ၃-၃ သရေကျတဲ့ပွဲမှာ အသင်းက အနိုင်ရလဒ် မရယူနိုင်ခဲ့ပေမယ့် ရမှတ်အတွက်တော့ ပြန်ပြီး ကြိုးစားနိုင်ခဲ့ပါတယ်လို့ တိုက်စစ်မှူး အေဘရာဟမ်က ထုတ်ပြောလိုက်ပါတယ်။

ပထမပိုင်းမှာ ချယ်ဆီးဟာ အမှားတွေ များမှုနဲ့အတူ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာပါ။ ဒါပေမယ့်လို့ ဒုတိယပိုင်း မစခင်မှာ လမ်းပတ်ရဲ့ အကြံပေး တိုက်တွန်းစကားနဲ့အတူ မန်နေဂျာရဲ့ လူစားလဲမှု မှန်ကန်ခြင်းတွေက ချယ်ဆီးကို သရေရမှတ်အတွက် ပြန်လည် တုန့်ပြန်နိုင်ဖို့ အကျိုးဖြစ်စေခဲ့တယ်။

အေဘရာဟမ်က “ ကျွန်တော်တို့အားလုံးရဲ့ ခေါင်းတွေ ငိုက်စိုက်နေကြပြီး မန်နေဂျာက ကျနော်တို့ကို ဦးမော့လာစေခဲ့တာပါ။ မန်နေဂျာက ကွင်းထဲကို ပြန်ဝင်ပြီး အနိုင်ယူမယ့် အနေအထားမျိုး အသင်းထံမှာ မမြင်ရကြောင်းနဲ့ အသင်းဖော်တွေ တစ်ဦးနဲ့တစ်ဦး တွဲခေါ်ပြီး ကစားကြဖို့ တိုက်တွန်းခဲ့ပါတယ် ” လို့ ရှင်းပြခဲ့တယ်။

ချယ်ဆီးအသင်းက ဒုတိယပိုင်းမှာတော့ ခြေပဂိုး ၃ ဂိုးလုံး ပြန်ရယူခဲ့တာကြောင့် ပွဲအပြီးမှာ ၃-၃ ရလဒ် ထွက်ပေါ်ခဲ့တယ်။ ဒီပွဲမှာ ထူးခြားမှုကတော့ ခြေပဂိုး ရယူပေးခဲ့တဲ့ ကစားသမားတွေ အားလုံးက ချယ်ဆီး အကယ်ဒမီထွက်တွေ ဖြစ်ခဲ့ကြပါတယ်။

ချယ်ဆီးအကယ်ဒမီထွက် တိုက်စစ်မှူး အေဘရာဟမ်က “ ဘာပဲ ဖြစ်ဖြစ် မေဆန်ရဲ့ သွင်းဂိုးအတွက် ကျေးဇူးတင်ပါတယ်။ ဒီဂိုးက ကျွန်တော်တို့ကို အားတက်စေခဲ့တာ အမှန်ပါ။ ဒါပေမယ့် သွင်းဂိုး ၃ ဂိုး ပြန်သွင်းဖို့က ဘယ်လိုမှ မလွယ်ကူခဲ့ပါဘူး။ အသင်းသားတွေ အားလုံး အသိအမှတ်ပြု ခံရထိုက်ပါတယ်။ ” လို့ ဆက်လက် ပြောဆိုပါတယ်။