ခ်ယ္ဆီး အသင္းထံ ေရာက္လာရတာ အိပ္မက္တစ္ခုလိုပဲ ဆိုတဲ့ ဂိုးသမားသစ္ မန္ဒီ

ခ်ယ္ဆီး အသင္းဟာ ရန္းနက္စ္ဂိုးသမား မန္ဒီကို ဒီေႏြရာသီ စတန္းဖိုဒ့္ဘရစ္ခ်္ဆီကို (၇) ေယာက္ေျမာက္ေသာ ကစားသမားေခၚယူမႈအျဖစ္ အျပီးသတ္ ေခၚယူလိုက္ႏိုင္ျပီ ျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ဂိုးသမားကို လီဂူး ၁ ကလပ္ အသင္းကေန ေပါင္ ၂၂ သန္းနဲ႔ ေခၚယူလိုက္ႏိုင္ခဲ့ေၾကာင္း ဒီေန႔မွာ တရား၀င္ အတည္ျပဳနုိင္ခဲ့တာ ျဖစ္ပါတယ္။

“ ခ်ယ္ဆီး အသင္းကို ေျပာင္းေရႊ႕ရတဲ့အတြက္ အရမ္းကို စိတ္လႈပ္ရွားမိပါတယ္။ ဒီလုိ အသင္းမ်ိဳး ၊ ဒီလိုနည္းျပမ်ိဳး နဲ႔ လက္တြဲရတာက ကၽြန္ေတာ့္အတြက္ အိပ္မက္ တစ္ခုလို မ်ိဳး ျဖစ္ေနပါတယ္။ အသင္းေဖာ္အသစ္ေတြနဲ႔ ေတြ႕ဆံုျပီး ကစားခြင့္ရဖို႔ ေစာင့္မေနႏိုင္ေတာ့ပါဘူး” လို႔ မန္ဒီက အသင္းရဲ႕ တရား၀င္ ၀က္ဘ္ဆုိဒ့္ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဇီယက္၊ တီမိုဗာနာ၊ ဘင္ခ်ီ၀ဲလ္၊ မာလန္းဆား၊ သီယာဂိုေဆးလ္ဗား နဲ႔ ကိုင္ဟာဗက္ဇ္တို႔ကို မန္ဒီကို မေခၚယူခင္ ေခၚယူထားပါေသးတယ္။

မန္ဒီကို ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ အသင္းမွာ အမွားမ်ားေနတဲ့ ဂိုးသမား ကီပါ ေနရာကို အစားထိုးရန္ ေမွ်ာ္လင့္ျပီး ေခၚယူခဲ့တာျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ (၃၈) ပြဲမွာ (၅၄) ဂိုးအထိ ေပးခဲ့ရျပီး လမ္းပတ္က မန္ဒီဟာ အဆိုပါ အားနည္းတဲ့ မွတ္တမ္းကို ေခ်ဖ်က္ႏိုင္ေစခ်င္လို႔ ေခၚယူခဲ့တာပါ။

Unicode

ချယ်ဆီး အသင်းဟာ ရန်းနက်စ်ဂိုးသမား မန်ဒီကို ဒီနွေရာသီ စတန်းဖိုဒ့်ဘရစ်ချ်ဆီကို (၇) ယောက်မြောက်သော ကစားသမားခေါ်ယူမှုအဖြစ် အပြီးသတ် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ဂိုးသမားကို လီဂူး ၁ ကလပ် အသင်းကနေ ပေါင် ၂၂ သန်းနဲ့ ခေါ်ယူလိုက်နိုင်ခဲ့ကြောင်း ဒီနေ့မှာ တရားဝင် အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ ချယ်ဆီး အသင်းကို ပြောင်းရွှေ့ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီလို အသင်းမျိုး ၊ ဒီလိုနည်းပြမျိုး နဲ့ လက်တွဲရတာက ကျွန်တော့်အတွက် အိပ်မက် တစ်ခုလို မျိုး ဖြစ်နေပါတယ်။ အသင်းဖော်အသစ်တွေနဲ့ တွေ့ဆုံပြီး ကစားခွင့်ရဖို့ စောင့်မနေနိုင်တော့ပါဘူး” လို့ မန်ဒီက အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ့်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ဇီယက်၊ တီမိုဗာနာ၊ ဘင်ချီဝဲလ်၊ မာလန်းဆား၊ သီယာဂိုဆေးလ်ဗား နဲ့ ကိုင်ဟာဗက်ဇ်တို့ကို မန်ဒီကို မခေါ်ယူခင် ခေါ်ယူထားပါသေးတယ်။

မန်ဒီကို ချယ်ဆီးနည်းပြ လမ်းပတ်ဟာ အသင်းမှာ အမှားများနေတဲ့ ဂိုးသမား ကီပါ နေရာကို အစားထိုးရန် မျှော်လင့်ပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် (၃၈) ပွဲမှာ (၅၄) ဂိုးအထိ ပေးခဲ့ရပြီး လမ်းပတ်က မန်ဒီဟာ အဆိုပါ အားနည်းတဲ့ မှတ်တမ်းကို ချေဖျက်နိုင်စေချင်လို့ ခေါ်ယူခဲ့တာပါ။