ဂုိးသမားသစ္ မန္ဒီကို ရျပီးေနာက္ ကီပါကို အငွားလႊတ္ရန္ ခ်ယ္ဆီး လႈပ္ရွားေန

ေႏြ ရာသီ အေျပာင္းအေရႊ႕မွာ ေပါင္သန္း ၂၀၀ ေက်ာ္အကုန္အက်ခံၿပီး ကစားသမားသစ္ေတြ ေခၚယူထားတဲ့ ခ်ယ္ဆီး ဟာ ၇ ေယာက္ေျမာက္ ကစားသမားသစ္ ေခၚယူမႈအျဖစ္ ရန္းနက္စ္ကဂိုးသမား မန္ဒီကို ေပါင္ ၂၂ သန္းနဲ႔ အၿပီးသတ္ေခၚယူခဲ့အၿပီး မွာေတာ့ လက္စြမ္းက်ဆင္းမႈေၾကာင့္ ေဝဖန္ခံေနရတဲ့ ကမၻာ့ေစ်းအၾကီးဆံုးဂိုးသမား ကီပါကို အဌားခ်ဖို႔ လုပ္ေဆာင္ေန တယ္လို႔ သိရပါတယ္။

ခ်ယ္ဆီး အသင္းဟာ အေစာပိုင္းကတည္းက ကီပါရဲ႕ေနရာအတြက္ ဂိုးသမားသစ္တစ္ဦး ေခၚယူဖို႔ ရွာေဖြေနတာျဖစ္ၿပီး အက္သလက္တီကို ဂိုးသမား ေအာ့ဘလက္ခ္၊ ဘာစီလိုနာက တာစတီဂန္နဲ႔ ယူႏုိက္တက္ကေန ရွက္ဖီးယူႏိုက္တက္ကို အဌားခ်ခဲ့တဲ့ ဒင္း ဟန္ဒါဆန္တို႔ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ေခၚယူႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။

ခ်ယ္ဆီး ရဲ႕ ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ကီပါအေနနဲ႔ ဦးစားေပး ဂိုးသမားအျဖစ္ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ မန္ဒီ ေရာက္လာျပီးေနာက္ အဌားခ်ခံရဖို႔ သတင္းေတြထြက္ေနပါတယ္။ နည္းျပ လမ္းပတ္က ကီပါရဲ႕အမွားေတြအတြက္ စိတ္ရွည္ၿပီး ေစာင့္ဆုိင္းခဲ့ေပမယ့္ ကစားသမားအေနနဲ႔ နဂိုလက္စြမ္းကို ျပန္ရလာျခင္းမရွိတာေၾကာင့္ အခုလို အဌားခ်ဖို႔ ျပင္ဆင္လာတာ ျဖစ္တယ္လို႔ အဂၤလန္သတင္းဌာနေတြက ဆိုပါတယ္။

ကီပါအေနနဲ႔ ဒီရာသီကစားခဲ့တဲ့ ဘရိုက္တန္၊ လီဗာပူးတို႔နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာလည္း အမွားေတြ က်ဴးလြန္ခဲ့တယ္လို႔ ေ၀ဖန္မႈေတြ ခံယူေနရပါတယ္။ အသက္ ၂၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ ကီပါကို သူရဲ႕အသင္းေဟာင္းျဖစ္တဲ့ ဘီလ္ဘာအိုက အဌားနဲ႔ျပန္လည္ေခၚယူဖို႔အတြက္ စိတ္ ဝင္စားေနတယ္လို႔လည္း သိရပါတယ္။

ေဘာလံုး သံုးသပ္သူေတြျဖစ္တဲ့ လီဗာပူးေနာက္ခံလူေဟာင္း ကာ ေရဂါနဲ႔ ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္တို႔ကလည္း ခ်ယ္ဆီး အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူဖို႔ ဆိုရင္ ဂိုးသမားေနရာမွာ ကီပါကို အသံုးျပဳလို႔ မရဘူးလို႔လည္း ေထာက္ျပ ေ၀ဖန္ထားခဲ့ၾကပါတယ္။

Unicode

နွေ ရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ကျော်အကုန်အကျခံပြီး ကစားသမားသစ်တွေ ခေါ်ယူထားတဲ့ ချယ်ဆီး ဟာ ၇ ယောက်မြောက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ရန်းနက်စ်ကဂိုးသမား မန်ဒီကို ပေါင် ၂၂ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့အပြီး မှာတော့ လက်စွမ်းကျဆင်းမှုကြောင့် ဝေဖန်ခံနေရတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမား ကီပါကို အဌားချဖို့ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

ချယ်ဆီး အသင်းဟာ အစောပိုင်းကတည်းက ကီပါရဲ့နေရာအတွက် ဂိုးသမားသစ်တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေတာဖြစ်ပြီး အက်သလက်တီကို ဂိုးသမား အော့ဘလက်ခ်၊ ဘာစီလိုနာက တာစတီဂန်နဲ့ ယူနိုက်တက်ကနေ ရှက်ဖီးယူနိုက်တက်ကို အဌားချခဲ့တဲ့ ဒင်း ဟန်ဒါဆန်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ချယ်ဆီး ရဲ့ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကီပါအနေနဲ့ ဦးစားပေး ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မန်ဒီ ရောက်လာပြီးနောက် အဌားချခံရဖို့ သတင်းတွေထွက်နေပါတယ်။ နည်းပြ လမ်းပတ်က ကီပါရဲ့အမှားတွေအတွက် စိတ်ရှည်ပြီး စောင့်ဆိုင်းခဲ့ပေမယ့် ကစားသမားအနေနဲ့ နဂိုလက်စွမ်းကို ပြန်ရလာခြင်းမရှိတာကြောင့် အခုလို အဌားချဖို့ ပြင်ဆင်လာတာ ဖြစ်တယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဆိုပါတယ်။

ကီပါအနေနဲ့ ဒီရာသီကစားခဲ့တဲ့ ဘရိုက်တန်၊ လီဗာပူးတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း အမှားတွေ ကျူးလွန်ခဲ့တယ်လို့ ဝေဖန်မှုတွေ ခံယူနေရပါတယ်။ အသက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ ကီပါကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘီလ်ဘာအိုက အဌားနဲ့ပြန်လည်ခေါ်ယူဖို့အတွက် စိတ် ဝင်စားနေတယ်လို့လည်း သိရပါတယ်။

ဘောလုံး သုံးသပ်သူတွေဖြစ်တဲ့ လီဗာပူးနောက်ခံလူဟောင်း ကာ ရေဂါနဲ့ ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်တို့ကလည်း ချယ်ဆီး အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ ဆိုရင် ဂိုးသမားနေရာမှာ ကီပါကို အသုံးပြုလို့ မရဘူးလို့လည်း ထောက်ပြ ဝေဖန်ထားခဲ့ကြပါတယ်။