အိုဒြိဳင္း ေျပာင္းလာေတာ့မယ္လို႔ တထစ္ခ် ယံုၾကည္ေနတဲ့ ဘိုင္ယန္ျမဴးနစ္ အသင္းသားမ်ား

ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ခ်ယ္ဆီးေတာင္ပံၾကယ္ပြင့္ ဟတ္ဒ္ဆန္အိုဒြိဳင္းကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနခ်ိန္မွာ အသင္းသားအမ်ားစုက ခ်ယ္ဆီးၾကယ္ပြင့္ ေရာက္လာလိမ့္မယ္လို႔ ေမွ်ာ္မွန္းထားၿပီးျဖစ္တယ္လို႔ အဂၤလန္သတင္းဌာနေတြက ေဖာ္ထုတ္ခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ကစားသမားဟာ ျပင္းထန္တဲ့ဒဏ္ရာျပႆနာကေန ျပန္လည္ေကာင္းမြန္လာၿပီးကတည္းက နည္းျပ လမ္းပတ္ရဲ႕ ပြဲထြက္ ကစားသမား စာရင္းထဲကို ဝင္ေရာက္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ယခုေႏြရာသီမွာ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို နာမည္ႀကီး ကစားသမားအမ်ားအျပား ထပ္မံ ေရာက္ရွိလာခဲ့ၿပီးေနာက္ ပြဲထြက္ခြင့္ရဖို႔ ပိုမိုေဝးကြာလာခဲ့တာျဖစ္ပါတယ္။

ဟတ္ဒ္ဆန္အိုဒြိဳင္းဟာ ၿပီးခဲ့တဲ့ လီဗာပူးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ခြင့္ မရရွိခဲ့ဘဲ ဘ႐ိုက္တန္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာလည္း အရန္ခုံကေနသာ လူစားဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

အိုဒြိဳင္းဟာ ၎ရဲ႕ ပြဲကစားခ်ိန္မရွိမႈေၾကာင့္ စိုးရိမ္ပူပင္မႈေတြ ျမင့္တက္ေနမယ္လို႔ ယုံၾကည္ရၿပီး အထူးသျဖင့္ ဟာကင္ဇီယက္နဲ႔ ပူလီဆစ္တို႔ ဒဏ္ရာကေန ျပန္လည္သက္သာလာရင္ ၎ရဲ႕ ပြဲထြက္ခြင့္ဟာ ဒီထက္ေတာင္ ပိုၿပီး အကန႔္အသတ္ရွိလာဖြယ္ရွိေနတာျဖစ္ပါတယ္။

ဟတ္ဒ္ဆန္အိုဒြိဳင္းရဲ႕ကိုယ္စားလွယ္ေတြက ၎ရဲ႕အနာဂတ္အတြက္ ခ်ယ္ဆီးအသင္းနဲ႔ ေတြ႕ဆုံေဆြးေႏြးခ်င္ေနၿပီး လမ္းပတ္က လာမယ့္ ေႏြရာသီမွာ ယူ႐ိုၿပိဳင္ပြဲရွိေနတာေၾကာင့္ အိုဒြိဳင္းကို ပုံမွန္ပြဲကစားခ်ိန္ရေအာင္ အငွားနဲ႔ေတာ့ ထြက္ခြာခြင့္ျပဳသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ ခ်ယ္ဆီးဆယ္ေက်ာ္သက္ၾကယ္ပြင့္ကို အရင္ကတည္းက စိတ္ဝင္စားခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းက ၂၀၂၀-၂၀၂၁ ရာသီအငွားနဲ႔ ေခၚယူႏိုင္ဖို႔အတြက္ ေရပန္းအစားဆုံးအသင္းအျဖစ္ ေပၚထြက္လာခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိဥေရာပခ်န္ပီယံဟာ လြန္ခဲ့တဲ့ ၁၈ လေလာက္ကတည္းက ဟတ္ဒ္ဆန္အိုဒြိဳင္းကို ေခၚယူႏိုင္ခဲ့ရမွာလို႔ ထင္ျမင္ခဲ့တာျဖစ္ၿပီး အိုဒြိဳင္းဟာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အစပိုင္းမွာျငင္းပယ္ခဲ့ေပမယ့္ လမ္းပတ္ လက္ေအာက္မွာ အခြင့္အေရး ပိုမိုရလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေနာက္ဆုံးမွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့သူျဖစ္ပါတယ္။

Unicode

ဘိုင်ယန်မြူးနစ် အသင်းဟာ ချယ်ဆီးတောင်ပံကြယ်ပွင့် ဟတ်ဒ်ဆန်အိုဒွိုင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေချိန်မှာ အသင်းသားအများစုက ချယ်ဆီးကြယ်ပွင့် ရောက်လာလိမ့်မယ်လို့ မျှော်မှန်းထားပြီးဖြစ်တယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ထုတ်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြင်းထန်တဲ့ဒဏ်ရာပြဿနာကနေ ပြန်လည်ကောင်းမွန်လာပြီးကတည်းက နည်းပြ လမ်းပတ်ရဲ့ ပွဲထွက် ကစားသမား စာရင်းထဲကို ဝင်ရောက်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ယခုနွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို နာမည်ကြီး ကစားသမားအများအပြား ထပ်မံ ရောက်ရှိလာခဲ့ပြီးနောက် ပွဲထွက်ခွင့်ရဖို့ ပိုမိုဝေးကွာလာခဲ့တာဖြစ်ပါတယ်။

ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ပြီးခဲ့တဲ့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ခွင့် မရရှိခဲ့ဘဲ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာလည်း အရန်ခုံကနေသာ လူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အိုဒွိုင်းဟာ ၎င်းရဲ့ ပွဲကစားချိန်မရှိမှုကြောင့် စိုးရိမ်ပူပင်မှုတွေ မြင့်တက်နေမယ်လို့ ယုံကြည်ရပြီး အထူးသဖြင့် ဟာကင်ဇီယက်နဲ့ ပူလီဆစ်တို့ ဒဏ်ရာကနေ ပြန်လည်သက်သာလာရင် ၎င်းရဲ့ ပွဲထွက်ခွင့်ဟာ ဒီထက်တောင် ပိုပြီး အကန့်အသတ်ရှိလာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဟတ်ဒ်ဆန်အိုဒွိုင်းရဲ့ကိုယ်စားလှယ်တွေက ၎င်းရဲ့အနာဂတ်အတွက် ချယ်ဆီးအသင်းနဲ့ တွေ့ဆုံဆွေးနွေးချင်နေပြီး လမ်းပတ်က လာမယ့် နွေရာသီမှာ ယူရိုပြိုင်ပွဲရှိနေတာကြောင့် အိုဒွိုင်းကို ပုံမှန်ပွဲကစားချိန်ရအောင် အငှားနဲ့တော့ ထွက်ခွာခွင့်ပြုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ ချယ်ဆီးဆယ်ကျော်သက်ကြယ်ပွင့်ကို အရင်ကတည်းက စိတ်ဝင်စားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းက ၂၀၂၀-၂၀၂၁ ရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံးအသင်းအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိဥရောပချန်ပီယံဟာ လွန်ခဲ့တဲ့ ၁၈ လလောက်ကတည်းက ဟတ်ဒ်ဆန်အိုဒွိုင်းကို ခေါ်ယူနိုင်ခဲ့ရမှာလို့ ထင်မြင်ခဲ့တာဖြစ်ပြီး အိုဒွိုင်းဟာ ချယ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အစပိုင်းမှာငြင်းပယ်ခဲ့ပေမယ့် လမ်းပတ်လက်အောက်မှာ အခွင့်အရေး ပိုမိုရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်ဆုံးမှာ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။