၀ါရင့္ခံစစ္မွဴး သီယာဂို ေဆးဗားကို ဘယ္ေတာ့ ပြဲထုတ္မလဲ နည္းျပ လမ္းပတ္ အသိေပး

ခ်ယ္ဆီးနည္းျပ လမ္းပတ္က ေနာက္ခံလူသစ္ သီယာဂို ေဆးလ္ဗားဟာ အခုအပတ္မွာကစားမယ့္ ဘန္စေလအသင္းနဲ႔ လိဂ္ဖလားပြဲစဥ္မွာ ပါဝင္လာမယ္လို႔ အရိပ္အႁမြက္ အသိေပး ေျပာၾကားလိုက္ပါတယ္။

အသက္ ၃၅ ႏွစ္ အရြယ္ ၀ါရင့္ခံစစ္မွဴးၾကီး ဟာ ၾသဂုတ္လက ပီအက္စ္ဂ်ီအသင္းကေန အလြတ္နဲ႔ ခ်ယ္ဆီးအသင္းထံ ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ပါတယ္။ သီယာဂိုဟာ တနဂၤေႏြေန႔က လီဗာပူးအသင္းကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲကို ပြဲၾကည့္စင္ကေန လာေရာက္ၾကည့္ရႈခဲ့ပါတယ္။

လမ္းပတ္ကေတာ့ ဘန္စေလနဲ႔ပြဲမွာ ဘရာဇီးသား ေနာက္ခံလူကို ထည့္သြင္းကစားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ဘန္ခ်ီဝဲလ္ နဲ႔ ဇီယက္ခ်္တို႔ရဲ႕ အေျခအေနေတြကိုေတာ့ ေစာင့္ၾကည့္ဆဲ ျဖစ္ျပီး မၾကာခင္မွာ ပါဝင္ႏိုင္မယ္လို႔ ဆိုခဲ့ပါတယ္။

“သီယာဂိုက အဆင္ေျပေနပါတယ္။ သူူအခုေတာ့ ႀကံ့ခိုင္မႈျပည့္ေနပါၿပီ။ အျခားသူေတြလည္း မၾကာခင္ ျပန္လာေတာ့မွာပါ”လို႔ လမ္းပတ္က ေျပာပါတယ္။ တီမိုဝါနာ နဲ႔ ကိုင္ဟာဗက္ဇ္တို႔ ၂ ဦးစလုံးကေတာ့ ၂ ပြဲစလုံးပါဝင္ကစားခဲ့ပါတယ္။

သီယာဂို ေဆးလ္ဗားကလည္း သူဟာ ခ်ယ္ဆီး အသင္းရဲ႕ အနာဂတ္ စီမံကိန္းေတြကို ႀကိဳက္လို႔ ေျပာင္းလာခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္ ခ်ယ္ဆီး ကိုေျပာင္းလာတာက အနာဂတ္စီမံကိန္းေတြကို သေဘာက်လို႔ပါ။ အားလုံးကလည္း ကြၽန္ေတာ့္ကို ေႏြးေထြးစြာ ၾကိဳဆိုၾကပါတယ္။ ခ်ယ္ဆီးက ကမာၻေပၚက အေကာင္းဆုံး အသင္း တစ္သင္းပါ။ လူငယ္ေျခတက္ေတြလည္း အမ်ားႀကီးရွိေနပါတယ္။ ဒီရာသီမွာ ေအာင္ျမင္မႈ တစ္ခုခုရႏိုင္မယ္လို႔ ထင္ပါတယ္”လို႔ သီယာဂိုက ေျပာၾကားခဲ့ပါတယ္။

Unicode

ချယ်ဆီးနည်းပြ လမ်းပတ်က နောက်ခံလူသစ် သီယာဂို ဆေးလ်ဗားဟာ အခုအပတ်မှာကစားမယ့် ဘန်စလေအသင်းနဲ့ လိဂ်ဖလားပွဲစဉ်မှာ ပါဝင်လာမယ်လို့ အရိပ်အမြွက် အသိပေး ပြောကြားလိုက်ပါတယ်။

အသက် ၃၅ နှစ် အရွယ် ဝါရင့်ခံစစ်မှူးကြီး ဟာ သြဂုတ်လက ပီအက်စ်ဂျီအသင်းကနေ အလွတ်နဲ့ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ သီယာဂိုဟာ တနင်္ဂနွေနေ့က လီဗာပူးအသင်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲကို ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုခဲ့ပါတယ်။

လမ်းပတ်ကတော့ ဘန်စလေနဲ့ပွဲမှာ ဘရာဇီးသား နောက်ခံလူကို ထည့်သွင်းကစားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘန်ချီဝဲလ် နဲ့ ဇီယက်ချ်တို့ရဲ့ အခြေအနေတွေကိုတော့ စောင့်ကြည့်ဆဲ ဖြစ်ပြီး မကြာခင်မှာ ပါဝင်နိုင်မယ်လို့ ဆိုခဲ့ပါတယ်။

“သီယာဂိုက အဆင်ပြေနေပါတယ်။ သူူအခုတော့ ကြံ့ခိုင်မှုပြည့်နေပါပြီ။ အခြားသူတွေလည်း မကြာခင် ပြန်လာတော့မှာပါ”လို့ လမ်းပတ်က ပြောပါတယ်။ တီမိုဝါနာ နဲ့ ကိုင်ဟာဗက်ဇ်တို့ ၂ ဦးစလုံးကတော့ ၂ ပွဲစလုံးပါဝင်ကစားခဲ့ပါတယ်။

သီယာဂို ဆေးလ်ဗားကလည်း သူဟာ ချယ်ဆီး အသင်းရဲ့ အနာဂတ် စီမံကိန်းတွေကို ကြိုက်လို့ ပြောင်းလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော် ချယ်ဆီး ကိုပြောင်းလာတာက အနာဂတ်စီမံကိန်းတွေကို သဘောကျလို့ပါ။ အားလုံးကလည်း ကျွန်တော့်ကို နွေးထွေးစွာ ကြိုဆိုကြပါတယ်။ ချယ်ဆီးက ကမ္ဘာပေါ်က အကောင်းဆုံး အသင်း တစ်သင်းပါ။ လူငယ်ခြေတက်တွေလည်း အများကြီးရှိနေပါတယ်။ ဒီရာသီမှာ အောင်မြင်မှု တစ်ခုခုရနိုင်မယ်လို့ ထင်ပါတယ်”လို့ သီယာဂိုက ပြောကြားခဲ့ပါတယ်။