ချယ်ဆီး အားနည်းနေတဲ့ အချက်နဲ့ အဓိက အားကောင်းမှု တစ်ခုကို တိုက်စစ်မှူးမူလာ ထုတ်ဖော်

ဘိုင္ယန္ျမဴနစ္ တိုက္စစ္သမား မူလာက ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ရင္ဆုိင္ေတြ႔ေနတဲ့ ခ်ယ္ဆီးအသင္းဟာ စြမ္းေဆာင္ရည္ေတြ သိပ္ေကာင္းေနတ့ဲ အသင္းမဟုတ္မွန္း သူသိေပမယ့္ တိုက္စစ္သမားေကာင္းေတြ ပိုင္ဆုိင္ထားတယ္လို႔ ဆိုပါတယ္။

မေန႔ညက ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ မဲခြဲမႈေတြ လုပ္ခဲ့ျပီျဖစ္ျပီး ခ်ယ္ဆီးဟာ ဂ်ာမနီကလပ္ ဘိုင္ယန္ျမဴနစ္နဲ႔ အတြဲက်ခဲ့တာပါ။ ဘိုင္ယန္ဟာ ျပည္တြင္းအမွတ္ေပးပြဲေတြမွာ ရုန္းကန္ေနရေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ရလဒ္ေတြ ေကာင္းမြန္ေနတာ ျဖစ္ပါတယ္။

မူလာက ” ေနာက္အဆင့္မွာ ဘာျဖစ္မယ္ဆိုတာကို သိရတာအတြက္ က်ေနာ္တို႔ ေပ်ာ္မိပါတယ္။ ဘာမွ ေသခ်ာတာ မရွိပါဘူး။ ခ်န္ပီယံလိဂ္ ၁၆ သင္း ရံွဴးထြက္ကို ေရာက္လာတဲ့ အသင္းတိုင္းက ဥေရာပအဆင့္မွီတဲ့ အရည္အခ်င္းေတြ ရွိၾကတဲ့ ကလပ္ေတြခ်ည္းပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔က ယံုၾကည္မႈ ရွိပါတယ္။ က်ေန္ာတုိ႔က်တဲ့ အတြဲအတြက္လည္း အရမ္းကို ခံစားမႈေကာင္းေနပါတယ္။

ခ်ယ္ဆီးရဲ႕ လက္ရွိ အေနအထား အေၾကာင္းေတာ့ အမ်ားၾကီး မသိပါဘူး။ သူတို႔ရဲ႕ ေနာက္ဆံုး ရလဒ္ကိုေတာ့ သိထားျပီး အရမ္းၾကီးလည္း ေကာင္းမေနဘူးဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ သူတို႔အေၾကာင္း အမ်ားၾကီး မသိတာကို ဝန္ခံပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးမွာ ေကာင္းမြန္တဲ့ တိုက္စစ္သမားေတြ ရွိပါတယ္။ ဥပမာ အိုဒိြဳင္းနဲ႔ ပူလီဆစ္တို႔လို အရည္အခ်င္းေတြ အမ်ားၾကီးရွိတဲ့ ကစားသမားေတြေပါ့။ ဒါေပမယ့္ ေဘာလံုးမွာက တစ္ဦးတစ္ေယာက္ ေကာင္းေနတာက အေရးမပါပါဘူး။ စြမ္းေဆာင္ရည္ကပဲ အေရးအၾကီးဆံုး ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ ႏွစ္သင္း တစ္ၾကိမ္ ျပန္ဆံုေတြ႔ၾကတာျဖစ္ျပီး အဲ့တုန္းကေတာ့ ပြဲခ်ိန္တြင္း ၁-၁ သေရက်ကာ ပင္နယ္တီမွာ ခ်ယ္ဆီးက အႏုိင္ရျပီး ကလပ္အသင္းသမိုင္း ပထမဆံုး ဆုဖလားကို ကိုင္ေျမာက္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

UNICODE

ဘိုင်ယန်မြူနစ် တိုက်စစ်သမား မူလာက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရင်ဆိုင်တွေ့နေတဲ့ ချယ်ဆီးအသင်းဟာ စွမ်းဆောင်ရည်တွေ သိပ်ကောင်းနေတဲ့ အသင်းမဟုတ်မှန်း သူသိပေမယ့် တိုက်စစ်သမားကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

မနေ့ညက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုတွေ လုပ်ခဲ့ပြီဖြစ်ပြီး ချယ်ဆီးဟာ ဂျာမနီကလပ် ဘိုင်ယန်မြူနစ်နဲ့ အတွဲကျခဲ့တာပါ။ ဘိုင်ယန်ဟာ ပြည်တွင်းအမှတ်ပေးပွဲတွေမှာ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်မှာတော့ ရလဒ်တွေ ကောင်းမွန်နေတာ ဖြစ်ပါတယ်။

မူလာက ” နောက်အဆင့်မှာ ဘာဖြစ်မယ်ဆိုတာကို သိရတာအတွက် ကျနော်တို့ ပျော်မိပါတယ်။ ဘာမှ သေချာတာ မရှိပါဘူး။ ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်ကို ရောက်လာတဲ့ အသင်းတိုင်းက ဥရောပအဆင့်မှီတဲ့ အရည်အချင်းတွေ ရှိကြတဲ့ ကလပ်တွေချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ယုံကြည်မှု ရှိပါတယ်။ ကျနေ်ာတို့ကျတဲ့ အတွဲအတွက်လည်း အရမ်းကို ခံစားမှုကောင်းနေပါတယ်။

ချယ်ဆီးရဲ့ လက်ရှိ အနေအထား အကြောင်းတော့ အများကြီး မသိပါဘူး။ သူတို့ရဲ့ နောက်ဆုံး ရလဒ်ကိုတော့ သိထားပြီး အရမ်းကြီးလည်း ကောင်းမနေဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် သူတို့အကြောင်း အများကြီး မသိတာကို ဝန်ခံပါတယ်။

ဒါပေမယ့် ချယ်ဆီးမှာ ကောင်းမွန်တဲ့ တိုက်စစ်သမားတွေ ရှိပါတယ်။ ဥပမာ အိုဒွိုင်းနဲ့ ပူလီဆစ်တို့လို အရည်အချင်းတွေ အများကြီးရှိတဲ့ ကစားသမားတွေပေါ့။ ဒါပေမယ့် ဘောလုံးမှာက တစ်ဦးတစ်ယောက် ကောင်းနေတာက အရေးမပါပါဘူး။ စွမ်းဆောင်ရည်ကပဲ အရေးအကြီးဆုံး ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် နှစ်သင်း တစ်ကြိမ် ပြန်ဆုံတွေ့ကြတာဖြစ်ပြီး အဲ့တုန်းကတော့ ပွဲချိန်တွင်း ၁-၁ သရေကျကာ ပင်နယ်တီမှာ ချယ်ဆီးက အနိုင်ရပြီး ကလပ်အသင်းသမိုင်း ပထမဆုံး ဆုဖလားကို ကိုင်မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။