ကလပ်များကမ္ဘာဖလား၊ ချန်ပီယံလိဂ်၊ ကာရာဘောင်း ကိစ္စတွေနဲ့ လီဗာပူးနံနက်ခင်းသတင်းများ









UNICODE

လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ် ပရိသတ်တွေကပေးတဲ့ FSA Player of the Year award ဆုကို မဲပေါင်း ၃၄၀၀၀၀ ကျော်ရရှိကာ အနီးကပ်ပြိုင်ဘက် စတာလင်ကို ကျော်ဖြတ်ပြီး ရှိခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က သူကိုယ်တိုင်နဲ့ အသင်းသားအားလုံးဟာ လူငယ်အသင်းတွေ ကလပ်ကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ကာရာဘောင်းပွဲကို ဒိုဟာကနေ ကြည့်ရှုအားပေးမယ်လို့ ကြေညာခဲ့ပြီး ရဲရင့်စွာ ပေါက်ကွဲကစားကြမယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပါတယ်။

ဒိုဟာက လီဗာပူးအသင်း လေ့ကျင့်ရေး အစီအစဉ်မှာ ဗဟိုခံစစ်မှူးဗန်ဒိုက် ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒဏ်ရာပြဿနာကြောင့် မဟုတ်ပေမယ့် မပါဝင်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အသင်းဖော်တွေထဲက ဘယ်သူပဲ ဒဏ်ရာရပါစေ ပွဲထွက်လူစာရင်းမှာ ပါလာတဲ့အခါ တည်ငြိမ်တဲ့ ခြေစွမ်း ပြသနိုင်ဖို့က အသင်းအတွက် အရေးအကြီးဆုံးဖြစ်ကြောင်း အသင်းဖော်တွေကို သတိပေးစကား ပြောခဲ့ပပါတယ်။

ဒဏ်ရာကြောင့် မဲဝုဒ်မှာ ကျန်နေခဲ့တဲ့ လိုဗရန်က သူဒဏ်ရာရခဲ့တာက အချိန်ကောင်း မဟုတ်ဘူးဆိုတာ နားလည်ပေမယ့် ပိုသန်မာစွာ ပြန်လာနိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ကလပ်များကမ္ဘာဖလားမှာ အသင်းဖော်တွေ ကံကောင်းကြပါစေလို့ ဆုတောင်းပေးသွားပါတယ်။

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က ကလပ်များကမ္ဘာဖလားဟာ အသင်း ပါဝင်ယှဉ်ပြိုင်နေကျ ပြိုင်ပွဲမဟုတ်တာကြောင့် ဒီဖလားကို အကောင်းဆုံး ယှဉ်ပြိုင်ပြီး ၂၀၁၉ ခုနှစ်ထဲမှာ အသင်းအတွက် ဆုဖလားအောင်မြင်မှု နောက်တစ်ခုကို ထပ်တိုးစေဖို့ စိတ်ပြင်းပြနေပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လီဗာပူးနဲ့ အတွဲကျတာအတွက် တီကိုမန်နေဂျာ ဆီမြွန်နီက အခန်းထဲ ပတ်ပြေးနေရလောက်အောင် ပျော်နေမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။ သူကပဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက တီကိုကွင်းမှာ အိမ်ရှင်အသင်း အဝတ်လဲခန်းကို အသုံးပြုခဲ့ရတာက အတော်ကောင်းပြီး ဒီတစ်ကြိမ်လည်း ပေးသုံးမယ်ဆိုရင် သိပ်ကောင်းမယ်လို့ အရွှင်ဖောက်ခဲ့ပါသေးတယ်။

ဘာစီလိုနာ ကစားသမားဟောင်းကြီး ဇာဗီက လက်ရှိ ယာဂင်ကလော့ပ် ကိုင်တွယ်နေတဲ့ လီဗာပူးအသင်းဟာ အရမ်းကို ထူးချွန်တဲ့ အသင်းဖြစ်ပြီး ပြီးပြည့်စုံသလောက်ရှိတဲ့ အသင်းတစ်သင်းအဖြစ် ချီးကျူးသွားခဲ့ပါတယ်။