ချန်ပီယံလိဂ်မှာ လီဗာပူးနဲ့တွေ့လို့ ဆီမြွန်နီလည်း ပျော်နေမယ် မထင်ပါဘူး လို့ ကလော့ပ် ဆို

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆သင္း ရွံဳးထြက္အဆင့္မွာ လာလီဂါကလပ္ အက္သလက္တီကို မက္ဒရစ္နဲ႕ ရင္ဆိုင္ရမွာ ျဖစ္ေၾကာင္း မဲခြဲရလဒ္ ထြက္ေပၚလာခဲ့ပါတယ္။ လီဗာပူးဟာ ခက္ခဲတဲ့ျပိဳင္ဘက္နဲ႕ ေတြ႔ရတာ ျဖစ္တယ္လို႔ ယာဂင္ကေလာ့ပ္က သိထားျပီး အက္သလက္တီကို နည္းျပ ဆီျမြန္နီ အေနနဲ႕လည္း လက္ရွိ ခ်န္ပီယံနဲ႕ ေတြ႔ရလို႔ စိတ္ပ်က္ေနမွာ ျဖစ္တယ္လို႔ ကေလာ့ပ္က မွတ္ခ်က္ ျပဳလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ အုပ္စု ဗိုလ္အျဖစ္နဲ႕ ေနာက္တစ္ဆင့္ တက္သြားခဲ့တာ ျဖစ္ျပီး ျပီးခဲ့တဲ့ ရာသီ ဗိုလ္လုပြဲမွာ အက္သကလက္တီကို မက္ဒရစ္ အိမ္ကြင္းမွာပဲ စပါးနဲ႕ ကစားကာ ဗိုလ္စြဲခဲ့တာ ျဖစ္ပါတယ္။ ဒီတၾကိမ္မွာေတာ့ အက္သလက္တီကို အသင္းကို ျပိဳင္ဘက္ အျဖစ္နဲ႕ ေအာင္ေျမဆီ ျပန္သြားကစားရေတာ့မွာပါ။

” စိတ္၀င္စားဖို႔ ေကာင္းတဲ့ မဲခြဲရလဒ္ပါ။ ဒီပြဲ မတိုင္ခင္က က်ေနာ္ မက္ဒရစ္ကို သြားရလိမ့္မယ္လုိ႔ တကယ္ထင္ေနခဲ့တာ။ မက္ဒရစ္ နွစ္သင္းထဲက တစ္သင္းနဲ႕ ဆံုေလာက္တယ္ေပါ့။ တကယ္လည္း ျဖစ္လာတာပဲ။ မက္ဒရစ္ျမိဳ႕ကေတာ့ က်ေန္ာတို႔အတြက္ အမွတ္တရေကာင္းေတြ ရွိထားတာပါ။ ဒီေတာ့ သိပ္ေကာင္းတာေပါ့။ ဒီတခါ ျပိဳင္ဘက္ကေတာ့ အက္သလက္တီကို ျဖစ္ျပီး သူတို႔ အိမ္ကြင္း သြား ကစားရေတာ့မယ္။ ”

” ဒီအဆင့္က ခက္ခဲပါတယ္။ ဒါေပမယ့္ မဲခြဲတာေတြ ၾကည့္ရင္ ဗိုလ္လုပြဲ ေရာက္နိုင္ေျခ ရွိတဲ့ ေလး ငါးသင္းေလာက္ ဒီအဆင့္မွာ ေတြ႔ရမယ္ ဒီေတာ့ ခက္ခဲမွာပဲ။ ဒါက သိပ္လည္း ေကာင္းတဲ့ အတြဲအဖက္ပါ။ ဒီပြဲက ခက္ခဲလိမ့္မယ္။ ဒါေပမယ့္ မစၥတာ ဆီျမြန္နီလည္း လီဗာပူးနဲ႕ ေတြ႔ရလို႔ ေပ်ာ္တယ္ဆိုျပီး ျဖစ္ေနမွာေတာ့ မဟုတ္ဘူး။ ”

” နွစ္သင္းလံုးက ေဘာလံုးကို ဖိဖိစီးစီး ကစားတဲ့ အသင္းေတြ ျဖစ္တယ္။ ပံုစံ နည္းနည္း ကြဲေပမယ့္ အားထုတ္ ကစားတာျခင္းက ဆင္တူတယ္။ ဒါကပဲ နွစ္ဘက္လံုးကို ပို ခက္ခဲေစမွာပါ။ ” လို႔ ကေလာ့ပ္က သံုးသပ္သြားပါတယ္။

ခ်န္ပီယံလိဂ္ ရွံဳးထြက္အဆင့္မွာ အဂၤလန္အသင္းေတြက ခက္ခဲတဲ့ ျပိဳင္ဘက္ေတြနဲ႕ ဆံုေနတာ ျဖစ္ျပီး လီဗာပူးရဲ႕ ျပည္တြင္း ျပိဳင္ဘက္ မန္စီးတီးကလည္း ၁၃ ၾကိမ္ ဥေရာပမွာ ဗိုလ္စြဲထားတဲ့ ရီးရဲလ္မက္ဒရစ္နဲ႕ ကစားရမွာ ျဖစ္ပါတယ္။

Unicode – လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း မဲခွဲရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးဟာ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ တွေ့ရတာ ဖြစ်တယ်လို့ ယာဂင်ကလော့ပ်က သိထားပြီး အက်သလက်တီကို နည်းပြ ဆီမြွန်နီ အနေနဲ့လည်း လက်ရှိ ချန်ပီယံနဲ့ တွေ့ရလို့ စိတ်ပျက်နေမှာ ဖြစ်တယ်လို့ ကလော့ပ်က မှတ်ချက် ပြုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အုပ်စု ဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့် တက်သွားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ဗိုလ်လုပွဲမှာ အက်သကလက်တီကို မက်ဒရစ် အိမ်ကွင်းမှာပဲ စပါးနဲ့ ကစားကာ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ အက်သလက်တီကို အသင်းကို ပြိုင်ဘက် အဖြစ်နဲ့ အောင်မြေဆီ ပြန်သွားကစားရတော့မှာပါ။

” စိတ်ဝင်စားဖို့ ကောင်းတဲ့ မဲခွဲရလဒ်ပါ။ ဒီပွဲ မတိုင်ခင်က ကျနော် မက်ဒရစ်ကို သွားရလိမ့်မယ်လို့ တကယ်ထင်နေခဲ့တာ။ မက်ဒရစ် နှစ်သင်းထဲက တစ်သင်းနဲ့ ဆုံလောက်တယ်ပေါ့။ တကယ်လည်း ဖြစ်လာတာပဲ။ မက်ဒရစ်မြို့ကတော့ ကျနေ်ာတို့အတွက် အမှတ်တရကောင်းတွေ ရှိထားတာပါ။ ဒီတော့ သိပ်ကောင်းတာပေါ့။ ဒီတခါ ပြိုင်ဘက်ကတော့ အက်သလက်တီကို ဖြစ်ပြီး သူတို့ အိမ်ကွင်း သွား ကစားရတော့မယ်။ ”

” ဒီအဆင့်က ခက်ခဲပါတယ်။ ဒါပေမယ့် မဲခွဲတာတွေ ကြည့်ရင် ဗိုလ်လုပွဲ ရောက်နိုင်ခြေ ရှိတဲ့ လေး ငါးသင်းလောက် ဒီအဆင့်မှာ တွေ့ရမယ် ဒီတော့ ခက်ခဲမှာပဲ။ ဒါက သိပ်လည်း ကောင်းတဲ့ အတွဲအဖက်ပါ။ ဒီပွဲက ခက်ခဲလိမ့်မယ်။ ဒါပေမယ့် မစ္စတာ ဆီမြွန်နီလည်း လီဗာပူးနဲ့ တွေ့ရလို့ ပျော်တယ်ဆိုပြီး ဖြစ်နေမှာတော့ မဟုတ်ဘူး။ ”

” နှစ်သင်းလုံးက ဘောလုံးကို ဖိဖိစီးစီး ကစားတဲ့ အသင်းတွေ ဖြစ်တယ်။ ပုံစံ နည်းနည်း ကွဲပေမယ့် အားထုတ် ကစားတာခြင်းက ဆင်တူတယ်။ ဒါကပဲ နှစ်ဘက်လုံးကို ပို ခက်ခဲစေမှာပါ။ ” လို့ ကလော့ပ်က သုံးသပ်သွားပါတယ်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ အင်္ဂလန်အသင်းတွေက ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ဆုံနေတာ ဖြစ်ပြီး လီဗာပူးရဲ့ ပြည်တွင်း ပြိုင်ဘက် မန်စီးတီးကလည်း ၁၃ ကြိမ် ဥရောပမှာ ဗိုလ်စွဲထားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။