ယူရိုပါလိဂ္နဲ႔ အဲဗာတန္ပြဲေတြမွာ ယူႏုိက္တက္အတြက္ ဂိုးေတြ သြင္းယူေပးခဲ့တဲ့ ဂရင္းဝုဒ္ဟာ ထိပ္တန္း ဂိုးသြင္းစြမ္းရည္ေတြ ပိုင္ဆုိင္ထားတယ္လို႔ ခံစစ္သမားေဟာင္းၾကီး နဗီးက ထုတ္ေဖာ္ေျပာဆိုပါတယ္။
ဒီရာသီမွာ သြင္းဂိုး ၆ ဂိုးထိ ရယူထားတဲ့ တိုက္စစ္သမား ဂရင္းဝုဒ္ဟာ ကလပ္အသင္း အကယ္ဒမီထြက္ေတြထဲမွာ ပြဲအမ်ားဆံုး ကစားထားရျပီး အလားအလာေကာင္းေတြ ပိုင္ဆုိင္ထားသူျဖစ္တယ္။ တူညီတဲ့ အသက္အရြယ္မွာ ယူႏုိကတ္က္ ဂႏၱဝင္ေဟာင္း ရြန္းနီထက္ေတာင္ ပိုမို အလားအလာေကာင္းသူလို႔ မန္ေနဂ်ာဆိုးရွားက ဆိုထားပါေသးတယ္။
နဗီးက ” ဂရင္းဝုဒ္ကို က်ေနာ္ သေဘာက်တယ္။ ၁၈ ႏွစ္သားအရြယ္မွာတင္ သူျပေနတဲ့ အဆံုးသတ္ စြမ္းရည္ေတြက အေတာ္ေလးကို ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။ သူက ဝါရင့္တိုက္စစ္သမား တစ္ဦးလိုပါပဲ။ ေမဆန္ရဲ႕ အဆံုးသတ္စြမ္းရည္ဟာ မားရပ္ထက္ေတာင္ ပိုေကာင္းေနတယ္လို႔ က်ေနာ္ ထင္ပါတယ္။
မန္ေနဂ်ာဆိုးရွားကလည္း ဒီအခ်က္ကို သိမွာျဖစ္ျပီး သူကလည္း ေမဆန္ကို ပြဲထြက္ခြင့္ေတြ ေပးဖို႔ စဥ္းစားေနမယ္လို႔ က်ေနာ္ ထင္ပါတယ္။ အသင္းရဲ႕ အကယ္ဒမီကစားသမားေတြ ေျခစြမ္းျပေနတာက အေတာ္ကို အားရဖို႔ေကာင္းတယ္။
ယူႏုိက္တက္အေနနဲ႔ ထိပ္တန္းအဆင့္မွာ ရွိေနဖို႔ ထိပ္တန္း ကစားသမားေကာင္းေတြကို အင္အားျဖည့္ဖို႔ လိုပါတယ္။ လူငယ္ကစားသမားေတြကို အခြင့္အေရး ေပးမႈနဲ႔အတူ အေတြ႔အၾကံဳရွိတဲ့ ကစားသမားေတြကိုလည္း ေခၚယူသြားရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
UNICODE
ယူရိုပါလိဂ်နဲ့ အဲဗာတန်ပွဲတွေမှာ ယူနိုက်တက်အတွက် ဂိုးတွေ သွင်းယူပေးခဲ့တဲ့ ဂရင်းဝုဒ်ဟာ ထိပ်တန်း ဂိုးသွင်းစွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်လို့ ခံစစ်သမားဟောင်းကြီး နဗီးက ထုတ်ဖော်ပြောဆိုပါတယ်။
ဒီရာသီမှာ သွင်းဂိုး ၆ ဂိုးထိ ရယူထားတဲ့ တိုက်စစ်သမား ဂရင်းဝုဒ်ဟာ ကလပ်အသင်း အကယ်ဒမီထွက်တွေထဲမှာ ပွဲအများဆုံး ကစားထားရပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်တယ်။ တူညီတဲ့ အသက်အရွယ်မှာ ယူနိုကတ်က် ဂန္တဝင်ဟောင်း ရွန်းနီထက်တောင် ပိုမို အလားအလာကောင်းသူလို့ မန်နေဂျာဆိုးရှားက ဆိုထားပါသေးတယ်။
နဗီးက ” ဂရင်းဝုဒ်ကို ကျနော် သဘောကျတယ်။ ၁၈ နှစ်သားအရွယ်မှာတင် သူပြနေတဲ့ အဆုံးသတ် စွမ်းရည်တွေက အတော်လေးကို ချီးကျူးဖို့ ကောင်းပါတယ်။ သူက ဝါရင့်တိုက်စစ်သမား တစ်ဦးလိုပါပဲ။ မေဆန်ရဲ့ အဆုံးသတ်စွမ်းရည်ဟာ မားရပ်ထက်တောင် ပိုကောင်းနေတယ်လို့ ကျနော် ထင်ပါတယ်။
မန်နေဂျာဆိုးရှားကလည်း ဒီအချက်ကို သိမှာဖြစ်ပြီး သူကလည်း မေဆန်ကို ပွဲထွက်ခွင့်တွေ ပေးဖို့ စဉ်းစားနေမယ်လို့ ကျနော် ထင်ပါတယ်။ အသင်းရဲ့ အကယ်ဒမီကစားသမားတွေ ခြေစွမ်းပြနေတာက အတော်ကို အားရဖို့ကောင်းတယ်။
ယူနိုက်တက်အနေနဲ့ ထိပ်တန်းအဆင့်မှာ ရှိနေဖို့ ထိပ်တန်း ကစားသမားကောင်းတွေကို အင်အားဖြည့်ဖို့ လိုပါတယ်။ လူငယ်ကစားသမားတွေကို အခွင့်အရေး ပေးမှုနဲ့အတူ အတွေ့အကြုံရှိတဲ့ ကစားသမားတွေကိုလည်း ခေါ်ယူသွားရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။